ပုံစံ ၃၀(က) ဆိုတာ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ပြုပေးတဲ့ခွင့်ပြုမိန့်ဟုတ်/မဟုတ် ရှင်းလင်းချက်

ပုံစံ ၃၀(က) ဆိုတာ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ပြုပေးတဲ့ခွင့်ပြုမိန့်ဟုတ်/မဟုတ် ရှင်းလင်းချက် - Property Knowledge in Myanmar from iMyanmarHouse.com
18 Jun 2020 11:26 am တွင် တင်ခဲ့သည်
3955 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပုံစံ ၃၀(က) ဆိုသည်မှာ လယ်မြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန် လျှောက်ထားချက်နှင့် ပက်သက်၍ တိုင်းဒေသကြီး (သို့) ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန် အမှုတွဲဖွင့်လှစ်ဆောင်ရွက်ရသော လုပ်ငန်းစာတွဲ အမျိုးအမည်သာဖြစ်၍ ခွင့်ပြုမိန့်လုံးဝမဟုတ်ပါ။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်လက်မှတ် (Certificate)မှာ ပုံစံ-၁၅ ဖြစ်သည်။

လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာ (ပုံစံ-၁၄)

မြေစာရင်းပုံစံ(၁၀၅)နှင့် အခြားအထောက်အကူပြုစာရွက်စာတမ်းများပြည့်စုံသော လုပ်ငန်းစာတွဲ ပုံစံ ၃၀(က)ဖြင့် လျှောက်ထားတင်ပြ အရေးယူဆောင်ရွက်မှသာလျှင် ပုံစံ -၁၅ ခွင့်ပြုမိန့်ကို ရရှိပါမည်။

ထို့ကြောင့် ပုံစံ-၁၄ လျှောက်ထားပြီးကြောင်း လျှောက်လွှာပြရုံနှင့် ပုံစံ-၃၀(က)လုပ်ငန်းစာတွဲ(အမှုတွဲ) မိတ္တုပြသရုံနှင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ဟု မထင်မှတ်ကြရန် သတိပြုစေလိုသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်လျှောက်ထား ဆောင်ရွက်ရသော လုပ်ငန်းအမှုတွဲ အမည်မှာ ပုံစံ-၃၀(က) ဖြစ်သလို၊ လယ်မြေမှအပ အခြားလယ်ယာမြေ (ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ဓနိမြေ၊ကိုင်း/ကျွန်းမြေစသည်) အား အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်ရသော လုပ်ငန်းအမှုတွဲ အမည်မှာ ပုံစံ ၃၀(ခ)ဖြစ်သည်။ လျှောက်ထားရာတွင် (ပုံစံ-၁၄)၊ မြေစာရင်းပုံစံ(၁၀၅)နှင့် အခြားလိုအပ်သော အထောက်အထား စာရွက်စာတမ်းများ နှင့် လျှောက်ထားဆောင်ရွက်ရပါမည်။ ၎င်းလယ်မြေမဟုတ်သော အခြားလယ်ယာမြေများအား အခြားနည်းနှင့် အသုံးပြုရန်ထုတ်ပေးမည့်လက်မှတ်မှာ ပုံစံ၁၅(ခ)ဖြစ်၍ တိုင်းဒေသကြီး(သို့) ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပေးပါသည်။

ထို့ကြောင့် ဥယျာဉ်ခြံမြေပေါ်တွင် တိုက်အိမ်များဆောက်လုပ်၍ ဈေးနှုန်းမြင့်စွာရောင်းချနိုင်ခြင်းဖြစ်ပေမည်။ ဝယ်ယူသူအနေနှင့် ရောင်းချသူ၏လက်ဝယ်တွင် ပုံစံ-၁၅(ခ)ခွင့်ပြုမိန့် ရရှိထားခြင်းရှိ/မရှိ စိစစ်ဖို့ လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုံစံ ၃၀(က) ဆိုတာ လယ္ယာေျမကို အျခားနည္းအသုံးျပဳခြင့္ျပဳေပးတဲ့ခြင့္ျပဳမိန္႔ဟုတ္/မဟုတ္ ရွင္းလင္းခ်က္

ပုံစံ ၃၀(က) ဆိုသည္မွာ လယ္ေျမကို စိုက္ပ်ိဳးမႈမွအပ အျခားနည္းအသုံးျပဳရန္ ေလွ်ာက္ထားခ်က္ႏွင့္ ပက္သက္၍ တိုင္းေဒသႀကီး (သို႔) ျပည္နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕၏ စိစစ္ေထာက္ခံခ်က္ျဖင့္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔မွ ခြင့္ျပဳမိန္႔ထုတ္ေပးႏိုင္ရန္ အမႈတြဲဖြင့္လွစ္ေဆာင္ရြက္ရေသာ လုပ္ငန္းစာတြဲ အမ်ိဳးအမည္သာျဖစ္၍ ခြင့္ျပဳမိန္႔လုံး၀မဟုတ္ပါ။

ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔မွ လယ္ေျမကိုအျခားနည္းျဖင့္ အသုံးျပဳရန္ ခြင့္ျပဳမိန္႔လက္မွတ္ (Certificate)မွာ ပုံစံ-၁၅ ျဖစ္သည္။

လယ္ယာေျမအား အျခားနည္းျဖင့္ အသုံးျပဳခြင့္ေလွ်ာက္လႊာ (ပုံစံ-၁၄)

ေျမစာရင္းပုံစံ(၁၀၅)ႏွင့္ အျခားအေထာက္အကူျပဳစာရြက္စာတမ္းမ်ားျပည့္စုံေသာ လုပ္ငန္းစာတြဲ ပုံစံ ၃၀(က)ျဖင့္ ေလွ်ာက္ထားတင္ျပ အေရးယူေဆာင္ရြက္မွသာလွ်င္ ပုံစံ -၁၅ ခြင့္ျပဳမိန္႔ကို ရရွိပါမည္။

ထို႔ေၾကာင့္ ပုံစံ-၁၄ ေလွ်ာက္ထားၿပီးေၾကာင္း ေလွွ်ာက္လႊာျပ႐ုံႏွင့္ ပုံစံ-၃၀(က)လုပ္ငန္းစာတြဲ(အမႈတြဲ) မိတၱဳျပသ႐ုံႏွင့္ လယ္ယာေျမကို အျခားနည္းျဖင့္ အသုံးျပဳရန္ ခြင့္ျပဳမိန္႔ဟု မထင္မွတ္ၾကရန္ သတိျပဳေစလိုသည္။

လယ္ယာေျမကို အျခားနည္းအသုံးျပဳရန္ ခြင့္ျပဳမိန္႔ေလွွ်ာက္ထား ေဆာင္ရြက္ရေသာ လုပ္ငန္းအမႈတြဲ အမည္မွာ ပုံစံ-၃၀(က) ျဖစ္သလို၊ လယ္ေျမမွအပ အျခားလယ္ယာေျမ (ယာေျမ၊ ဥယ်ာဥ္ျခံေျမ၊ ဓနိေျမ၊ကိုင္း/ကၽြန္းေျမစသည္) အား အျခားနည္းအသုံးျပဳရန္ ေလွ်ာက္ထားေဆာင္ရြက္ရေသာ လုပ္ငန္းအမႈတြဲ အမည္မွာ ပုံစံ ၃၀(ခ)ျဖစ္သည္။ ေလွ်ာက္ထားရာတြင္ (ပုံစံ-၁၄)၊ ေျမစာရင္းပုံစံ(၁၀၅)ႏွင့္ အျခားလိုအပ္ေသာ အေထာက္အထား စာရြက္စာတမ္းမ်ား ႏွင့္ ေလွ်ာက္ထားေဆာင္ရြက္ရပါမည္။ ၎လယ္ေျမမဟုတ္ေသာ အျခားလယ္ယာေျမမ်ားအား အျခားနည္းႏွင့္ အသုံးျပဳရန္ထုတ္ေပးမည့္လက္မွတ္မွာ ပုံစံ၁၅(ခ)ျဖစ္၍ တိုင္းေဒသႀကီး(သို႔) ျပည္နယ္အစိုးရအဖြဲ႕မွ ထုတ္ေပးပါသည္။

ထို႔ေၾကာင့္ ဥယ်ာဥ္ျခံေျမေပၚတြင္ တိုက္အိမ္မ်ားေဆာက္လုပ္၍ ေစ်းႏႈန္းျမင့္စြာေရာင္းခ်ႏိုင္ျခင္းျဖစ္ေပမည္။ ၀ယ္ယူသူအေနႏွင့္ ေရာင္းခ်သူ၏လက္၀ယ္တြင္ ပုံစံ-၁၅(ခ)ခြင့္ျပဳမိန္႔ ရရွိထားျခင္းရွိ/မရွိ စိစစ္ဖို႔ လိုအပ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service