အိမ်မြေပိုင်ဆိုင်မှုကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း

အိမ်မြေပိုင်ဆိုင်မှုကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
3 Jul 2020 1:19 pm တွင် တင်ခဲ့သည်
2664 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

''အခက်အခဲရှိတိုင်း သူငယ်ချင်းဆီ မကြာခဏ လာပြီး အပူကပ်သလို ဖြစ်နေတယ်''

မိတ်ဆွေ တစ်ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး စကားပလ္လင်ခံလိုက်ခြင်းဖြစ်သည်။

''ရပါတယ် သူငယ်ချင်း၊ ပြဿနာမရှိပါဘူး။ အခုဘာအခက်အခဲတွေ့နေပြန်ပြီလဲ''

စာရေးသူက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

''ဇနီးသည်ဘက်မှ ဆွေမျိုးတစ်ဦးက မြေနဲ့အိမ်ကို ဝယ်ဖို့ သွားစုံစမ်းတော့ မြေပိုင်ရှင်ညီမ နှစ်ယောက်မှာ အစ်မဖြစ်သူက သူ မကွယ်လွန်မီမှာ သူ့ရဲ့ ဝေစုကို ပူးတွဲ ပိုင်ရှင်ညီမထံ ကျမ်းကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ် ပြုလုပ်ပေးခဲ့တယ်''

''နေပါဦး သူငယ်ချင်းရဲ့ ပြောစကားအရ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ်နှစ်မျိုး ရှိတယ်ပေါ့''

စာရေးသူက မိတ်ဆွေ၏ စကားမဆုံးမီမှာဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။

''နှစ်မျိုးရှိတဲ့ သဘောတော့ မဟုတ်ဘူး။ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာလို့ပဲ ပြောတယ်''

''ဒါဆိုရင် မှတ်ပုံတင် စွန့်လွှတ်စာချုပ် မပြုလုပ်မီမှာ အစ်မ ဖြစ်သူက ကွယ်လွန်သွားတဲ့ သဘော ဖြစ်မယ်''

''ဒီလိုလည်း မဟုတ်ဘူး''

''သူငယ်ချင်းကိစ္စက ရှုပ်သွားပြီ''

''သူတို့ ပြောတာတော့ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာကို မှတ်ပုံတင်ထားတယ်လို့ ပြောတယ်၊ အဲဒါ မိမိကိုယ်တိုင်လည်း မရှင်းလို့ သူငယ်ချင်းဆီလာမေးတာပဲ''

''ရှင်းပါတယ်။ စွန့်လွှတ်ကြောင်း မှတ်ပုံတင်ထားတဲ့ ကျမ်းကျိန်လွှာပဲရှိတာပေါ့''

''အဲဒီ စွန့်လွှတ်ကြောင်း မှတ်ပုံတင် ကျမ်းကျိန်လွှာက တရားဝင် ဖြစ်မဖြစ် သိချင်လို့''

''မောင်နှမမွေးချင်းမှာ မြေကွက်အမည်ပေါက်နှစ်ဦးတည်းသာ ရှိမယ်ဆိုရင်တော့ စွန့်လွှတ်စာချုပ်ကို လုပ်ဖို့ မလိုပါဘူး''

''အေး ဟုတ်ပြီ၊ သူငယ်ချင်း ပြောမှ သဘောပေါက်လာတယ်၊ အခု အငယ်ဆုံး မောင်ဖြစ်သူက ကန့်ကွက်ထားတယ်လို့ ပြောတယ်။ အဲဒါဘယ်လို အခြေအနေမျိုးဖြစ်လာနိုင်သလဲလို့''

''အငယ်ဆုံးမောင်ဆိုရင်တော့ အစ်မကြီးရဲ့ အမွေကို ခံစားခွင့် ရနိုင်တာပေါ့''

''နားမလည်လို့ ရှင်းပြပါအုံး သူငယ်ချင်း''

''ဒီလိုကွာ၊ အခုကိစ္စက မောင် နှမ သုံးဦးရှိမယ်။ အစ်မနှစ်ယောက်ရဲ့ အမည်နဲ့ မြေကွက်အမည် ပေါက်နေတယ်။ အဆောက် အအုံလည်းရှိမယ်။ အဲဒါနဲ့ ကွယ်လွန်သွားတဲ့ အစ်မကြီးက ခင်ပွန်း သားသမီး မရှိဘူးလား''

''ကွယ်လွန်သွားတဲ့ အစ်မကြီး က အပျိုကြီးလို့ ပြောတယ်၊ ညီမ ဖြစ်သူကတော့ အိမ်ထောင်ရှိတယ်''

''ဒါကြောင့် အစ်မဖြစ်သူက သူ့ဝေစုကို ညီမဖြစ်သူထံပေးသွား ချင်တာဖြစ်မှာပေါ့၊ မောင်ဖြစ်သူ က အိမ်ထောင်ရှိလား''

''မောင်ဖြစ်သူကလည်း အိမ်ထောင်ရှိတယ်၊ သူနဲ့လက်ထပ်တဲ့ မိန်းကလေးကို မိဘတွေက မကျေနပ်လို့ အခုမြေနဲ့အိမ်ကို ညီမနှစ်ယောက်အမည်နဲ့ ပေးခဲ့တယ်လို့ ပြောတယ်''

''ဟုတ်ပြီ၊ သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် မှတ်ပုံတင်ပြုလုပ် ထားတဲ့ စွန့်လွှတ်ပေးကမ်းခဲ့ကြောင်း ကျမ်းကျိန်လွှာဟာ ဥပဒေအရ တရားဝင်ခြင်းရှိ၊ မရှိဆိုတဲ့ ပြဿနာ ဖြစ်နေတာပဲ မဟုတ်လား''

''အေး ဟုတ်တယ်၊ ဥပဒေ အရ တရားဝင်ပြီး ညီမဖြစ်သူ တစ်ဦးတည်းပိုင်ဖြစ်နိုင် မဖြစ်နိုင် သိချင်လို့ပဲ သူငယ်ချင်း''

''မေတ္တာနဲ့ ပေးကမ်းတာပဲ ဖြစ်ဖြစ်၊ ပူးတွဲပိုင်ရှင်က မိမိပိုင်ဝေစုကို အခြားပူးတွဲ ပိုင်ရှင်တစ်ဦးထံ စွန့်လွှတ်ပေးကမ်းတာပဲဖြစ်ဖြစ်၊ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေ အရ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်။ မှတ်ပုံတင်စာချုပ်ဟာ ကျမ်းကျိန်လွှာနဲ့ မတူဘူး။ လက်ခံသူက တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်။ ကျမ်းကျိန်လွှာကတော့ စာချုပ် မဟုတ်တဲ့အတွက်၊ ကျမ်းကျိန်လွှာအရ ပစ္စည်းလွှဲပြောင်း လက်ခံသူမှာ ပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ဘူး''

''သူငယ်ချင်းပြောစကား အရ ဆိုရင် အစ်မဖြစ်သူရဲ့ ပိုင်ဆိုင်မှုဟာ ညီမဆီရောက်ရှိပိုင်ဆိုင်ခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့''

''မှန်ပါတယ်။ ကျမ်းကျိန်လွှာအရ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက် အပျိုကြီးဖြစ်တဲ့ အစ်မကြီးရဲ့ ဝေစုကို မောင်အငယ်ကလည်း ရခွင့်ရှိသွားမှာ ဖြစ်တယ်''

''ကွယ်လွန်သူရဲ့ အစ်ကိုကြီး ရှိမယ်ဆိုရင် သူလည်း ရနိုင်တယ် ပေါ့''

''မြန်မာဗုဒ္ဓဘာသာဝင်ဆို ရင် မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ အရ အမွေဟာ အောက်ကိုပဲစုန်တယ်။ အောက်ကို စုန်ရမယ့် လူ မရှိမှ အထက်ကို ပြန်ဆန်လေ့ရှိတယ်''

''ဒါဆို အစ်ကိုကြီးဖြစ်သူက မရနိုင်ဘူးပေါ့''

''မှန်ပါတယ်။ အစ်မကြီးကလည်း အပျိုကြီးဖြစ်နေလို့။ အကယ်၍များ ခင်ပွန်း၊ သားသမီး ကျန်ခဲ့ရင် သူရဲ့ လင်ယောကျ်ားက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်''

''သူငယ်ချင်းရဲ့ ဆွေးနွေးချက် အရဆိုရင် ကျမ်းကျိန်လွှာမှာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမတင်ပဲထားသည်ဖြစ်စေ၊ စွန့်လွှတ်ကြောင်း ကျန်းကျိန်လွှာဟာ တရား မဝင်တဲ့သဘော ဖြစ်နေတာပေါ့''

"ခင်မောင်လတ်ပါ လေးဦးနှင့် ဒေါ်ခင်ခင်လှ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၂ စီရင်ထုံးမှာ ကျမ်းကျိန်လွှာသည် သက်သေခံဥပဒေပုဒ်မ ၃ တွင် ဖွင့်ဆိုထားသည့် သက်သေ အထောက်အထားဆိုသည့် စကားရပ်တွင် အကျုံးမဝင်သဖြင့် သက်သေခံအထောက်အထားအဖြစ် လက်ခံနိုင်မည် မဟုတ်ပေ။

ယခုအမှုတွင် ဒေါ်ခင်သန်းက အချင်းဖြစ်မြေကွက်မှ ပူးတွဲပိုင်ရှင် ဒေါ်ခင်ခင်လှထံ ၎င်းပိုင်ဆိုင်သည့် အစုကို စွန့်လွှတ်ပေးအပ်ခဲ့ကြောင်း စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ကျမ်းကျိန်လွှာပြုလုပ်ခ ဲ့သော်လည်း စွန့်လွှတ်ရာမရောက်၊ စွန့်လွှတ်မှုသည် အထမမြောက်ဟု ဆုံးဖြတ်ထားပါတယ်''

''ဒါဆို သေချာစိစစ်ကြည့်ဖို့ လိုပြီပေါ့''

''ဟုတ်ပါတယ်၊ ပေးကမ်းတာ ပဲဖြစ်ဖြစ်၊ စွန့်လွှတ်တာပဲဖြစ်ဖြစ် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်၊ မြေတို့ ဖြစ်ရင်တော့ ကျမ်းကျိန်လွှာဟာ ခိုင်မာမှု မရှိတဲ့အတွက် မှတ်ပုံတင် စာချုပ်ရုံးမှာ လိုအပ်တဲ့တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး စွန့်လွှတ်စာချုပ်၊ ပိုင်ဆိုင်ကြောင်း စာချုပ်တွေ ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်မှာဖြစ်လို့ အထူးသတိပြု ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေးအကြံပြုလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Zaygwet Journal ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ေျမပိုင္ဆုိင္မႈကို က်မ္းက်ိန္လႊာျဖင့္ လႊဲေျပာင္းခြင့္ မရွိျခင္း

''အခက္အခဲရွိတုိင္း သူငယ္ခ်င္းဆီ မၾကာခဏ လာၿပီး အပူကပ္သလုိ ျဖစ္ေနတယ္''

မိတ္ေဆြ တစ္ဦးက စာေရးသူ၏ ႐ုံးခန္းသုိ႔ ေရာက္ရွိလာၿပီး စကားပလႅင္ခံလုိက္ျခင္းျဖစ္သည္။

''ရပါတယ္ သူငယ္ခ်င္း၊ ျပႆနာမရွိပါဘူး။ အခုဘာအခက္အခဲေတြ႔ေနျပန္ၿပီလဲ''

စာေရးသူက ေမးခြန္းထုတ္လုိက္ျခင္းျဖစ္သည္။

''ဇနီးသည္ဘက္မွ ေဆြမ်ဳိးတစ္ဦးက ေျမနဲ႔အိမ္ကို ဝယ္ဖုိ႔ သြားစုံစမ္းေတာ့ ေျမပုိင္ရွင္ညီမ ႏွစ္ေယာက္မွာ အစ္မျဖစ္သူက သူ မကြယ္လြန္မီမွာ သူ႔ရဲ႕ ေဝစုကို ပူးတြဲ ပုိင္ရွင္ညီမထံ က်မ္းက်ိန္လႊာနဲ႔ စြန္႔လႊတ္စာခ်ဳပ္ ျပဳလုပ္ေပးခဲ့တယ္''

''ေနပါဦး သူငယ္ခ်င္းရဲ႕ ေျပာစကားအရ စြန္႔လႊတ္ေၾကာင္း က်မ္းက်ိန္လႊာနဲ႔ စြန္႔လႊတ္စာခ်ဳပ္ႏွစ္မ်ဳိး ရွိတယ္ေပါ့''

စာေရးသူက မိတ္ေဆြ၏ စကားမဆုံးမီမွာျဖတ္၍ ေမးလုိက္ျခင္းျဖစ္သည္။

''ႏွစ္မ်ဳိးရွိတဲ့ သေဘာေတာ့ မဟုတ္ဘူး။ စြန္႔လႊတ္ေၾကာင္း က်မ္းက်ိန္လႊာလုိ႔ပဲ ေျပာတယ္''

''ဒါဆုိရင္ မွတ္ပုံတင္ စြန္႔လႊတ္စာခ်ဳပ္ မျပဳလုပ္မီမွာ အစ္မ ျဖစ္သူက ကြယ္လြန္သြားတဲ့ သေဘာ ျဖစ္မယ္''

''ဒီလုိလည္း မဟုတ္ဘူး''

''သူငယ္ခ်င္းကိစၥက ႐ႈပ္သြားၿပီ''

''သူတုိ႔ ေျပာတာေတာ့ စြန္႔လႊတ္ေၾကာင္း က်မ္းက်ိန္လႊာကို မွတ္ပုံတင္ထားတယ္လုိ႔ ေျပာတယ္၊ အဲဒါ မိမိကိုယ္တုိင္လည္း မရွင္းလုိ႔ သူငယ္ခ်င္းဆီလာေမးတာပဲ''

''ရွင္းပါတယ္။ စြန္႔လႊတ္ေၾကာင္း မွတ္ပုံတင္ထားတဲ့ က်မ္းက်ိန္လႊာပဲရွိတာေပါ့''

''အဲဒီ စြန္႔လႊတ္ေၾကာင္း မွတ္ပုံတင္ က်မ္းက်ိန္လႊာက တရားဝင္ ျဖစ္မျဖစ္ သိခ်င္လုိ႔''

''ေမာင္ႏွမေမြးခ်င္းမွာ ေျမကြက္အမည္ေပါက္ႏွစ္ဦးတည္းသာ ရွိမယ္ဆုိရင္ေတာ့ စြန္႔လႊတ္စာခ်ဳပ္ကို လုပ္ဖုိ႔ မလုိပါဘူး''

''ေအး ဟုတ္ၿပီ၊ သူငယ္ခ်င္း ေျပာမွ သေဘာေပါက္လာတယ္၊ အခု အငယ္ဆုံး ေမာင္ျဖစ္သူက ကန္႔ကြက္ထားတယ္လုိ႔ ေျပာတယ္။ အဲဒါဘယ္လုိ အေျခအေနမ်ဳိးျဖစ္လာႏုိင္သလဲလုိ႔''

''အငယ္ဆုံးေမာင္ဆုိရင္ေတာ့ အစ္မႀကီးရဲ႕ အေမြကုိ ခံစားခြင့္ ရႏုိင္တာေပါ့''

''နားမလည္လုိ႔ ရွင္းျပပါအုံး သူငယ္ခ်င္း''

''ဒီလုိကြာ၊ အခုကိစၥက ေမာင္ ႏွမ သုံးဦးရွိမယ္။ အစ္မႏွစ္ေယာက္ရဲ႕ အမည္နဲ႔ ေျမကြက္အမည္ ေပါက္ေနတယ္။ အေဆာက္ အအုံလည္းရွိမယ္။ အဲဒါနဲ႔ ကြယ္လြန္သြားတဲ့ အစ္မႀကီးက ခင္ပြန္း သားသမီး မရွိဘူးလား''

''ကြယ္လြန္သြားတဲ့ အစ္မႀကီး က အပ်ဳိႀကီးလုိ႔ ေျပာတယ္၊ ညီမ ျဖစ္သူကေတာ့ အိမ္ေထာင္ရွိတယ္''

''ဒါေၾကာင့္ အစ္မျဖစ္သူက သူ႔ေဝစုကို ညီမျဖစ္သူထံေပးသြား ခ်င္တာျဖစ္မွာေပါ့၊ ေမာင္ျဖစ္သူ က အိမ္ေထာင္ရွိလား''

''ေမာင္ျဖစ္သူကလည္း အိမ္ေထာင္ရွိတယ္၊ သူနဲ႔လက္ထပ္တဲ့ မိန္းကေလးကို မိဘေတြက မေက်နပ္လုိ႔ အခုေျမနဲ႔အိမ္ကို ညီမႏွစ္ေယာက္အမည္နဲ႔ ေပးခဲ့တယ္လုိ႔ ေျပာတယ္''

''ဟုတ္ၿပီ၊ သူငယ္ခ်င္းရဲ႕ ေျပာစကားအရဆုိရင္ မွတ္ပုံတင္ျပဳလုပ္ ထားတဲ့ စြန္႔လႊတ္ေပးကမ္းခဲ့ေၾကာင္း က်မ္းက်ိန္လႊာဟာ ဥပေဒအရ တရားဝင္ျခင္းရွိ၊ မရွိဆုိတဲ့ ျပႆနာ ျဖစ္ေနတာပဲ မဟုတ္လား''

''ေအး ဟုတ္တယ္၊ ဥပေဒ အရ တရားဝင္ၿပီး ညီမျဖစ္သူ တစ္ဦးတည္းပုိင္ျဖစ္ႏုိင္ မျဖစ္ႏုိင္ သိခ်င္လုိ႔ပဲ သူငယ္ခ်င္း''

''ေမတၱာနဲ႔ ေပးကမ္းတာပဲ ျဖစ္ျဖစ္၊ ပူးတြဲပိုင္ရွင္က မိမိပုိင္ေဝစုကို အျခားပူးတြဲ ပိုင္ရွင္တစ္ဦးထံ စြန္႔လႊတ္ေပးကမ္းတာပဲျဖစ္ျဖစ္၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ ဥပေဒ အရ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိရမွာျဖစ္တယ္။ မွတ္ပုံတင္စာခ်ဳပ္ဟာ က်မ္းက်ိန္လႊာနဲ႔ မတူဘူး။ လက္ခံသူက တရားဝင္ပုိင္ဆုိင္ခြင့္ရမွာျဖစ္တယ္။ က်မ္းက်ိန္လႊာကေတာ့ စာခ်ဳပ္ မဟုတ္တဲ့အတြက္၊ က်မ္းက်ိန္လႊာအရ ပစၥည္းလႊဲေျပာင္း လက္ခံသူမွာ ပုိင္ဆုိင္ခြင့္ ရမွာ မဟုတ္ဘူး''

''သူငယ္ခ်င္းေျပာစကား အရ ဆုိရင္ အစ္မျဖစ္သူရဲ႕ ပိုင္ဆုိင္မႈဟာ ညီမဆီေရာက္ရွိပိုင္ဆုိင္ျခင္း မရွိဘူးဆုိတဲ့ သေဘာေပါ့''

''မွန္ပါတယ္။ က်မ္းက်ိန္လႊာအရ ပိုင္ဆုိင္ခြင့္မရွိတဲ့အတြက္ အပ်ဳိႀကီးျဖစ္တဲ့ အစ္မႀကီးရဲ႕ ေဝစုကို ေမာင္အငယ္ကလည္း ရခြင့္ရွိသြားမွာ ျဖစ္တယ္''

''ကြယ္လြန္သူရဲ႕ အစ္ကိုႀကီး ရွိမယ္ဆုိရင္ သူလည္း ရႏုိင္တယ္ ေပါ့''

''ျမန္မာဗုဒၶဘာသာဝင္ဆုိ ရင္ ျမန္မာ့ ဓေလ့ထုံးတမ္းဥပေဒ အရ အေမြဟာ ေအာက္ကိုပဲစုန္တယ္။ ေအာက္ကုိ စုန္ရမယ့္ လူ မရွိမွ အထက္ကို ျပန္ဆန္ေလ့ရွိတယ္''

''ဒါဆုိ အစ္ကိုႀကီးျဖစ္သူက မရႏုိင္ဘူးေပါ့''

''မွန္ပါတယ္။ အစ္မႀကီးကလည္း အပ်ဳိႀကီးျဖစ္ေနလုိ႔။ အကယ္၍မ်ား ခင္ပြန္း၊ သားသမီး က်န္ခဲ့ရင္ သူရဲ႕ လင္ေယာက်္ားက အေမြဆက္ခံခြင့္ရမွာ ျဖစ္တယ္''

''သူငယ္ခ်င္းရဲ႕ ေဆြးေႏြးခ်က္ အရဆုိရင္ က်မ္းက်ိန္လႊာမွာ မွတ္ပုံတင္ထားသည္ျဖစ္ေစ၊ မွတ္ပုံမတင္ပဲထားသည္ျဖစ္ေစ၊ စြန္႔လႊတ္ေၾကာင္း က်န္းက်ိန္လႊာဟာ တရား မဝင္တဲ့သေဘာ ျဖစ္ေနတာေပါ့''

"ခင္ေမာင္လတ္ပါ ေလးဦးႏွင့္ ေဒၚခင္ခင္လွ ၂ဝ၁၃ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၁၂ စီရင္ထုံးမွာ က်မ္းက်ိန္လႊာသည္ သက္ေသခံဥပေဒပုဒ္မ ၃ တြင္ ဖြင့္ဆုိထားသည့္ သက္ေသ အေထာက္အထားဆုိသည့္ စကားရပ္တြင္ အက်ဳံးမဝင္သျဖင့္ သက္ေသခံအေထာက္အထားအျဖစ္ လက္ခံႏုိင္မည္ မဟုတ္ေပ။

ယခုအမႈတြင္ ေဒၚခင္သန္းက အခ်င္းျဖစ္ေျမကြက္မွ ပူးတြဲပိုင္ရွင္ ေဒၚခင္ခင္လွထံ ၄င္းပုိင္ဆုိင္သည့္ အစုကို စြန္႔လႊတ္ေပးအပ္ခဲ့ေၾကာင္း စာခ်ဳပ္ စာတမ္းမွတ္ပုံတင္႐ုံး၌ က်မ္းက်ိန္လႊာျပဳလုပ္ခ ဲ့ေသာ္လည္း စြန္႔လႊတ္ရာမေရာက္၊ စြန္႔လႊတ္မႈသည္ အထမေျမာက္ဟု ဆုံးျဖတ္ထားပါတယ္''

''ဒါဆုိ ေသခ်ာစိစစ္ၾကည့္ဖုိ႔ လုိၿပီေပါ့''

''ဟုတ္ပါတယ္၊ ေပးကမ္းတာ ပဲျဖစ္ျဖစ္၊ စြန္႔လႊတ္တာပဲျဖစ္ျဖစ္ မေရႊ႕မေျပာင္းႏုိင္တဲ့ ပစၥည္း အိမ္၊ ေျမတုိ႔ ျဖစ္ရင္ေတာ့ က်မ္းက်ိန္လႊာဟာ ခုိင္မာမႈ မရွိတဲ့အတြက္ မွတ္ပုံတင္ စာခ်ဳပ္႐ုံးမွာ လုိအပ္တဲ့တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ၿပီး စြန္႔လႊတ္စာခ်ဳပ္၊ ပိုင္ဆုိင္ေၾကာင္း စာခ်ဳပ္ေတြ ခ်ဳပ္ဆုိမွ တရားဝင္ ပုိင္ဆုိင္မွာျဖစ္လုိ႔ အထူးသတိျပဳ ဝယ္သင့္တယ္ သူငယ္ခ်င္း''ဟု ေဆြးေႏြးအႀကံျပဳလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Zaygwet Journal ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service