မသိသူတွေ ကျော်သွားပေမယ့် သိသူတွေ ဝင်ထွက်နေကြသည့် အိုးအိမ်ရုံး

မသိသူတွေ ကျော်သွားပေမယ့် သိသူတွေ ဝင်ထွက်နေကြသည့် အိုးအိမ်ရုံး - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2020 3:28 pm တွင် တင်ခဲ့သည်
35808 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မကြာသေးမီ ရုံးဖွင့်ရက်က ရန်ကုန်မြို့၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ မြေကွက်ပါမစ်ရုံးသို့ မြေကွက်ပါမစ်လျှောက်ရန်အတွက် သွားရောက်ခဲ့သည်။ စာရေးသူရောက်သွားသည့် အချိန်မှာ နေ့လည်၁နာရီခန့်ဖြစ်သည်။ ရုံးအပြင်မှာရော၊ အတွင်းမှာပါ အမျိုးသား၊ အမျိုးသမီးတော်တော်များများမှာ ဖုန်းတဂွမ်ဂွမ်ဆက်၍ ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ရုံးပေါ်ပထမထပ် (မြေနှင့် အခွန်ဌာနခွဲ) အတွင်းဝင်လိုက်သည်နှင့် ဝန်ထမ်းများ၏စားပွဲတိုင်းတွင် ဧည့်သည်လေးငါးဦးက ဝန်းရံနေသည်ကို တွေ့ရသည်။

လာရောက်ကြသူများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အများဆုံးဖြစ်သည်။ အကြောင်းစုံကို စပ်စုကြည့်ရာ စာရေးသူကဲ့သို့ မြေချပါမစ်စလစ်(ဖြတ်ပိုင်း)စာရွက်မှ မြေချဓာတ်ပုံပါမစ် လျှောက်ထားသူအများစုကို တွေ့ရသည်။ ဒဂုံဆိပ်ကမ်းမြေကွက်စလစ် ကိုင်ဆောင်လာသူအများစုမှာ ယခင်က အခြားနေရာများတွင် အခြေချနေထိုင်ခဲ့သူများဖြစ်သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသည့် အဆောက်အဦးများ ဖယ်ရှားပေးရန် အကြောင်းကြားစာကို ပေးအပ်ကာ လက်လွှဲရောင်းချသူများလည်းရှိသည်။

များသောအားဖြင့် လက်ရှိနေထိုင်သူနှင့် ဝယ်ထားသူများမှာ မြေပါမစ်လျှောက်ထားခြင်းမရှိပဲ ဖော်ပြပါစာရွက် များကို ကိုင်ဆောင်ပြီး နေထိုင်ကြသူများဖြစ်သည်။ယခုအခါ မြေကွက်ဈေးများ တစ်ဟုန်ထိုးမြင့်တက်လာသည့် အခါမှ မြေချပါမစ်လုပ်လိုသူများ လာခြင်းဖြစ်သည်။ ၎င်းတို့နှင့် စာရေးသူမှာ အကြံတူချင်းမို့ လာဆုံကြခြင်း ဖြစ်သည်။

မြေစလစ်ကို အရပ်ကတိစာချုပ်နဲ့ မြေဝယ်ထားမိသူ

တာဝန်ရှိသူတစ်ဦးအား အိုးအိမ်ဦးစီးဌာနမှ ထုတ်ပေးထားသော ဒဂုံဆိပ်ကမ်းမြေတိုင်း၊ မြေကွက်များပါရှိသော စလစ်စာရွက်နှင့် စာရေးသူတစ်ဆင့် ဝယ်ယူထားသော အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ် (မူရင်း)တို့ကို ပြသလိုက်ရာ…

အစ်ကိုရဲ့ စလစ်စာရွက်က အရပ်ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ယူထားတာဆိုတော့ သက်ဆိုင်ရာ မြေယာရုံးခွဲရှိတဲ့ မြို့နယ်မှာမြေပါမစ်ထုတ်ပေးပါရန် လျှောက်ထားရမယ်။ လျှောက်ထားတဲ့အခါမှာ မူလအမည်ပေါက်ထံမှ အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူထားသူ ကျွန်တော်အမည်ဖြင့် မြေချပါမစ် ထုတ်ယူခွင့်ပြုပါရန် တင်ပြလျှောက်ထားရမယ်။

ဆက်လက်ဆောင်ရွက်ရမည်များကို အပိုင်း(၂)တွင် ထပ်မံဖော်ပြပေးသွားပါမည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ၏ အိမ်ခြံမြေရောင်းဝယ်ဌားသိထားရမည့် အချက်များမှဖော်ပြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service