တစ်နိုင်တစ်ပိုင် " မြေ နဲ့အိမ် " ဝယ်ရအောင်

တစ်နိုင်တစ်ပိုင် " မြေ နဲ့အိမ် " ဝယ်ရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
28 May 2020 1:58 pm တွင် တင်ခဲ့သည်
8023 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လူရယ်လို့ဖြစ်လာရင် ဘဝတစ်ခုကိုတည်ဆောက်ကြရတယ်။ ဒီလိုတည်ဆောက်ကြတဲ့အခါ အခြေအနေအချိန်အခါအရ ဘဝအမျိုးမျိုး၊ ပုံသဏ္ဍန်အမျိုးမျိုးပြောင်းလဲသွားကြတယ်။ အချိန်တန်အရွယ်ရောက်လူလားမြောက်ပြီဆိုတာနဲ့ ဘဝပေးအခြေအနေအရ ဖြစ်ချင်တာထက်၊ ဖြစ်သင့်တာက အရင်စခဲ့ကြရတယ်။

လုပ်ငန်းခွင်ဝင်ကြတဲ့အခါ အချို့ကတော့ အစိုးရဝန်ထမ်းတွေဖြစ်သွားကြတယ်။ အချို့ကျတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရင်း ဘဝကိုတည်ဆောက်နေကြရတယ်။ ဟိုတုန်းက အခုလိုကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီတွေ နည်းပါသေးတော့ အစိုးရဝန်ထမ်းတွေဘဲဖြစ်ချင်ကြတယ်။ အစိုးရဝန်ထမ်းဖြစ်မလာသူတွေကတော့ မိဘရဲ့ စီးပွားရေးလုပ်ငန်းတွေမှာဘဲ ဘဝကို မြှပ်နှံကြရတယ်။

ဒီလိုလုပ်ငန်းခွင်ဝင်ကြတဲ့အထဲမှာ “ရဲထက် ” တစ်ယောက်ကတော့ မိဘရဲ့ လယ်ယာလုပ်ငန်းကို စွန့်ခွာပြီး ရဲတပ်ဖွဲ့ကို ဝင်ခဲ့တယ်။ ဟိုခေတ်က (၁၀) တန်းအောင်တစ်ယောက်ဖြစ်ခဲ့ပေမယ့်လို့ ဘွဲတစ်ခုမရခဲ့တဲ့အတွက်၊ အခုပင်စင်ယူတဲ့အခါ ရဲတပ်ကြပ်ကြီး ဘဝနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီတော့ ပင်စင်ယူပြီးရင် မိမိနေခဲ့တဲ့လိုင်းခန်းက ဖယ်ပေးရပြီလေ။ ဒီတော့ ရသမျှ ပင်စင်မပျောက်ပျက်ရအောင် အနှစ် (၃၀) လောက်စုဆောင်းထားခဲ့တဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာလေးတွေ ထုခွဲရောင်းချပြီး၊ သိန်း (၅၀) လောက်နဲ့ရနိုင်မယ့် မြေနဲ့အိမ်နေရာရှာရတော့တာပေါ့။ တစ်သက်လုံး ဟိုပြောင်း၊ ဒီပြောင်း လိုင်ခန်းနဲ့ဘဲနေလာရတော့၊ လူအများနဲ့နေရတဲ့ တိုက်ခန်းတွေမှာလည်း နေဖို့စိတ်ကုန်နေသူဖြစ်ပါတယ်။ အေးအေးချမ်းချမ်း (၁၀ ပေ’ x ပေ ၆၀’) မြေနဲ့အိမ်လေးဘဲ နေရရင်လည်း ကျေနပ်တယ်။ ဒီလို စိတ်ကူးလေးနဲ့ ပင်စင်စားဘဝမှာ အခြေချမို့နေရာရှာနေခဲ့တာကြာပါပြီ။

တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ဆွေမျိုးထဲမှ ညီမတော်စပ်သူ မေသက်ဦး နဲ့ ၊ ကမာရွတ်မှာ လာဆုံကြဖြစ်ပါတယ်။ ဘယ်မှာနေထိုင်တာလည်းမေးတော့ ဒဂုံဆိပ်ကမ်း ၈၂ ရပ်ကွက်မှာနေထိုင်တဲ့အကြောင်းပြောပါတယ်။ ဒါဆိုရင် အကိုအတွက်မြေကွက်တစ်ကွက်လောက်ရှာပေးပါလား ပြောတော့ မေသက်ဦး ကလည်း တိုက်တိုက်ဆိုင်ဆိုင်ဘဲ အစ်ကိုရယ် ၊ ကျွန်မနေတဲ့ အိမ်နီးနားချင်းက (၁၀’x၆၀’) မြေနဲ့အိမ်ကို သိန်း (၅၀) နဲ့ရောင်းချင်တယ်ပြောနေတယ်။လိုက်ကြည့်ပါလား လို့ခေါ်ပါတယ်။

ဒါနဲ့ “ ဦးရဲထက် ” လည်း ဟန်ပင်မဆောင်နိုင်တော့ဘဲ ဇနီးဖြစ်သူကိုခေါ်ပြီး ရောင်းမယ်မြေကွက်ရှိရာ (၈၂) ရပ်ကွက်ကို တစ်ခါတည်းလိုက်ပါလာခဲ့တယ်။ ရောက်တယ်ဆိုရင်ဘဲ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်တယ်။ (၈၂) ရပ်ကွက်က လက်ရှိစည်ကားပြီးဖြစ်တဲ့ (၈၈) ရပ်ကွက်နဲ့ (၆၈) ရပ်ကွက် တို့ကြားမှာဖြစ်တယ်။ သံလွင်ဘိုးဘွားရိပ်သာ (ကွမ်းအပ်သားမင်းသား) လမ်းမ၊ ရတနာလမ်းမ၊ ဂရုဏလမ်းမကြီးတို့နဲ့လည်းနီးတယ်။ လက်ရှိ လူမစည်ကားသေးပေမဲ့ မကြာမီ ဖွင့်လှစ်တော့မယ့် နိုင်ငံတကာအဆင့်မီ ရတနာ (City Mart) ဈေးကြီးနဲ့လည်း နီးတာမို့ အလွန်သဘောကျသွားတယ်။

ဝယ်မဲ့ မြေကွက်ထဲမှာလည်း သွတ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ တစ်ထပ်အိမ်လေးလည်းပါတယ်ဆိုတော့ ပင်စင်ယူပြီးပြောင်းလာတာနဲ့ တစ်ခါတည်းတက်နေရုံဘဲ လျှပ်စစ်မီးလည်းသွယ်လို့ရတယ်။ရေလည်းတူးလို့ရတယ်။ ရန်ကုန်မြို့တွင်းသွားမယ်ဆိုရင်လည်း လိုင်းကားတွေပေါတယ်။ နာရီဝတ်/တစ်နာရီ ဆိုရင် မြို့ထဲရောက်တယ်ဆိုတော့ အတော်သဘောကျသွားတယ်။ ဇနီးဖြစ်သူနဲ့ တိုင်ပင်ပြီး ချက်ခြင်းဘဲ စရန်ငွေ (၁၀) သိန်းပေးခဲ့လိုက်တော့တယ်။

ကျန်တဲ့ ငွေပေးချေတဲ့နေ့မှာတော့ ရှေ့နေနဲ့ စာချုပ်တာပိုပြီး ခိုင်မာမှုရှိမယ်လို့ ယုံကြည်ထားပုံရပါတယ်။ ဒါနဲ့ အပြီးစာချုပ်တဲ့နေ့မှာ စာရေးသူထံရောက်လာကြတာပါ။ အကူအညီပေးတဲ့ မေသက်ဦး က ခေါ်လာတာပါ။ ရောင်းသူဝယ်သူ အစုံလာကြတယ်လူများတော့ Covid-19 ကူးစက်မြန်ရောဂါလည်း ခပ်ကြောက်ကြောက်ပေါ့။ တကယ်ဝယ်တဲ့အခါကျတော့ မြေချပါမစ် မူရင်းတွေလည်း ရောင်းသူဘက်က ပြပါတယ်။ ဝယ်သူက မြေချပါမစ် မိတ္တူဘဲရမှာပါ။

ရောင်းသူပြတဲ့ မြေချပါမစ်မူရင်ပြပါတယ်။ ဒါပေမဲ့ သူတို့အမည်ပေါက်မဟုတ်ပါဘူး၊ (၃) ဆင့်မြောက်လက်လွှဲဝယ်ထားတာပါ။အခုရောင်းတဲ့မြေနဲ့အိမ်ကတော့ (၄၀’x၆၀) မြေအကျယ်ထဲကမှ (၁၀’x၆၀’) ခွဲစိတ်အိမ်ဆောက်ပြီးသားကို ပြန်ရောင်းတာပါ၊ မိတ္တူဝယ်ရပေမဲ့ မူရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးဝယ်ရတာမို့ ဝယ်သူအတွက် စိတ်ချရပါတယ်။

အပြီးအပိုင်စာချုပ်ချုပ်ပြီးတာနဲ့ မိတ္တူတွေယူတဲ့အခါ မူရင်းနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှန်ကန်ကြောင်း ရောင်းသူကိုလက်မှတ်ထိုးခိုင်းပါတယ်။ လက်ဗွေနှိပ်ခိုင်းပါတယ်။ ဒီနောက်ရောင်းသူအဆင့်ဆင့်ရဲ့ မှတ်ပုံတင် မိတ္တူနဲ့ အိမ်ထောင်စုလူဦးရေ စာရင်း မိတ္တူတွေပါလာလို့ ဒါဟာ အမှန်တကယ် အရောင်းအဝယ်လုပ်ခဲ့တဲ့ စာချုပ်စာတမ်းတွေဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

လက်ရှိမှာလည်း ရောင်းသူတွေက (အလျား ၃၀ပေ x အနံ ပေ၆၀) ခေါင်းရင်းမြေကွက်မှာ နေမှာဖြစ်ပြီး ၊ ဝယ်သူက ခြေရင်းခြမ်းမှာနေရမှာဖြစ်တဲ့အတွက် အလိမ်အညာခံရမှာတွေးပူစရာမရှိတော့ပါဘူး။ စာရွက်စာတမ်းတွေပြည့်စုံပြီးဆက်စပ်မှုရှိမရှိ ရှေ့နေ ကစစ်ဆေးပေးပြီး ဖြစ်တာမို့ ဝယ်ယူသူ ရဲတပ်ကြပ်ကြီး ဦးရဲထက် လည်း အတော်ဝမ်းသာသွားပါတယ်။ ကျွန်ပ်လည်း ပင်စင်စားကြီးများကို ကူညီပေးလိုက်ရလို့ ပီတိတွေဖြစ်နေပါတယ်။ ဦးရဲထက် တို့ ဇနီးမောင်နှံများကို ကူညီပေးတဲ့ မေသက်ဦး တို့ဇနီးေ့မာင်နှံကတော့ ပိုလို့ ဝမ်းသာနေကြပါတယ်။ အနှစ်နှစ်အလလက ကွဲကွာနေကြရတဲ့ အစ်ကို တို့ မိသားစုနဲ့ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင် နေသွားကြရတော့မှာ မဟုတ်လား

အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

[Zawgyi]

တစ္ႏိုင္တစ္ပိုင္ " ေျမ နဲ႕အိမ္ " ဝယ္ရေအာင္

လူရယ္လို႕ျဖစ္လာရင္ ဘဝတစ္ခုကိုတည္ေဆာက္ၾကရတယ္။ ဒီလိုတည္ေဆာက္ၾကတဲ့အခါ အေျခအေနအခ်ိန္အခါအရ ဘဝအမ်ိဳးမ်ိဳး၊ ပံုသ႑န္အမ်ိဳးမ်ိဳးေျပာင္းလဲသြားၾကတယ္။ အခ်ိန္တန္အရြယ္ေရာက္လူလားေျမာက္ျပီဆိုတာနဲ႕ ဘဝေပးအေျခအေနအရ ျဖစ္ခ်င္တာထက္၊ ျဖစ္သင့္တာက အရင္စခဲ့ၾကရတယ္။

လုပ္ငန္းခြင္ဝင္ၾကတဲ့အခါ အခ်ိဳ႕ကေတာ့ အစိုးရဝန္ထမ္းေတြျဖစ္သြားၾကတယ္။ အခ်ိဳ႕က်ေတာ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း လုပ္ကိုင္ရင္း ဘဝကိုတည္ေဆာက္ေနၾကရတယ္။ ဟိုတုန္းက အခုလိုကိုယ္ပိုင္လုပ္ငန္း၊ ကုမၸဏီေတြ နည္းပါေသးေတာ့ အစိုးရဝန္ထမ္းေတြဘဲျဖစ္ခ်င္ၾကတယ္။ အစိုးရဝန္ထမ္းျဖစ္မလာသူေတြကေတာ့ မိဘရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာဘဲ ဘဝကို ျမွပ္နွံၾကရတယ္။

ဒီလိုလုပ္ငန္းခြင္ဝင္ၾကတဲ့အထဲမွာ “ရဲထက္ ” တစ္ေယာက္ကေတာ့ မိဘရဲ႕ လယ္ယာလုပ္ငန္းကို စြန္႕ခြာျပီး ရဲတပ္ဖြဲ႕ကို ဝင္ခဲ့တယ္။ ဟိုေခတ္က (၁၀) တန္းေအာင္တစ္ေယာက္ျဖစ္ခဲ့ေပမယ့္လို႔ ဘြဲတစ္ခုမရခဲ့တဲ့အတြက္၊ အခုပင္စင္ယူတဲ့အခါ ရဲတပ္ၾကပ္ၾကီး ဘဝနဲ႕ ေက်နပ္ခဲ့ရပါတယ္။ ဒီေတာ့ ပင္စင္ယူျပီးရင္ မိမိေနခဲ့တဲ့လို္င္းခန္းက ဖယ္ေပးရျပီေလ။ ဒီေတာ့ ရသမွ် ပင္စင္မေပ်ာက္ပ်က္ရေအာင္ အနွစ္ (၃၀) ေလာက္စုေဆာင္းထားခဲ့တဲ့ ေရႊ၊ ေငြ လက္ဝတ္ရတနာေလးေတြ ထုခြဲေရာင္းခ်ျပီး၊ သိန္း (၅၀) ေလာက္နဲ႕ရႏိုင္မယ့္ ေျမနဲ႕အိမ္ေနရာရွာရေတာ့တာေပါ့။ တစ္သက္လံုး ဟိုေျပာင္း၊ ဒီေျပာင္း လိုင္ခန္းနဲ႕ဘဲေနလာရေတာ့၊ လူအမ်ားနဲ႕ေနရတဲ့ တိုက္ခန္းေတြမွာလည္း ေနဖို႕စိတ္ကုန္ေနသူျဖစ္ပါတယ္။ ေအးေအးခ်မ္းခ်မ္း (၁၀ ေပ’ x ေပ ၆၀’) ေျမနဲ႕အိမ္ေလးဘဲ ေနရရင္လည္း ေက်နပ္တယ္။ ဒီလို စိတ္ကူးေလးနဲ႕ ပင္စင္စားဘဝမွာ အေျခခ်မို႕ေနရာရွာေနခဲ့တာၾကာပါျပီ။

တစ္ေန႕မွာေတာ့ မေမွ်ာ္လင့္ဘဲ ေဆြမ်ိဳးထဲမွ ညီမေတာ္စပ္သူ ေမသက္ဦး နဲ႕ ၊ ကမာရြတ္မွာ လာဆံုၾကျဖစ္ပါတယ္။ ဘယ္မွာေနထိုင္တာလည္းေမးေတာ့ ဒဂံုဆိပ္ကမ္း ၈၂ ရပ္ကြက္မွာေနထိုင္တဲ့အေၾကာင္းေျပာပါတယ္။ ဒါဆိုရင္ အကိုအတြက္ေျမကြက္တစ္ကြက္ေလာက္ရွာေပးပါလား ေျပာေတာ့ ေမသက္ဦး ကလည္း တိုက္တိုက္ဆိုင္ဆိုင္ဘဲ အစ္ကိုရယ္ ၊ ကၽြန္မေနတဲ့ အိမ္နီးနားခ်င္းက (၁၀’x၆၀’) ေျမနဲ႕အိမ္ကို သိန္း (၅၀) နဲ႕ေရာင္းခ်င္တယ္ေျပာေနတယ္။လိုက္ၾကည့္ပါလား လို႕ေခၚပါတယ္။

ဒါနဲ႕ “ ဦးရဲထက္ ” လည္း ဟန္ပင္မေဆာင္ႏိုင္ေတာ့ဘဲ ဇနီးျဖစ္သူကိုေခၚျပီး ေရာင္းမယ္ေျမကြက္ရွိရာ (၈၂) ရပ္ကြက္ကို တစ္ခါတည္းလိုက္ပါလာခဲ့တယ္။ ေရာက္တယ္ဆိုရင္ဘဲ ပတ္ဝန္းက်င္ကိုေလ့လာၾကည့္လိုက္တယ္။ (၈၂) ရပ္ကြက္က လက္ရွိစည္ကားျပီးျဖစ္တဲ့ (၈၈) ရပ္ကြက္နဲ႕ (၆၈) ရပ္ကြက္ တို႕ၾကားမွာျဖစ္တယ္။ သံလြင္ဘိုးဘြားရိပ္သာ (ကြမ္းအပ္သားမင္းသား) လမ္းမ၊ ရတနာလမ္းမ၊ ဂရုဏလမ္းမၾကီးတို႕နဲ႕လည္းနီးတယ္။ လက္ရွိ လူမစည္ကားေသးေပမဲ့ မၾကာမီ ဖြင့္လွစ္ေတာ့မယ့္ ႏိုင္ငံတကာအဆင့္မီ ရတနာ (City Mart) ေဈးၾကီးနဲ႕လည္း နီးတာမို႕ အလြန္သေဘာက်သြားတယ္။

ဝယ္မဲ့ ေျမကြက္ထဲမွာလည္း သြတ္မိုး၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ တစ္ထပ္အိမ္ေလးလည္းပါတယ္ဆိုေတာ့ ပင္စင္ယူျပီးေျပာင္းလာတာနဲ႕ တစ္ခါတည္းတက္ေနရုံဘဲ လွ်ပ္စစ္မီးလည္းသြယ္လို႕ရတယ္။ေရလည္းတူးလို႕ရတယ္။ ရန္ကုန္ျမိဳ႕တြင္းသြားမယ္ဆိုရင္လည္း လိုင္းကားေတြေပါတယ္။ နာရီဝတ္/တစ္နာရီ ဆိုရင္ ျမိဳ႕ထဲေရာက္တယ္ဆိုေတာ့ အေတာ္သေဘာက်သြားတယ္။ ဇနီးျဖစ္သူနဲ႕ တိုင္ပင္ျပီး ခ်က္ျခင္းဘဲ စရန္ေငြ (၁၀) သိန္းေပးခဲ့လိုက္ေတာ့တယ္။

က်န္တဲ့ ေငြေပးေခ်တဲ့ေန႕မွာေတာ့ ေရွ႕ေနနဲ႕ စာခ်ဳပ္တာပိုျပီး ခိုင္မာမႈရွိမယ္လို႕ ယံုၾကည္ထားပုံရပါတယ္။ ဒါနဲ႕ အျပီးစာခ်ဳပ္တဲ့ေန႕မွာ စာေရးသူထံေရာက္လာၾကတာပါ။ အကူအညီေပးတဲ့ ေမသက္ဦး က ေခၚလာတာပါ။ ေရာင္းသူဝယ္သူ အစံုလာၾကတယ္လူမ်ားေတာ့ Covid-19 ကူးစက္ျမန္ေရာဂါလည္း ခပ္ေၾကာက္ေၾကာက္ေပါ့။ တကယ္ဝယ္တဲ့အခါက်ေတာ့ ေျမခ်ပါမစ္ မူရင္းေတြလည္း ေရာင္းသူဘက္က ျပပါတယ္။ ဝယ္သူက ေျမခ်ပါမစ္ မိတၱဴဘဲရမွာပါ။

ေရာင္းသူျပတဲ့ ေျမခ်ပါမစ္မူရင္ျပပါတယ္။ ဒါေပမဲ့ သူတို႕အမည္ေပါက္မဟုတ္ပါဘူး၊ (၃) ဆင့္ေျမာက္လက္လႊဲဝယ္ထားတာပါ။အခုေရာင္းတဲ့ေျမနဲ႕အိမ္ကေတာ့ (၄၀’x၆၀) ေျမအက်ယ္ထဲကမွ (၁၀’x၆၀’) ခြဲစိတ္အိမ္ေဆာက္ျပီးသားကို ျပန္ေရာင္းတာပါ၊ မိတၱဴဝယ္ရေပမဲ့ မူရင္းေတြနဲ႕ တိုက္ဆိုင္စစ္ေဆးျပီးဝယ္ရတာမို႕ ဝယ္သူအတြက္ စိတ္ခ်ရပါတယ္။

အျပီးအပိုင္စာခ်ဳပ္ခ်ဳပ္ျပီးတာနဲ႕ မိတၱဴေတြယူတဲ့အခါ မူရင္းနဲ႕တိုက္ဆိုင္စစ္ေဆးျပီးမွန္ကန္ေၾကာင္း ေရာင္းသူကိုလက္မွတ္ထိုးခိုင္းပါတယ္။ လက္ေဗြႏွိ္ပ္ခိုင္းပါတယ္။ ဒီေနာက္ေရာင္းသူအဆင့္ဆင့္ရဲ႕ မွတ္ပံုတင္ မိတၱဴနဲ႕ အိမ္ေထာင္စုလူဦးေရ စာရင္း မိတၱဴေတြပါလာလို႕ ဒါဟာ အမွန္တကယ္ အေရာင္းအဝယ္လုပ္ခဲ့တဲ့ စာခ်ဳပ္စာတမ္းေတြျဖစ္တယ္ဆိုတာ သိႏိုင္ပါတယ္။

လက္ရွိမွာလည္း ေရာင္းသူေတြက (အလ်ား ၃၀ေပ x အနံ ေပ၆၀) ေခါင္းရင္းေျမကြက္မွာ ေနမွာျဖစ္ျပီး ၊ ဝယ္သူက ေျခရင္းျခမ္းမွာေနရမွာျဖစ္တဲ့အတြက္ အလိမ္အညာခံရမွာေတြးပူစရာမရွိေတာ့ပါဘူး။ စာရြက္စာတမ္းေတြျပည့္စံုျပီးဆက္စပ္မႈရွိမရွိ ေရွ႕ေန ကစစ္ေဆးေပးျပီး ျဖစ္တာမို႕ ဝယ္ယူသူ ရဲတပ္ၾကပ္ၾကီး ဦးရဲထက္ လည္း အေတာ္ဝမ္းသာသြားပါတယ္။ ကၽြန္ပ္လည္း ပင္စင္စားၾကီးမ်ားကို ကူညီေပးလိုက္ရလို႔ ပီတိေတြျဖစ္ေနပါတယ္။ ဦးရဲထက္ တို႔ ဇနီးေမာင္နွံမ်ားကို ကူညီေပးတဲ့ ေမသက္ဦး တို႕ဇနီးေ႕မာင္နွံကေတာ့ ပိုလို႕ ဝမ္းသာေနၾကပါတယ္။ အနွစ္နွစ္အလလက ကြဲကြာေနၾကရတဲ့ အစ္ကို တို႕ မိသားစုနဲ႕ တစ္သက္လံုးေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနသြားၾကရေတာ့မွာ မဟုတ္လား

အားလံုးစိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service