ပုံစံ(၇) ပျက်စီး/ပျောက်ဆုံးပါက ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ

ပုံစံ(၇) ပျက်စီး/ပျောက်ဆုံးပါက ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jun 2020 12:06 pm တွင် တင်ခဲ့သည်
1942 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လယ်ယာမြေလုပ်ပိုင်ခွင့်အမည်ပေါက်ရရှိထားသော တောင်သူလယ်သမားများနှင့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများ သည် အကြောင်းတစ်ခုခုကြောင့် ၎င်းတို့ရရှိထားသော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပျက်စီး/ပျောက်ဆုံးသွားပါသော် အောက်ပါအတိုင်းပြန်လည်လျှောက်ထားရပါမည်။

(က) လျှောက်လွှာပုံစံ (၁-က)။ ။ သက်ဆိုင်ရာမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးထံ လိပ်မူထားသော ပုံစံ(၁-က)တွင် လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ရေးသား၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မိတ္တူလျှောက်ထားရမည်။ သက်မှတ်ပုံစံကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနမှူး)ရုံးတွင် ရယူနိုင်ပါသည်။

(ခ) သက်ဆိုင်ရာ ရပ်/ကျေးလယ်စီ အဖွဲ့၏ စိစစ်ထောက်ခံချက်။    ။ လျှောက်လွှာပုံစံ (၁-က) နှင့်အတူ ပူးတွဲပါရှိရမည့် ၎င်းထောက်ခံချက်အား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်တင်ပြလျှောက်ထား ရယူနိုင်ပါသည်။

(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း ပုံစံ(၁၁)မိတ္တူ။ ။ လျှောက်လွှာပုံစံ (၁-က)နှင့်အတူ ပူးတွဲပါရှိရမည့် မှတ်ပုံတင်စာရင်းမိတ္တူဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခဲ့စဉ်အခါတည်းက မဖြစ်မနေထိန်းသိမ်းထားရှိရမည့် ရပ်/ကျေးအုပ်စုအလိုက် လယ်ယာမြေမှတ်ပုံတင်စာရင်းစာအုပ်ဖြစ်ပါသည်။ ၎င်းမှတ်ပုံတင်စာရင်းအနက် တင်ပြလျှောက်ထားသူ၏ အမည်ပါဝင်သော စာမျက်နှာအား မိတ္တူကူးရန် ဖြစ်ပါသည်။ အထက်ပါ စာပိုဒ်(ခ)ပါ ရပ်ကွက်၊(သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက် ရယူစဉ်ကတည်းက ပုံစံ(၁၁)မိတ္တူကို တစ်ပါတည်း တင်ပြရယူသင့်ပါသည်။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ လုပ်ထုံးလုပ်နည်းများ

လျှောက်ထားသူက လျှောက်လွှာပုံစံ(၁-က)နှင့်အတူ ပူးတွဲပါ ထောက်ခံချက်နှစ်ခု ပြည့်စုံပါက သက်ဆိုင်ရာ မြို့နယ်လယ်စီအဖွဲ့သည် လျှောက်ထားသည့်ကိစ္စအတွက် မှန်ကန်မှုရှိမရှိ ကို မြို့နယ်ရှိ မှတ်ပုံတင်စာရင်းများနှင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်ခြင်း၊ ကန့်ကွက်လွှာခေါ်ယူခြင်း၊ ကန့်ကွက်ရှိ/မရှိ မှတ်ချက်နှင့်အတူ ခရိုင်လယ်စီအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် လယ်စီအဖွဲ့ထံ တင်ပြပြီးနောက် အဆင့်ဆင့်ထပ်မံစိစစ်၍ ဒုတိယမူရင်း(သို့) မိတ္တူမှန် ထုတ်ပေးနိုင်ရေးအတွက် အဆင့်ဆင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် လယ်စီအဖွဲ့၏ အကြောင်းကြားချက် ရရှိသည့်အခါ တင်ပြလျှောက်ထားသူအား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ ရငွေစာရင်းသို့ ဒဏ်ကြေးငွေ ၂၀၀၀ကျပ်ပေးသွင်းစေပြီးနောက် မြို့နယ်လယ်စီအဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ဒုတိယမူရင်း(သို့) မိတ္တူမှန်ထုတ်ပေးမည်ဖြစ်ပါသည်။

မြို့နယ်လယ်စီအဖွဲ့မှ စိစစ်တင်ပြချက်နှင့် သဘောထားမှတ်ချက်တွင် လျှောက်ထားသူ၏ တင်ပြချက်၊ မပြည့်စုံ မမှန်ကန်လျှင်သော်လည်းကောင်း၊ ကန့်ကွက်လွှာပါရှိ၍ ကန့်ကွက်လွှာတင်သွင်းသူ၏ အကြောင်းပြချက်ခိုင်လုံလျှင်သော်လည်းကောင်း၊ ပုံစံ(၇) ဒုတိယမူရင်း(သို့) မိတ္တူမှန်ထုတ်ပေးခြင်းကို ငြင်းပယ်လိမ့်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုံစံ(၇) ပ်က္စီး/ေပ်ာက္ဆုံးပါက ေဆာင္႐ြက္ရမည့္ လုပ္ထုံးလုပ္နည္းမ်ား

လယ္ယာေျမလုပ္ပိုင္ခြင့္အမည္ေပါက္ရရွိထားေသာ ေတာင္သူလယ္သမားမ်ားႏွင့္ လူပုဂၢိဳလ္/အဖြဲ႕အစည္းမ်ား သည္ အေၾကာင္းတစ္ခုခုေၾကာင့္ ၎တို႔ရရွိထားေသာ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇) ပ်က္စီး/ေပ်ာက္ဆုံးသြားပါေသာ္ ေအာက္ပါအတိုင္းျပန္လည္ေလွ်ာက္ထားရပါမည္။

(က) ေလွ်ာက္လႊာပုံစံ (၁-က)။ ။ သက္ဆိုင္ရာၿမိဳ႕နယ္၊ လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕အတြင္းေရးမႉးထံ လိပ္မူထားေသာ ပုံစံ(၁-က)တြင္ လိုအပ္သည့္ အခ်က္အလက္မ်ားကို ျဖည့္စြက္ေရးသား၍ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇)မိတၱဴေလွ်ာက္ထားရမည္။ သက္မွတ္ပုံစံကို ၿမိဳ႕နယ္လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဌာနမႉး)႐ုံးတြင္ ရယူႏိုင္ပါသည္။

(ခ) သက္ဆိုင္ရာ ရပ္/ေက်းလယ္စီ အဖြဲ႕၏ စိစစ္ေထာက္ခံခ်က္။ ။ ေလွ်ာက္လႊာပုံစံ (၁-က) ႏွင့္အတူ ပူးတြဲပါရွိရမည့္ ၎ေထာက္ခံခ်က္အား သက္ဆိုင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ သြားေရာက္တင္ျပေလွ်ာက္ထား ရယူႏိုင္ပါသည္။

(ဂ) လယ္ယာေျမလုပ္ပိုင္ခြင့္ မွတ္ပုံတင္စာရင္း ပုံစံ(၁၁)မိတၱဴ။ ။ ေလွ်ာက္လႊာပုံစံ (၁-က)ႏွင့္အတူ ပူးတြဲပါရွိရမည့္ မွတ္ပုံတင္စာရင္းမိတၱဴျဖစ္သည္။ လယ္ယာေျမလုပ္ပိုင္ခြင့္ မွတ္ပုံတင္လုပ္ငန္း ေဆာင္႐ြက္ခဲ့စဥ္အခါတည္းက မျဖစ္မေနထိန္းသိမ္းထားရွိရမည့္ ရပ္/ေက်းအုပ္စုအလိုက္ လယ္ယာေျမမွတ္ပုံတင္စာရင္းစာအုပ္ျဖစ္ပါသည္။ ၎မွတ္ပုံတင္စာရင္းအနက္ တင္ျပေလွ်ာက္ထားသူ၏ အမည္ပါဝင္ေသာ စာမ်က္ႏွာအား မိတၱဴကူးရန္ ျဖစ္ပါသည္။ အထက္ပါ စာပိုဒ္(ခ)ပါ ရပ္ကြက္၊(သို႔) ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕၏ စိစစ္ေထာက္ခံခ်က္ ရယူစဥ္ကတည္းက ပုံစံ(၁၁)မိတၱဴကို တစ္ပါတည္း တင္ျပရယူသင့္ပါသည္။

လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ အဆင့္ဆင့္၏ လုပ္ထုံးလုပ္နည္းမ်ား

ေလွ်ာက္ထားသူက ေလွ်ာက္လႊာပုံစံ(၁-က)ႏွင့္အတူ ပူးတြဲပါ ေထာက္ခံခ်က္ႏွစ္ခု ျပည့္စုံပါက သက္ဆိုင္ရာ ၿမိဳ႕နယ္လယ္စီအဖြဲ႕သည္ ေလွ်ာက္ထားသည့္ကိစၥအတြက္ မွန္ကန္မႈရွိမရွိ ကို ၿမိဳ႕နယ္ရွိ မွတ္ပုံတင္စာရင္းမ်ားႏွင့္ တိုက္ဆိုင္စိစစ္ေဆာင္႐ြက္ျခင္း၊ ကန႔္ကြက္လႊာေခၚယူျခင္း၊ ကန႔္ကြက္ရွိ/မရွိ မွတ္ခ်က္ႏွင့္အတူ ခ႐ိုင္လယ္စီအဖြဲ႕မွတစ္ဆင့္ တိုင္းေဒသႀကီး/ျပည္နယ္ လယ္စီအဖြဲ႕ထံ တင္ျပၿပီးေနာက္ အဆင့္ဆင့္ထပ္မံစိစစ္၍ ဒုတိယမူရင္း(သို႔) မိတၱဴမွန္ ထုတ္ေပးႏိုင္ေရးအတြက္ အဆင့္ဆင့္ ျပန္လည္အေၾကာင္းၾကားမည္ျဖစ္သည္။

တိုင္းေဒသႀကီး/ျပည္နယ္ လယ္စီအဖြဲ႕၏ အေၾကာင္းၾကားခ်က္ ရရွိသည့္အခါ တင္ျပေလွ်ာက္ထားသူအား ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာန၏ ရေငြစာရင္းသို႔ ဒဏ္ေၾကးေငြ ၂၀၀၀က်ပ္ေပးသြင္းေစၿပီးေနာက္ ၿမိဳ႕နယ္လယ္စီအဖြဲ႕မွ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇) ဒုတိယမူရင္း(သို႔) မိတၱဴမွန္ထုတ္ေပးမည္ျဖစ္ပါသည္။

ၿမိဳ႕နယ္လယ္စီအဖြဲ႕မွ စိစစ္တင္ျပခ်က္ႏွင့္ သေဘာထားမွတ္ခ်က္တြင္ ေလွ်ာက္ထားသူ၏ တင္ျပခ်က္၊ မျပည့္စုံ မမွန္ကန္လွ်င္ေသာ္လည္းေကာင္း၊ ကန႔္ကြက္လႊာပါရွိ၍ ကန႔္ကြက္လႊာတင္သြင္းသူ၏ အေၾကာင္းျပခ်က္ခိုင္လုံလွ်င္ေသာ္လည္းေကာင္း၊ ပုံစံ(၇) ဒုတိယမူရင္း(သို႔) မိတၱဴမွန္ထုတ္ေပးျခင္းကို ျငင္းပယ္လိမ့္မည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service