မိမိတို့ ခြံဝင်းထဲ ကျွန်းပင်စိုက်ထားရင် အစိုးရပိုင်ဖြစ်သလား? မိမိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ…

မိမိတို့ ခြံဝင်းထဲ ကျွန်းပင်စိုက်ထားရင် အစိုးရပိုင်ဖြစ်သလား? မိမိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ… - Property Knowledge in Myanmar from iMyanmarHouse.com
26 Jun 2020 12:02 pm တွင် တင်ခဲ့သည်
2985 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကျွန်း၊ ပျဉ်းကတိုင်၊ အင်ကညင်စသော အဖိုးတန်သစ်တွေကို မိမိတို့ကိုယ်ပိုင် ခြံတွေမှာစိုက်ပျိုးထားရင် အစိုးရကလာသိမ်းလိမ့်မယ်၊ မစိုက်ရဲဘူး ဆိုတဲ့ လူအတော်များများ ရှိကြပါတယ်။

ပူမယ်ဆိုလည်း ပူစရာပါပဲ။ ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေမှာ မည်သူမဆိုခွင့်ပြုမိန့်မရရှိပဲ၊ တစ်တန်ထက်ပိုသော ကျွန်းသစ်ကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း (သို့) လက်ဝယ်ထားရှိခြင်းပြုလျှင် ထိုသူအား အနည်းဆုံး ၅နှစ်မှ အများဆုံး ၁၅နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း(၃၀) ထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။ လို့ဆိုထားတော့ နည်းနည်းတော့ စိုးရွံ့ကြတာပါပဲ။

တကယ်တော့ ခေတ်တွေ၊ စနစ်တွေပြောင်းခဲ့ပါပြီ။ အရင်လို ကိုယ့်အိမ်ယာဝင်းထဲ စိုက်ထားတဲ့ကျွန်း၊ အစိုးရကျွန်း ဆိုပြီး အမြစ်ကလှန်တူးယူသွားတဲ့ခေတ် မဟုတ်တော့ပါဘူး။ ကိုယ့်ဖက်ကဥပဒေနည်းလမ်းတကျ လုပ်ထားဖို့တော့လိုတာပေါ့။

လက်ရှိအခြေအနေမှာ မြန်မာ့သစ်တောတွေ ပြုန်းနေတာများပါပြီ။ ဒီတောပြုန်း ဧရိယာတွေကို အစိုးရကပိုင်းကလည်း နိုင်ငံတော်ဘက်ဂျက်နဲ့ ပြန်စိုက်ကြပါတယ်။

စိုက်လိုက်၊ သစ်ခိုးသမားတွေကခိုးလိုက်နဲ့ အရာမထင်တာတွေရှိလေတော့ နိုင်ငံတော်ကစီးပွားရေး လုပ်ငန်းရှင်တွေကို ကျွန်းစိုက်ခင်း၊ သစ်မာစိုက်ခင်း၊ စက်မှုကုန်ကြမ်းသီးနှံစိုက်ခင်း၊ ဥပဒေနဲ့အညီအဖြစ် မြေနေရာလျှောက်ထားရင် အစိုးရကချထားပေးနေပါပြီ။

အဲဒီ သစ်တောစိုက်ခင်းတွေက ထွက်လာတဲ့ ကျွန်း၊သစ်မာနဲ့ အခြားစက်မှုကုန်ကြမ်း သီးနှံတွေကို သယ်ယူခွင့်၊ ပြည်တွင်းသာမက နိုင်ငံတကာကိုအထိ ရောင်းချခွင့်တွေပေးနေပါပြီ။

အဲဒီတော့ ကိုယ့်ခြံထဲ ကိုယ့်ဝင်းထဲမှာစိုက်ထားတဲ့ အပင်တွေကိုရော တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း သိရှိဖို့လိုပါတယ်။

၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၈၊ အပိုဒ်ခွဲငယ်(က)အရ နိုင်ငံတော်အတွင်း မည်သည့်နေရာဒေသတွင်မဆို ပေါက်ရောက်နေသော ကျွန်းပင်သည် နိုင်ငံတော်ပိုင်ဖြစ်သည်။ လို့ဆိုထားတော့ ဒါလေးပဲ သိတဲ့သူတွေရဲ့ တဆင့်စကားကြောင့် အားလုံးက လန့်ကုန်ကြတာပါ။

ဒါပေမယ့် ပုဒ်မ(၈)၊ အပိုဒ်ခွဲ(ခ)မှာ ဝန်ကြီးှဌာနသည် အောက်ပါနေရာဒေသများတွင် စိုက်ပျိုးထားသော ကျွန်းပင်များနှင့် စပ်လျဉ်းသည့် သီးခြားအမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ ပိုင်ဆိုင်ခွင့်ပြုနိုင်သည်။ ဆိုတာကို သိဖို့လိုပါတယ်။

(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊

(၂) သစ်တောနယ်မြေပြင်ပတွင် တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊

(၃) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့်နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊

(၄) နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များလို့ ဆိုထားပါတယ်။

အဲဒီတော့ ကျွန်တော်တို့ စိုက်ပျိုးရေး သမားတွေအနေနဲ့ စိုက်ပျိုးထားတဲ့ ကျွန်းအပင်အဝင် သစ်မာပင်တွေကို စတင်စိုက်ပျိုးပြီး ၁နှစ်၂နှစ်အတွင်းလောက်ကစပြီး သက်ဆိုင်ရာမြို့နယ် သစ်တောရုံးမှာသွားပြီး မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။

ပထမဆုံးအနေနှင့် မှတ်ပုံတင်ရမည့် မြေဟာ မိမိတရားဝင်ပိုင်ဆိုင်တဲ့ မြေဖြစ်ရပါမယ်။

အဲဒီမြေပိုင်ဆိုင်မှု အထောက်အထားတွေနဲ့အတူ ကိုယ်တိုင်ရေး ကိုယ်တိုင်လျှောက်လွှာ တစ်စောင်ရေးပြီး မြို့နယ်သစ်တောဦးစီးဌာနမှာ လျှောက်ထားရပါမယ်။

လျှောက်ထားပြီးရင် မြို့နယ်သစ်တောဦးစီးမှူးက သက်ဆိုင်ရာ တောအုပ်ကြီး၊ ဘိနယ်တာဝန်ခံတွေကို ကွင်းဆင်းစစ်ဆေးစေပြီး ကွင်းဆင်းစစ်ဆေးအစီရင်ခံစာကို သက်ဆိုင်ရာအထက်ကို အဆင့်ဆင့်တင်ပြပေးပြီးမှ မှတ်ပုံတင်ထုတ်ပေးမှာဖြစ်ပါတယ်။ မန်ဂျန်ရှားပင်တွေကိုလည်း ဒီလိုပဲမှတ်ပုံတင်ထားသင့်ပါတယ်။

အဲဒီတော့ကျွန်းအပါအဝင် မိမိတို့စိုက်ခင်းမှာ စိုက်ထားတဲ့ သစ်တောသစ်ပင်တွေ တစ်ချိန်မှာ တရားဝင် ထုတ်လုပ် ရောင်းချခွင့်ရတဲ့အတွက် သစ်တောရုံးမှာ အမြန်ဆုံးမှတ်ပုံတင်ကြပါလို့ စေတနာရှေ့ထား တိုက်တွန်းရေးသားလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: Bahuthutagabar.net

 

[Zawgyi]

မိမိတို႔ ၿခံဝင္းထဲ ကြၽန္းပင္စိုက္ထားရင္ အစိုးရပိုင္ျဖစ္သလား? မိမိပိုင္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ…

ကြၽန္း၊ ပ်ဥ္းကတိုင္၊ အင္ကညင္စေသာ အဖိုးတန္သစ္ေတြကို မိမိတို႔ကိုယ္ပိုင္ ၿခံေတြမွာစိုက္ပ်ိဳးထားရင္ အစိုးရကလာသိမ္းလိမ့္မယ္၊ မစိုက္ရဲဘူး ဆိုတဲ့ လူအေတာ္မ်ားမ်ား ရွိၾကပါတယ္။

ပူမယ္ဆိုလည္း ပူစရာပါပဲ။ ၂၀၁၈ခုႏွစ္၊ သစ္ေတာဥပေဒမွာ မည္သူမဆိုခြင့္ျပဳမိန႔္မရရွိပဲ၊ တစ္တန္ထက္ပိုေသာ ကြၽန္းသစ္ကို ထုတ္ယူျခင္း၊ သယ္ယူေ႐ႊ႕ေျပာင္းျခင္း (သို႔) လက္ဝယ္ထားရွိျခင္းျပဳလွ်င္ ထိုသူအား အနည္းဆုံး ၅ႏွစ္မွ အမ်ားဆုံး ၁၅ႏွစ္ အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ က်ပ္သိန္း(၃၀) ထက္ မပိုေသာ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။ လို႔ဆိုထားေတာ့ နည္းနည္းေတာ့ စိုး႐ြံ႕ၾကတာပါပဲ။

တကယ္ေတာ့ ေခတ္ေတြ၊ စနစ္ေတြေျပာင္းခဲ့ပါၿပီ။ အရင္လို ကိုယ့္အိမ္ယာဝင္းထဲ စိုက္ထားတဲ့ကြၽန္း၊ အစိုးရကြၽန္း ဆိုၿပီး အျမစ္ကလွန္တူးယူသြားတဲ့ေခတ္ မဟုတ္ေတာ့ပါဘူး။ ကိုယ့္ဖက္ကဥပေဒနည္းလမ္းတက် လုပ္ထားဖို႔ေတာ့လိုတာေပါ့။

လက္ရွိအေျခအေနမွာ ျမန္မာ့သစ္ေတာေတြ ျပဳန္းေနတာမ်ားပါၿပီ။ ဒီေတာျပဳန္း ဧရိယာေတြကို အစိုးရကပိုင္းကလည္း ႏိုင္ငံေတာ္ဘက္ဂ်က္နဲ႔ ျပန္စိုက္ၾကပါတယ္။

စိုက္လိုက္၊ သစ္ခိုးသမားေတြကခိုးလိုက္နဲ႔ အရာမထင္တာေတြရွိေလေတာ့ ႏိုင္ငံေတာ္ကစီးပြားေရး လုပ္ငန္းရွင္ေတြကို ကြၽန္းစိုက္ခင္း၊ သစ္မာစိုက္ခင္း၊ စက္မႈကုန္ၾကမ္းသီးႏွံစိုက္ခင္း၊ ဥပေဒနဲ႔အညီအျဖစ္ ေျမေနရာေလွ်ာက္ထားရင္ အစိုးရကခ်ထားေပးေနပါၿပီ။

အဲဒီ သစ္ေတာစိုက္ခင္းေတြက ထြက္လာတဲ့ ကြၽန္း၊သစ္မာနဲ႔ အျခားစက္မႈကုန္ၾကမ္း သီးႏွံေတြကို သယ္ယူခြင့္၊ ျပည္တြင္းသာမက ႏိုင္ငံတကာကိုအထိ ေရာင္းခ်ခြင့္ေတြေပးေနပါၿပီ။

အဲဒီေတာ့ ကိုယ့္ၿခံထဲ ကိုယ့္ဝင္းထဲမွာစိုက္ထားတဲ့ အပင္ေတြကိုေရာ တရားဝင္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာလည္း သိရွိဖို႔လိုပါတယ္။

၂၀၁၈ ခုႏွစ္၊ သစ္ေတာဥပေဒပုဒ္မ ၈၊ အပိုဒ္ခြဲငယ္(က)အရ ႏိုင္ငံေတာ္အတြင္း မည္သည့္ေနရာေဒသတြင္မဆို ေပါက္ေရာက္ေနေသာ ကြၽန္းပင္သည္ ႏိုင္ငံေတာ္ပိုင္ျဖစ္သည္။ လို႔ဆိုထားေတာ့ ဒါေလးပဲ သိတဲ့သူေတြရဲ႕ တဆင့္စကားေၾကာင့္ အားလုံးက လန႔္ကုန္ၾကတာပါ။

ဒါေပမယ့္ ပုဒ္မ(၈)၊ အပိုဒ္ခြဲ(ခ)မွာ ဝန္ႀကီးွဌာနသည္ ေအာက္ပါေနရာေဒသမ်ားတြင္ စိုက္ပ်ိဳးထားေသာ ကြၽန္းပင္မ်ားႏွင့္ စပ္လ်ဥ္းသည့္ သီးျခားအမိန႔္ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္၍ ပိုင္ဆိုင္ခြင့္ျပဳႏိုင္သည္။ ဆိုတာကို သိဖို႔လိုပါတယ္။

(၁) သစ္ေတာနယ္ေျမအတြင္း ခြင့္ျပဳခ်က္ရယူၿပီး တည္ေထာင္ထားေသာ ပုဂၢလိက ကြၽန္းစိုက္ခင္းရွိ ကြၽန္းပင္မ်ား၊

(၂) သစ္ေတာနယ္ေျမျပင္ပတြင္ တည္ေထာင္ၿပီး သစ္ေတာဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ပုဂၢလိက ကြၽန္းစိုက္ခင္းရွိ ကြၽန္းပင္မ်ား၊

(၃) ေဒသခံျပည္သူ အစုအဖြဲ႕ပိုင္ သစ္ေတာလုပ္ငန္းအျဖစ္ တည္ေထာင္ထားသည့္နယ္ေျမရွိ သစ္ေတာဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ကြၽန္းပင္မ်ား၊

(၄) ေနအိမ္ၿခံဝန္းမ်ားအတြင္း စိုက္ပ်ိဳးၿပီး သက္ဆိုင္ရာနယ္ေျမရွိ သစ္ေတာဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ကြၽန္းပင္မ်ားလို႔ ဆိုထားပါတယ္။

အဲဒီေတာ့ ကြၽန္ေတာ္တို႔ စိုက္ပ်ိဳးေရး သမားေတြအေနနဲ႔ စိုက္ပ်ိဳးထားတဲ့ ကြၽန္းအပင္အဝင္ သစ္မာပင္ေတြကို စတင္စိုက္ပ်ိဳးၿပီး ၁ႏွစ္၂ႏွစ္အတြင္းေလာက္ကစၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ သစ္ေတာ႐ုံးမွာသြားၿပီး မွတ္ပုံတင္ဖို႔လိုအပ္ပါတယ္။

ပထမဆုံးအေနႏွင့္ မွတ္ပုံတင္ရမည့္ ေျမဟာ မိမိတရားဝင္ပိုင္ဆိုင္တဲ့ ေျမျဖစ္ရပါမယ္။

အဲဒီေျမပိုင္ဆိုင္မႈ အေထာက္အထားေတြနဲ႔အတူ ကိုယ္တိုင္ေရး ကိုယ္တိုင္ေလွ်ာက္လႊာ တစ္ေစာင္ေရးၿပီး ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွာ ေလွ်ာက္ထားရပါမယ္။

ေလွ်ာက္ထားၿပီးရင္ ၿမိဳ႕နယ္သစ္ေတာဦးစီးမႉးက သက္ဆိုင္ရာ ေတာအုပ္ႀကီး၊ ဘိနယ္တာဝန္ခံေတြကို ကြင္းဆင္းစစ္ေဆးေစၿပီး ကြင္းဆင္းစစ္ေဆးအစီရင္ခံစာကို သက္ဆိုင္ရာအထက္ကို အဆင့္ဆင့္တင္ျပေပးၿပီးမွ မွတ္ပုံတင္ထုတ္ေပးမွာျဖစ္ပါတယ္။ မန္ဂ်န္ရွားပင္ေတြကိုလည္း ဒီလိုပဲမွတ္ပုံတင္ထားသင့္ပါတယ္။

အဲဒီေတာ့ကြၽန္းအပါအဝင္ မိမိတို႔စိုက္ခင္းမွာ စိုက္ထားတဲ့ သစ္ေတာသစ္ပင္ေတြ တစ္ခ်ိန္မွာ တရားဝင္ ထုတ္လုပ္ ေရာင္းခ်ခြင့္ရတဲ့အတြက္ သစ္ေတာ႐ုံးမွာ အျမန္ဆုံးမွတ္ပုံတင္ၾကပါလို႔ ေစတနာေရွ႕ထား တိုက္တြန္းေရးသားလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: Bahuthutagabar.net

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service