အိမ်တွင်းယဉ်ကျေးမှု (၃၇) ချက်

အိမ်တွင်းယဉ်ကျေးမှု (၃၇) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jun 2020 11:56 am တွင် တင်ခဲ့သည်
1221 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

၁. မိမိခန္ဓာကိုယ်နှင့် အဝတ်အစားအသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသေသပ်မှုရှိရာ၏။

၂. မိမိနှင့် သင့်လျှော်သော နေရာတွင် နေရာ၏။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲ မသွားရာ။ သွားလျှင်လည်း မနီးလွန်း မဝေးလွန်း နေရာတွင် နေအပ်၏။

၃. ကြည်လင်သော မျက်နှာထား အမူအရာ ရှိအပ်၏။

၄. ကျယ်လောင်သော စကားမပြောရ။ ဆူညံခြင်း မရှိစေရ။

၅. လူငယ်အချင်းချင်း သင့်တင့်စွာ နေရာ၏။

၆. လူကြီးမိဘများ၏ အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။

၇. အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ (သို့) ခေါက်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျ ရှိစေရာ၏။

၈. အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။

၉. သူများမနှိုးမီ သင်နိုးလျှင် သတိပြုရာ၏။ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။

၁၀. ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှု မမှန်ဖြစ်တတ်သည်။

၁၁. တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဖက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဖက်ဖြင့် ပေးရာ၏။

၁၂. တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ ဖြစ်စေ ဝင်သည့်ထွက်သည့်အခါတိုင်း တံခါးကို ပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာ ပိတ်ရာ၏။

၁၃. အိမ်ကို ဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ ထားရာ၏။

၁၄. မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။

၁၅. အစာစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။

၁၆. အလျင်စလို မစားရာ။ စားလျှင်လည်း ဇွန်းသံ၊ ခွက်သံ မကြားအောင် စားရာ၏။ စားနေသူအချင်းချင်းကို မေးခွန်းများ မမေးရ။ မေးစရာရှိလျှင်လည်း တိုတိုသာမေးရာ၏။

၁၇. ထမင်းလုတ်မကြီးစေရ။ ထမင်းလုတ်နှင့် ထမင်းဝါးနေရင်း စကားမပြောရ။

၁၈. ထမင်းလုတ်အနီးသို့ မရောက်မီ ပါးစပ်ကို ဟ၍ မထားပါနှင့်။ ပျတ်ပျတ်မြည်အောင် မစားပါနှင့်။

၁၉. ဟင်းရည်သောက်လျှင် မမြည်စေရ။

၂၀. ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။

၂၁. ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။

၂၂. လက်ဖဝါးကို ဟင်းရည်မပေစေရ။ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို ဟင်းပေလက်နှင့် မနှိုက်ရ။

၂၃. ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့် ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။

၂၄. ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။ တံတောင်ဆစ်မတင်ရ။

၂၅. ခန္ဓာကိုယ်ကို တည့်မတ်စွာထိုင်၍ စားရာ၏။

၂၆. တစ်စုံတစ်ရာ အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။

၂၇. သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟတ်ခြင်းတို့ မပြုအပ်။

၂၈. ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွေ့ဒီရွေ့မလုပ်ရ။ (ဣန္ဒြေမရသော အပြုအမူဖြစ်သည်)

၂၉. သူတစ်ပါး၏ ထမင်းပန်းကန်၊ ဟင်းပန်းကန်နှင့် ပါးစပ်ကို မကြာခဏမကြည့်ရ၊ မလေ့လာရ။

၃၀. ထမင်းစားချိန်တွင် ဒေါသဖြစ်စရာ အကြောင်းအရာကိစ္စများကို မပြောရ။

၃၁. ထမင်းစားချိန်တွင် အစားသောက်နှင့်ပတ်သတ်၍ ပြစ်တင်ကဲ့ရဲ့ခြင်း မပြုရ။

၃၂. ဟင်းပေါ့ခြင်း၊ ဟင်းငန်ခြင်းစသော ကိစ္စများရှိသည့်အခါ ဟင်းချက်သူအား အပြစ်မတင်ပဲ နောက်တစ်ခါကျရင် မည်သို့မည်ပုံ ချက်ပေးပါရန် ဟင်းချက်သူ (မိခင်/ဖခင်/ဇနီး/ခင်ပွန်း/အစ်ကို/အစ်မ/အိမ်အကူ) တို့ကို ယဉ်ကျေးစွာ မေတ္တာရပ်ခံရာ၏။

၃၃. လူကြီးမိဘများ ဧည့်သည်များသည် ဘာကိုအလိုရှိသနည်းဟု သတိနှင့် ကြည့်ရာ၏။ သိလျှင် အသံမကြားစေရာဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။

၃၄. လက်ဖက်ရည် ကော်ဖီသောက်သော အခါ အောက်ခံ ပန်းခံပြားထဲတွင့် ထည့်၍ သောက်ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၎င်းပန်းကန်ပြားသည် ပန်းကန်လုံးကို သယ်ဆောင်ရန်နှင့် မဖိတ်စေရန်၊ မပေစေရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။ လက်ကို အပူလောင်ခြင်းမှလည်း ကာကွယ်ပေး၏။

၃၅. လက်ဖြင့် ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက်၍ မစားပါနှင့်။

၃၆. ဇွန်းဖြင့် ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက်၍ မစားပါနှင့်။

၃၇. ထမင်းစားစဉ် စကားများများ မပြောရ။ ကြည်လင်သော၊ ဒေါသကင်းသော မျက်နှာထားရာ၏။ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။

Credit: မှတ်စုကြမ်း ‪

[Zawgyi]

အိမ္တြင္းယဥ္ေက်းမႈ (၃၇) ခ်က္

၁. မိမိခႏၶာကိုယ္ႏွင့္ အဝတ္အစားအသံုးအေဆာင္ပစၥည္းမ်ား သန္႔ရွင္းေသသပ္မႈရွိရာ၏။

၂. မိမိနွင့္ သင့္ေလွ်ာ္ေသာ ေနရာတြင္ ေနရာ၏။ လူႀကီးမ်ား၊ ဧည့္သည္မ်ားထံသို႔ မေခၚဘဲ မသြားရာ။ သြားလွ်င္လည္း မနီးလြန္း မေဝးလြန္း ေနရာတြင္ ေနအပ္၏။

၃. ၾကည္လင္ေသာ မ်က္နွာထား အမူအရာ ရွိအပ္၏။

၄. က်ယ္ေလာင္ေသာ စကားမေျပာရ။ ဆူညံျခင္း မရွိေစရ။

၅. လူငယ္အခ်င္းခ်င္း သင့္တင့္စြာ ေနရာ၏။

၆. လူႀကီးမိဘမ်ား၏ အလုပ္ကို တတ္နိုင္သမွ် ကူညီရာ၏။

၇. အိပ္ရာကို သန့္ရွင္းေစရာ၏။ မျကာမျကာ ေနလွန္းရာ၏။ အိပ္ရာမွထလွ်င္ ျခင္ေထာင္ကို တင္၍ (သို႔) ေခါက္၍ ေစာင္၊ ေခါင္းအံုးတို႔ကို ေနရာတက် ရွိေစရာ၏။

၈. အိပ္ခန္းမွ မထြက္မီ ေနရာတက် ရွိမရွိ ျကည့္ရႈစီစဥ္ရာ၏။

၉. သူမ်ားမႏိႈးမီ သင္ႏိုးလွ်င္ သတိျပဳရာ၏။ အိပ္ေနေသာသူမ်ား မႏိုးေအာင္ သတိျပဳရာ၏။

၁၀. ေခါင္းအံုးသည္ မျမင့္လြန္းေစရာ၊ ျမင့္လြန္းက အသက္ရႈ မမွန္ျဖစ္တတ္သည္။

၁၁. တစ္စံုတစ္ရာကို လူၾကီးမ်ားကေပးလ်ွင္ လက္နွစ္ဖက္ျဖင့္ ခံယူရာ၏။ မိမိကေပးလ်ွင္လည္း လက္နွစ္ဖက္ျဖင့္ ေပးရာ၏။

၁၂. တံခါးရွိေသာ ျခံဝင္းအတြင္းသို႔ျဖစ္ေစ၊ အခန္းအတြင္းသို႔ ျဖစ္ေစ ဝင္သည့္ထြက္သည့္အခါတိုင္း တံခါးကို ပိတ္ရာ၏။ ဤသို႔ပိတ္သည့္အခါ အသံမျမည္ေအာင္ ျဖည္းညင္းစြာ ပိတ္ရာ၏။

၁၃. အိမ္ကို ဝင္ေသာအခါ ဖိနပ္တြင္ပါေသာ ဖုန္၊ အညစ္အေျကးတို႔ကို သင့္ေလ်ာ္ရာတြင္ သုတ္ခါ၍ ပစ္ခဲ့ပါ။ ဖိနပ္ကို ခၽြတ္သင့္ေသာေနရာတြင္ ခၽြတ္၍ ထားရာ၏။

၁၄. မိမိအိမ္သို့ေရာက္လွ်င္ စိုေသာဖိနပ္၊ ေျခအိတ္စသည္တို႔ကို ခ်က္ခ်င္းခၽြတ္၍ ထားရာ၏။ သို႔မဟုတ္ လဲလွယ္ရာ၏။

၁၅. အစာစားေသာအခါ အခ်ိန္မွန္စြာ စားရာ၏။ ျဖည္းျဖည္းစား၍ ညက္ညက္ဝါးရာ၏။

၁၆. အလ်င္စလို မစားရာ။ စားလ်ွင္လည္း ဇြန္းသံ၊ ခြက္သံ မၾကားေအာင္ စားရာ၏။ စားေနသူအခ်င္းခ်င္းကို ေမးခြန္းမ်ား မေမးရ။ ေမးစရာရွိလ်ွင္လည္း တိုတိုသာေမးရာ၏။

၁၇. ထမင္းလုတ္မႀကီးေစရ။ ထမင္းလုတ္နွင့္ ထမင္းဝါးေနရင္း စကားမေျပာရ။

၁၈. ထမင္းလုတ္အနီးသို့ မေရာက္မီ ပါးစပ္ကို ဟ၍ မထားပါနွင့္။ ပ်တ္ပ်တ္ျမည္ေအာင္ မစားပါနွင့္။

၁၉. ဟင္းရည္ေသာက္လွ်င္ မျမည္ေစရ။

၂၀. ဟင္းခပ္ေသာအခါ ဇြန္းကို ဘယ္ဘက္လက္ျဖင့္ကိုင္ျခင္းသည္ နည္းေကာင္းျဖစ္၏။

၂၁. ထမင္းနွင့္ဟင္းကို လူျမင္မေကာင္းေအာင္ ေရာ၍မနယ္နွင့္။

၂၂. လက္ဖဝါးကို ဟင္းရည္မေပေစရ။ ထမင္းလံုး မကပ္ေစရ။ ဟင္းခြက္ကို ဟင္းေပလက္နွင့္ မႏိႈက္ရ။

၂၃. ထမင္းစားျပီးလွ်င္ သြားကိုမစုပ္နွင့္ ရြံရွာဖြယ္ျဖစ္၏။ သြားၾကားထိုးစရာရွိလွ်င္ သူတစ္ပါးမျမင္ရာသို့ သြားပါေလ။

၂၄. ထမင္းစားပြဲေပၚတြင္ လက္မတင္ရ။ တံေတာင္ဆစ္မတင္ရ။

၂၅. ခႏၶာကိုယ္ကို တည့္မတ္စြာထိုင္၍ စားရာ၏။

၂၆. တစ္စံုတစ္ရာ အလိုရွိလွ်င္ အနီးဆံုးလူကို တိုးတိုးေတာင္းရာ၏။

၂၇. သူတစ္ပါးထမင္းစားေနစဥ္ တံေတြးေထြးျခင္း၊ ခြ်ဲသလိပ္ဟတ္ျခင္းတို့ မျပုအပ္။

၂၈. ထမင္းစားပြဲေပၚရွိ အရာမ်ားကို ဟိုေရြ႕ဒီေရြ႕မလုပ္ရ။ (ဣေျႏၵမရေသာ အျပဳအမူျဖစ္သည္)

၂၉. သူတစ္ပါး၏ ထမင္းပန္းကန္၊ ဟင္းပန္းကန္ႏွင့္ ပါးစပ္ကို မၾကာခဏမၾကည့္ရ၊ မေလ့လာရ။

၃၀. ထမင္းစားခ်ိန္တြင္ ေဒါသျဖစ္စရာ အေၾကာင္းအရာကိစၥမ်ားကို မေျပာရ။

၃၁. ထမင္းစားခ်ိန္တြင္ အစားေသာက္ႏွင့္ပတ္သတ္၍ ျပစ္တင္ကဲ့ရဲ႕ျခင္း မျပဳရ။

၃၂. ဟင္းေပါ့ျခင္း၊ ဟင္းငန္ျခင္းစေသာ ကိစၥမ်ားရွိသည့္အခါ ဟင္းခ်က္သူအား အျပစ္မတင္ပဲ ေနာက္တစ္ခါက်ရင္ မည္သို႔မည္ပံု ခ်က္ေပးပါရန္ ဟင္းခ်က္သူ (မိခင္/ဖခင္/ဇနီး/ခင္ပြန္း/အစ္ကို/အစ္မ/အိမ္အကူ) တို႔ကို ယဥ္ေက်းစြာ ေမတၱာရပ္ခံရာ၏။

၃၃. လူႀကီးမိဘမ်ား ဧည့္သည္မ်ားသည္ ဘာကိုအလိုရွိသနည္းဟု သတိနွင့္ ၾကည့္ရာ၏။ သိလွ်င္ အသံမၾကားေစရာဘဲ ျဖည္းညင္းစြာ ျပဳလုပ္ေပးရာ၏။

၃၄. လက္ဖက္ရည္ ေကာ္ဖီေသာက္ေသာ အခါ ေအာက္ခံ ပန္းခံျပားထဲတြင့္ ထည့္၍ ေသာက္ျခင္းသည္ မယဉ္ေက်းဟု အခ်ို့က ယူဆၾက၏။ ၄င္းပန္းကန္ျပားသည္ ပန္းကန္လံုးကို သယ္ေဆာင္ရန္ႏွင့္ မဖိတ္ေစရန္၊ မေပေစရန္၊ မေပရန္ ေအာက္ကခံေသာ အရာျဖစ္၏။ လက္ကို အပူေလာင္ျခင္းမွလည္း ကာကြယ္ေပး၏။

၃၅. လက္ျဖင့္ ဖဲ့၍ စားနိုင္ေသာအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက္၍ မစားပါနွင့္။

၃၆. ဇြန္းျဖင့္ ဖဲ့၍ စားနိုင္ေသာအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက္၍ မစားပါနွင့္။

၃၇. ထမင္းစားစဥ္ စကားမ်ားမ်ား မေျပာရ။ ၾကည္လင္ေသာ၊ ေဒါသကင္းေသာ မ်က္နွာထားရာ၏။ နွစ္သက္ဖြယ္ေသာ စကားကိုသာ ေျပာရာ၏။

Credit: မွတ္စုၾကမ္း ‪

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service