မြေကွက်ကို လေလံပစ် ရောင်းချရန် လိုက်နာရမည့် စည်းကမ်းချက်များ

မြေကွက်ကို လေလံပစ် ရောင်းချရန် လိုက်နာရမည့် စည်းကမ်းချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
10 Jun 2020 10:54 am တွင် တင်ခဲ့သည်
1113 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မြေကွက်ကို လေလံပစ်ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များမှာ -

(က) တန်ဖိုးအများဆုံးပေးသူသာ ဆွဲဝယ်ရရှိသူ ဖြစ်စေရမည်။လေလံပွဲတွင် ဆွဲဝယ်သူ (၂)ဦး (သို့) အများတို့ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုသို့အငြင်းပွားမှု မပေါ်ပေါက်မီ နောက်ဆုံးတိုးမြင့် ဆွဲဝယ်ခဲ့သော ဈေးနှုန်းဖြင့် ထပ်မံလေလံပစ်ရမည်။ ယင်းအတွက် ခရိုင်အုပ်ချုပ်ရေးမှူး (သို့) မြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် နှုန်းထားတိုးမြင့်ဆွဲဝယ်ယူခွင့် ရှိစေရမည်။

(ခ) ဆွဲဝယ်သူသည် လေလံပွဲပြီးသည်နှင့် တပြိုင်နက်တည်းတွင် လေလံဆွဲဝယ်ငွေ၏ ၂၅%ကို ပေးသွင်းရမည်။ လေလံဆွဲဝယ်သည့် တန်ဖိုးငွေမှာ ၅ ကျပ်ထက် မကျော်လွန်ပါက ယင်းငွေကို အပြေအကျေပေးသွင်းပြီး ဤစည်းကမ်းချက်များနှင့်အညီ အရောင်းအဝယ်ပြီးမြောက်စေရန် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုရမည်။

(ဂ) လေလံဆွဲဝယ်ငွေအတွက် ပေးသွင်းရန်ကျန်ရှိပါက လေလံပွဲပြီးသည်မှ ၁၀ရက်မြောက်သည့်နေ့ရက်တွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်ဖြစ်စေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်ဖြစ်စေ ပေးသွင်းရမည်။ ဝယ်သူသည် ဆွဲဝယ်သည့်တန်ဖိုးငွေကို အပြေအကျေပေးသွင်းသည့်နေ့တွင် မြေကိုလက်ဝယ်ထားရှိ ထိန်းသိမ်းပိုင်ခွင့် ရရှိစေရမည်။ ငွေကိုအပြေအကျေပေးသွင်းသည့်အခါ သတ်မှတ်မြေဌား စာချုပ်စာတမ်းပုံစံဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လေလံဆွဲဝယ်ရရှိသူတို့ လက်မှတ်ရေးထိုးချုပ်ဆိုရမည်။ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ငွေကို အပြေအကျေပေးသွင်းခြင်းဖြစ်ပါက မြေဌားစာချုပ်စာတမ်းကို လက်မှတ်ရေးထိုးပေးရန် အမှုတွဲကို ခရိုင်အုပ်ချုပ်ရေးမှူးထံ သို့ပေးပို့တင်ပြရမည်။

(ဃ) လေလံဆွဲဝယ်ရရှိသူသည် ဤစည်းကမ်းချက်များအတိုင်း လိုက်နာရန် ပျက်ကွက်ခဲ့ပါက ခရိုင်အုပ်ချုပ်ရေးမှူး (သို့) မြို့နယ်အုပ်ချုပ်ရေးမှူးထံပေးသွင်းပြီးဖြစ်သည့် အာမခံငွေကို လက်လွှတ်ဆုံးရှုံးစေရမည်။ ခရိုင်အုပ်ချုပ်ရေးမှူး(သို့) မြို့နယ်အုပ်ချုပ်ရေးမှူးသည် ထိုမြေကို အငှားပေးအပ်ချထားမှုအတွက် လေလံစနစ်ဖြင့်ဖြစ်စေ၊ နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆို၍ဖြစ်စေ၊ ထပ်မံရောင်းချပေးအပ်ပိုင်ခွင့်ရှိသည်။

လျှောက်ထားသည့်မြေသည် တစ်ဧကထက်ကျော်လွန်သည့်အခြေအနေတွင် မြေကိုထပ်မံ၍ လေလံပစ်ရောင်းချမှု မပြုမီ ခရိုင်အုပ်ချုပ်ရေးမှူးသည် တိုင်းဒေသကြီး (သို့) ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲနှင့်တကွ တင်ပြ၍ အဆုံးအဖြတ်ခံယူရမည်။

လေလံတင်ရောင်းချခြင်းတွင် ကနဦးလေလံဆွဲဝယ်ရရှိသူက ငွေအပြေအကျေ မပေးသွင်းသဖြင့် ထပ်မံလေလံပစ်ရပါက ဒုတိယလေလံတွင် ကနဦးဆွဲဝယ် ငွေတန်ဖိုးကို မမီလျှင် ယင်းအတွက်လျော့နည်းငွေနှင့် ကုန်ကျစရိတ်များကို ကနဦးဆွဲဝယ်ခဲ့သူထံမှ မြေခွန်မပြေကျန်ငွေ အရကောက်ခံသည့်နည်းဖြင့် ကောက်ခံခွင့်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမကြက္ကို ေလလံပစ္ ေရာင္းခ်ရန္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား

ေျမကြက္ကို ေလလံပစ္ေရာင္းခ်ရာတြင္ လိုက္နာရမည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားမွာ -

(က) တန္ဖိုးအမ်ားဆုံးေပးသူသာ ဆြဲ၀ယ္ရရွိသူ ျဖစ္ေစရမည္။ေလလံပြဲတြင္ ဆြဲ၀ယ္သူ (၂)ဦး (သို႔) အမ်ားတို႔ အျငင္းပြားမႈ ေပၚေပါက္ပါက ထိုသို႔အျငင္းပြားမႈ မေပၚေပါက္မီ ေနာက္ဆုံးတိုးျမင့္ ဆြဲ၀ယ္ခဲ့ေသာ ေစ်းႏႈန္းျဖင့္ ထပ္မံေလလံပစ္ရမည္။ ယင္းအတြက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး (သို႔) ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံတြင္ ႏႈန္းထားတိုးျမင့္ဆြဲ၀ယ္ယူခြင့္ ရွိေစရမည္။

(ခ) ဆြဲ၀ယ္သူသည္ ေလလံပြဲၿပီးသည္ႏွင့္ တၿပိဳင္နက္တည္းတြင္ ေလလံဆြဲ၀ယ္ေငြ၏ ၂၅%ကို ေပးသြင္းရမည္။ ေလလံဆြဲ၀ယ္သည့္ တန္ဖိုးေငြမွာ ၅ က်ပ္ထက္ မေက်ာ္လြန္ပါက ယင္းေငြကို အေျပအေက်ေပးသြင္းၿပီး ဤစည္းကမ္းခ်က္မ်ားႏွင့္အညီ အေရာင္းအ၀ယ္ၿပီးေျမာက္ေစရန္ သေဘာတူ စာခ်ဳပ္ကို လက္မွတ္ေရးထိုးခ်ဳပ္ဆိုရမည္။

(ဂ) ေလလံဆြဲ၀ယ္ေငြအတြက္ ေပးသြင္းရန္က်န္ရွိပါက ေလလံပြဲၿပီးသည္မွ ၁၀ရက္ေျမာက္သည့္ေန႔ရက္တြင္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ျဖစ္ေစ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ျဖစ္ေစ ေပးသြင္းရမည္။ ၀ယ္သူသည္ ဆြဲ၀ယ္သည့္တန္ဖိုးေငြကို အေျပအေက်ေပးသြင္းသည့္ေန႔တြင္ ေျမကိုလက္၀ယ္ထားရွိ ထိန္းသိမ္းပိုင္ခြင့္ ရရွိေစရမည္။ ေငြကိုအေျပအေက်ေပးသြင္းသည့္အခါ သတ္မွတ္ေျမဌား စာခ်ဳပ္စာတမ္းပုံစံျဖင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေလလံဆြဲ၀ယ္ရရွိသူတို႔ လက္မွတ္ေရးထိုးခ်ဳပ္ဆိုရမည္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ ေငြကို အေျပအေက်ေပးသြင္းျခင္းျဖစ္ပါက ေျမဌားစာခ်ဳပ္စာတမ္းကို လက္မွတ္ေရးထိုးေပးရန္ အမႈတြဲကို ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးထံ သို႔ေပးပို႔တင္ျပရမည္။

(ဃ) ေလလံဆြဲ၀ယ္ရရွိသူသည္ ဤစည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာရန္ ပ်က္ကြက္ခဲ့ပါက ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး (သို႔) ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံေပးသြင္းၿပီးျဖစ္သည့္ အာမခံေငြကို လက္လႊတ္ဆုံးရႈံးေစရမည္။ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး(သို႔) ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးသည္ ထိုေျမကို အငွားေပးအပ္ခ်ထားမႈအတြက္ ေလလံစနစ္ျဖင့္ျဖစ္ေစ၊ ႏွစ္ဖက္သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆို၍ျဖစ္ေစ၊ ထပ္မံေရာင္းခ်ေပးအပ္ပိုင္ခြင့္ရွိသည္။

ေလွ်ာက္ထားသည့္ေျမသည္ တစ္ဧကထက္ေက်ာ္လြန္သည့္အေျခအေနတြင္ ေျမကိုထပ္မံ၍ ေလလံပစ္ေရာင္းခ်မႈ မျပဳမီ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးသည္ တိုင္းေဒသႀကီး (သို႔) ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးထံ အမႈတြဲႏွင့္တကြ တင္ျပ၍ အဆုံးအျဖတ္ခံယူရမည္။

ေလလံတင္ေရာင္းခ်ျခင္းတြင္ ကနဦးေလလံဆြဲ၀ယ္ရရွိသူက ေငြအေျပအေက် မေပးသြင္းသျဖင့္ ထပ္မံေလလံပစ္ရပါက ဒုတိယေလလံတြင္ ကနဦးဆြဲ၀ယ္ ေငြတန္ဖိုးကို မမီလွ်င္ ယင္းအတြက္ေလ်ာ့နည္းေငြႏွင့္ ကုန္က်စရိတ္မ်ားကို ကနဦးဆြဲ၀ယ္ခဲ့သူထံမွ ေျမခြန္မေျပက်န္ေငြ အရေကာက္ခံသည့္နည္းျဖင့္ ေကာက္ခံခြင့္ရွိသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service