သင် အိမ်ပြောင်းရွှေ့တော့မယ်ဆိုရင်

သင် အိမ်ပြောင်းရွှေ့တော့မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
10 Jun 2020 12:28 pm တွင် တင်ခဲ့သည်
1992 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မကြာခဏအိမ်ပြောင်း အိမ်ရွှေ့လုပ်ရတဲ့အခါတိုင်း ပရိဘောဂတွေမှာ စင်းရာခြစ်ရာထင်တာတို့ ပျက်စီးကျိုးပဲ့တာတွေကြုံရလေ့ရှိပါတယ်။

ပြောင်းရွှေ့ဖို့ဖြစ်လာတဲ့အခါ ပရိဘောဂတွေကို နည်းမှန်လမ်းမှန် ဘယ်လိုပြင်ဆင်ထုပ်ပိုးရမလဲဆိုတာ အရေးကြီးတဲ့အချက်ပါ။ ဒါမှလည်းပဲ ပစ္စည်းပစ္စယတွေအပျက်အစီးနည်းနိုင်သမျှနည်းအောင်ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်လို့ပါပဲ။

သုံးနေကျ ထုပ်ပိုးပစ္စည်းတွေကတော့ ရေမြှုပ်ပတ်တီး၊ ဆွဲသားပလတ်စတစ်၊ ကတ်ထူပုံးတွေ၊ ကတ်ထူပြားတွေ၊ အလုံပိတ်ဆီး(လ်)ပါတဲ့ ပလတ်စတစ်အိတ်တွေ၊ ပရိဘောဂဖုံးတဲ့ ပိတ်စကြီးတွေ၊ ဆိုဖာနဲ့ မွေ့ရာတွေစွပ်တဲ့ အဖုံးကြီးတွေ၊ ထုပ်ပိုးတိပ်ပြားနဲ့ စောင်အဟောင်းတွေပဲဖြစ်ပါတယ်။ ဦးစားပေးနဲ့ ဗွေဆော်ဦးလုပ်ရမှာက ပရိဘောဂတွေကိုဖုန်ခါသုတ်သင်ဖို့ပါပဲ။ လိုအပ်တဲ့ထုပ်ပိုးပစ္စည်းတွေရပြီး ပြီဆိုရင်တော့ အံဆွဲတွေကက်ဘိနက်တွေထဲက ပစ္စည်းတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။

ပြီးတော့ အံဆွဲတွေကို တစ်ခုစီကြောင်အိမ်ကနေ သပ်သပ်ဆွဲထုတ်ခွဲခြားရပါတယ်။ အဲသည်လို အံဆွဲတွေကို သပ်သပ်စီခွဲခြားထားမှ ကားနဲ့သယ်လို့လှုပ်ရှားတဲ့အခါ အချင်းချင်းတိုက်မိဆောင့်မိမယ့် အန္တရာယ်ကနေကာကွယ်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။ ကြောင်အိမ်၊ ကက်ဘိနက်၊ စားပွဲစသည်တို့ကနေသီးခြားဖယ်ထုတ်ထားတဲ့ အံဆွဲတွေကိုလေဘယ်(လ်) ကပ်ထားတဲ့သေတ္တာတွေထဲထည့်ပြီး သယ်ရမှာဖြစ်ပါတယ်။ လေဘယ်(လ်)ကပ်ထားခြင်းအားဖြင့် အိမ်သစ်ရောက်အထုပ်တွေဖြည်ပြီဆိုရင် ဘယ်ပစ္စည်းက ဘယ်က၊ ဘယ်အဖုံးက ဘယ်မှာ ပြန်တပ်ရမယ်ဆိုတာသိသာနိုင်မှာ ဖြစ်ပါတယ်။ ဝက်အူတွေ ၊ နပ်ခေါင်းတွေ၊ မူလီချောင်းတွေကို အလုံပိတ် ပလတ်စတစ်အိတ်ထဲထည့်ပြီး မှန်ကန်တဲ့လေဘယ် (လ်)တွေကပ်ထားဖို့လိုပါတယ်။ ထုပ်ပိုးခြင်း သေချာအောင်လုပ်ဖို့ဆိုတာ တစ်ချက်က ပရိဘောဂတွေမှာ လေဘယ်(လ်)ကိုမှားပြီးမကပ်မိဖို့ သို့မဟုတ် ဘာလေဘယ်(လ်)မှမကပ်မိဘဲဗလာကြီးဖြစ်မနေဖို့ အရေးဖြစ်ပါတယ်။

ကျကျနန ထုပ်ပိုးဖို့ရာအတွက် လုံလောက်တဲ့ တိပ်(ပ်)တွေကြိုးမျှင်တွေလိုအပ်ပါတယ်။ ပက်ကင်ပေပါတွေကတော့ စားပွဲတင်မှန်ချပ်တွေကို ထုပ်ပိုးတဲ့နေရာမှာကျိန်းသေသုံးရပါ လိမ့်မယ်။ ပြီးတော့ အဲသည်မှန်ချပ်တွေကို ဆန့်နိုင်ကျုံ့နိုင်တဲ့ ကတ်ထူပြားတွေနဲ့ညှပ်ပြီးချည်နှောင်ဖို့လိုပါတယ်။ အဲသည်ပစ္စည်းတွေမရနိုင်ဘူးဆိုရင်တော့ စောင်ဟောင်းတွေ၊ မျက်နှာသုတ်ပဝါဟောင်းတွေနဲ့ ပတ်မယ်ဆိုရင်လည်းဖြစ်နိုင်သေးတာပါပဲ။ မွေ့ရာတွေကိုတော့ စပယ်ရှယ်လုပ်ထားတဲ့ ပလတ်စတစ်အဖုံးတွေနဲ့ထုပ်ပိုးရပါလိမ့်မယ်။ ဒါမှစုတ်ပြဲခြင်း၊ စွန်းထင်းခြင်း၊ စိုစွတ်ခြင်း အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲသည်လို ပရိဘောဂတွေကို တစ်စစီဖြုတ်တန်တာဖြုတ်ပြီး စနစ်တကျထုပ်ပြီးပြီဆိုရင်တော့ ရွှေ့ဖို့ပြောင်းဖို့ ထရပ်ကား သို့မဟုတ်အခြားယာဉ်တစ်ခုခုပေါ်တင်တဲ့ လုပ်ငန်းကိုသွားရတော့မှာပါ။ လူကိုမထိခိုက်အောင်ရယ်၊ ထုထည်ကြီးတဲ့ပစ္စည်းတွေ မပျက်စီးအောင်ရယ်ကတော့ လက်တွန်းလှည်းနဲ့နင်ပြီး ပရိဘောဂတွေကိုအိမ်အပြင်ရောက်အောင်သယ်ထုတ်ရပါလိမ့်မယ်။

သံချိတ်တွေနဲ့ ပရိဘောဂကိုမချိတ်မိအောင် ကားအတွင်းပိုင်းက ဘော်ဒီအကန့် တွေနဲ့ မတိုက်မိမထိုးမိအောင် ဂရုစိုက်ဖို့အရေးကြီးပါတယ်။ ကားပေါ်မှာအလေးချိန်ကိုမျှတအောင် ချိန်ဆပြီးတင်သင့်ပါတယ်။ ကားရဲ့ဘယ်ဘက်အခြမ်းမှာ အရမ်းလေးတာတွေ တင်မိ၊ ညာဘက်ခြမ်းက ပေါ့တာတွေတင်မိပြီး ကားတစ်ခြမ်းစောင်းကြီး မဖြစ်စေဖို့လည်း ကြံဆရပါလိမ့်မယ်။ ဗြက်ကျယ်တဲ့မွေ့ရာလိုဟာမျိုးတွေကိုကျတော့ နေရာအများကြီးမယူ အောင် ဒေါင်လိုက်ထောင်ပြီးတင်မှ အဆင်ပြေလိမ့်မှာဖြစ်ပါတယ်။

တကယ်တော့ ရေပက်မဝင်အောင် ပြီးပြည့်စုံတဲ့ ကိစ္စကတော့ဘယ်နေရာမှမရှိပါဘူး။ ပစ္စည်းတွေသယ်ယူရွှေ့ပြောင်းတဲ့ နေရာမှာအကောင်းဆုံးဖြစ်ရမယ်၊ ဘေးအကင်းဆုံးဖြစ်ရမယ်လို့ အာမခံနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နည်းမှန်လမ်းမှန်ထုပ်ပိုးပြီး စနစ်တကျနဲ့ ဂရုတစိုက်သယ်ယူမယ်ဆိုရင် အပျက်အစီးနည်းမယ်၊ တစ်နည်းနည်းနဲ့ပေါ်ပေါက်လာမယ့် အကျိုးအပဲ့အကွဲအရှ ပြဿနာတွေကိုထိုက်သင့်သလောက်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

  Credit: Kumudra

 

[Zawgyi]

သင္ အိမ္ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုရင္

မၾကာခဏအိမ္ေျပာင္း အိမ္ေ႐ႊ႕လုပ္ရတဲ့အခါတိုင္း ပရိေဘာဂေတြမွာ စင္းရာျခစ္ရာထင္တာတို႔ ပ်က္စီးက်ိဳးပဲ့တာေတြႀကဳံရေလ့ရွိပါတယ္။

ေျပာင္းေ႐ႊ႕ဖို႔ျဖစ္လာတဲ့အခါ ပရိေဘာဂေတြကို နည္းမွန္လမ္းမွန္ ဘယ္လိုျပင္ဆင္ထုပ္ပိုးရမလဲဆိုတာ အေရးႀကီးတဲ့အခ်က္ပါ။ ဒါမွလည္းပဲ ပစၥည္းပစၥယေတြအပ်က္အစီးနည္းႏိုင္သမွ်နည္းေအာင္ထိန္းသိမ္းကာကြယ္ႏိုင္မွာ ျဖစ္လို႔ပါပဲ။

သုံးေနက် ထုပ္ပိုးပစၥည္းေတြကေတာ့ ေရျမႇဳပ္ပတ္တီး၊ ဆြဲသားပလတ္စတစ္၊ ကတ္ထူပုံးေတြ၊ ကတ္ထူျပားေတြ၊ အလုံပိတ္ဆီး(လ္)ပါတဲ့ ပလတ္စတစ္အိတ္ေတြ၊ ပရိေဘာဂဖုံးတဲ့ ပိတ္စႀကီးေတြ၊ ဆိုဖာနဲ႔ ေမြ႕ရာေတြစြပ္တဲ့ အဖုံးႀကီးေတြ၊ ထုပ္ပိုးတိပ္ျပားနဲ႔ ေစာင္အေဟာင္းေတြပဲျဖစ္ပါတယ္။ ဦးစားေပးနဲ႔ ေဗြေဆာ္ဦးလုပ္ရမွာက ပရိေဘာဂေတြကိုဖုန္ခါသုတ္သင္ဖို႔ပါပဲ။ လိုအပ္တဲ့ထုပ္ပိုးပစၥည္းေတြရၿပီး ၿပီဆိုရင္ေတာ့ အံဆြဲေတြကက္ဘိနက္ေတြထဲက ပစၥည္းေတြကို ဖယ္ရွားရမွာျဖစ္ပါတယ္။

ၿပီးေတာ့ အံဆြဲေတြကို တစ္ခုစီေၾကာင္အိမ္ကေန သပ္သပ္ဆြဲထုတ္ခြဲျခားရပါတယ္။ အဲသည္လို အံဆြဲေတြကို သပ္သပ္စီခြဲျခားထားမွ ကားနဲ႔သယ္လို႔လႈပ္ရွားတဲ့အခါ အခ်င္းခ်င္းတိုက္မိေဆာင့္မိမယ့္ အႏၲရာယ္ကေနကာကြယ္ၿပီးသားျဖစ္ေနမွာျဖစ္ပါတယ္။ ေၾကာင္အိမ္၊ ကက္ဘိနက္၊ စားပြဲစသည္တို႔ကေနသီးျခားဖယ္ထုတ္ထားတဲ့ အံဆြဲေတြကိုေလဘယ္(လ္) ကပ္ထားတဲ့ေသတၱာေတြထဲထည့္ၿပီး သယ္ရမွာျဖစ္ပါတယ္။ ေလဘယ္(လ္)ကပ္ထားျခင္းအားျဖင့္ အိမ္သစ္ေရာက္အထုပ္ေတြျဖည္ၿပီဆိုရင္ ဘယ္ပစၥည္းက ဘယ္က၊ ဘယ္အဖုံးက ဘယ္မွာ ျပန္တပ္ရမယ္ဆိုတာသိသာႏိုင္မွာ ျဖစ္ပါတယ္။ ဝက္အူေတြ ၊ နပ္ေခါင္းေတြ၊ မူလီေခ်ာင္းေတြကို အလုံပိတ္ ပလတ္စတစ္အိတ္ထဲထည့္ၿပီး မွန္ကန္တဲ့ေလဘယ္ (လ္)ေတြကပ္ထားဖို႔လိုပါတယ္။ ထုပ္ပိုးျခင္း ေသခ်ာေအာင္လုပ္ဖို႔ဆိုတာ တစ္ခ်က္က ပရိေဘာဂေတြမွာ ေလဘယ္(လ္)ကိုမွားၿပီးမကပ္မိဖို႔ သို႔မဟုတ္ ဘာေလဘယ္(လ္)မွမကပ္မိဘဲဗလာႀကီးျဖစ္မေနဖို႔ အေရးျဖစ္ပါတယ္။

က်က်နန ထုပ္ပိုးဖို႔ရာအတြက္ လုံေလာက္တဲ့ တိပ္(ပ္)ေတြႀကိဳးမွ်င္ေတြလိုအပ္ပါတယ္။ ပက္ကင္ေပပါေတြကေတာ့ စားပြဲတင္မွန္ခ်ပ္ေတြကို ထုပ္ပိုးတဲ့ေနရာမွာက်ိန္းေသသုံးရပါ လိမ့္မယ္။ ၿပီးေတာ့ အဲသည္မွန္ခ်ပ္ေတြကို ဆန႔္ႏိုင္က်ဳံ႕ႏိုင္တဲ့ ကတ္ထူျပားေတြနဲ႔ညႇပ္ၿပီးခ်ည္ေႏွာင္ဖို႔လိုပါတယ္။ အဲသည္ပစၥည္းေတြမရႏိုင္ဘူးဆိုရင္ေတာ့ ေစာင္ေဟာင္းေတြ၊ မ်က္ႏွာသုတ္ပဝါေဟာင္းေတြနဲ႔ ပတ္မယ္ဆိုရင္လည္းျဖစ္ႏိုင္ေသးတာပါပဲ။ ေမြ႕ရာေတြကိုေတာ့ စပယ္ရွယ္လုပ္ထားတဲ့ ပလတ္စတစ္အဖုံးေတြနဲ႔ထုပ္ပိုးရပါလိမ့္မယ္။ ဒါမွစုတ္ၿပဲျခင္း၊ စြန္းထင္းျခင္း၊ စိုစြတ္ျခင္း အႏၲရာယ္ေတြကေန ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ အဲသည္လို ပရိေဘာဂေတြကို တစ္စစီျဖဳတ္တန္တာျဖဳတ္ၿပီး စနစ္တက်ထုပ္ၿပီးၿပီဆိုရင္ေတာ့ ေ႐ႊ႕ဖို႔ေျပာင္းဖို႔ ထရပ္ကား သို႔မဟုတ္အျခားယာဥ္တစ္ခုခုေပၚတင္တဲ့ လုပ္ငန္းကိုသြားရေတာ့မွာပါ။ လူကိုမထိခိုက္ေအာင္ရယ္၊ ထုထည္ႀကီးတဲ့ပစၥည္းေတြ မပ်က္စီးေအာင္ရယ္ကေတာ့ လက္တြန္းလွည္းနဲ႔နင္ၿပီး ပရိေဘာဂေတြကိုအိမ္အျပင္ေရာက္ေအာင္သယ္ထုတ္ရပါလိမ့္မယ္။ သံခ်ိတ္ေတြနဲ႔ ပရိေဘာဂကိုမခ်ိတ္မိေအာင္ ကားအတြင္းပိုင္းက ေဘာ္ဒီအကန႔္ ေတြနဲ႔ မတိုက္မိမထိုးမိေအာင္ ဂ႐ုစိုက္ဖို႔အေရးႀကီးပါတယ္။ ကားေပၚမွာအေလးခ်ိန္ကိုမွ်တေအာင္ ခ်ိန္ဆၿပီးတင္သင့္ပါတယ္။ ကားရဲ႕ဘယ္ဘက္အျခမ္းမွာ အရမ္းေလးတာေတြ တင္မိ၊ ညာဘက္ျခမ္းက ေပါ့တာေတြတင္မိၿပီး ကားတစ္ျခမ္းေစာင္းႀကီး မျဖစ္ေစဖို႔လည္း ႀကံဆရပါလိမ့္မယ္။ ျဗက္က်ယ္တဲ့ေမြ႕ရာလိုဟာမ်ိဳးေတြကိုက်ေတာ့ ေနရာအမ်ားႀကီးမယူ ေအာင္ ေဒါင္လိုက္ေထာင္ၿပီးတင္မွ အဆင္ေျပလိမ့္မွာျဖစ္ပါတယ္။

တကယ္ေတာ့ ေရပက္မဝင္ေအာင္ ၿပီးျပည့္စုံတဲ့ ကိစၥကေတာ့ဘယ္ေနရာမွမရွိပါဘူး။ ပစၥည္းေတြသယ္ယူေ႐ႊ႕ေျပာင္းတဲ့ ေနရာမွာအေကာင္းဆုံးျဖစ္ရမယ္၊ ေဘးအကင္းဆုံးျဖစ္ရမယ္လို႔ အာမခံႏိုင္ဖို႔ဆိုတာေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ နည္းမွန္လမ္းမွန္ထုပ္ပိုးၿပီး စနစ္တက်နဲ႔ ဂ႐ုတစိုက္သယ္ယူမယ္ဆိုရင္ အပ်က္အစီးနည္းမယ္၊ တစ္နည္းနည္းနဲ႔ေပၚေပါက္လာမယ့္ အက်ိဳးအပဲ့အကြဲအရွ ျပႆနာေတြကိုထိုက္သင့္သေလာက္ကာကြယ္ႏိုင္မွာပဲျဖစ္ပါတယ္။

  Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service