စာချုပ်ချုပ်မယ်ဆိုလျှင် ထမ်းဆောင်ရမည့် စာချုပ်တံဆိပ်ခေါင်းခွန် တန်ဖိုးသည် မည်မျှအရေးကြီးသနည်း။

စာချုပ်ချုပ်မယ်ဆိုလျှင် ထမ်းဆောင်ရမည့် စာချုပ်တံဆိပ်ခေါင်းခွန် တန်ဖိုးသည် မည်မျှအရေးကြီးသနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1 May 2020 11:04 am တွင် တင်ခဲ့သည်
4383 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုပါက ထမ်းဆောင်ရမည့် စာချုပ်တံဆိပ်ခေါင်းခွန်တန်ဖိုးနှုန်းထားများသည် မိမိချုပ်ဆိုမည် ဖြစ်သော စာချုပ်၏အကြောင်းအရာပေါ်မူတည်၍ ကွဲပြားပါသည်။

အိမ်ခြံမြေ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုမည်ဆိုပါက တံဆိပ်ခေါင်းတန်ဖိုး ၇%ထမ်းဆောင်ရပါမည်။ဥပမာ- သိန်းတစ်ရာငွေပမာဏ၏ တံဆိပ်ခေါင်းခွန်ပမာဏသည် ခုနှစ်သောင်းကျပ် ထမ်းဆောင်ရပါမည်။

အရပ်ဘက်တွင် အများဆုံး ချုပ်ဆိုနေကြသော သဘောတူကတိစာချုပ်မျိုးဖြစ်ပါက ယခင်က ၆၀၀ကျပ်တန် တံဆိပ်ခေါင်းစာချုပ်ဖြင့် ချုပ်ဆိုကြပြီး ယခု ၃၀၀ကျပ်တန် တံဆိပ်ခေါင်းစာချုပ်ဖြင့် ချုပ်ဆိုနိုင်ပါသည်။

အရပ်ဘက်တွင်ချုပ်ဆိုလေ့ရှိသည့် အိမ်အရောင်းအဝယ်စရံပေးစာချုပ်၊ ကားအရောင်းအဝယ်စာချုပ်၊ ငွေပေးငွေယူစာချုပ်၊ သဘောတူကတိစာချုပ်၊ အပြီးသတ်စာချုပ်၊ ယုံကြည်အပ်နှံမှုဖြင့် ငွေပေးငွေယူစာချုပ်၊ အိမ်ငှားစာချုပ် အစရှိသည့်စာချုပ်များတွင် တံဆိပ်ခေါင်းခွန် ၃၀၀ကျပ်တန်ဖြင့် ချုပ်ဆိုနိုင်ပါသည်။

အကယ်၍ မိမိချုပ်ဆိုခဲ့သော စာချုပ်သည် ချုပ်ဆိုစဉ်က တံဆိပ်ခေါင်းခွန်လုံလောက်စွာ ထမ်းဆောင်ထားခြင်းမရှိ ပဲ ချုပ်ဆိုမိပါက မည်သည့်အကျိုးဆက်များပေါ်ပေါက်နိုင်သလဲဆိုတာကို ဆက်လက်ဖော်ပြပါမည်။

စာချုပ်ပါအချက်အလက်များဖောက်ဖျက်မှှုကြောင့်၊ သဘောတူအချက်များ အငြင်းပွားမှုများဖြစ်လာသည့်အခါ တရားတဘောင် စွဲဆိုမှုများ ပေါ်ပေါက်ပြီးရင်ဆိုင်ရလာပါသည်။ ထိုမှတဆင့် အမှုစစ်ဆေးသည့်အခါ နစ်နာသူ(သို့) အကျိုးရလိုသူက စာချုပ်သက်သေကို တရားရုံးသို့ တင်သွင်းရပါသည်။ထိုသို့တင်ပြရာမှာ မိမိတင်သွင်းလိုသော စာချုပ်မှာ တံဆိပ်ခေါင်းခွန် မလုံလောက်တဲ့အခါ ရုံးတော်မှသက်သေခံအဖြစ် လက်ခံမည်မဟုတ်ပါ။ မှတ်ပုံတင်ခြင်း၊ မှန်ကန်ကြောင်း အသိအမှတ်ပြု သက်သေခံလက်မှတ် ရေးထိုးပေးခြင်းစသည်တို့ကို သက်ဆိုင်ရာငှာနအသီးသီးမှ လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။ တံဆိပ်ခေါင်းခွန်မလုံလောက်သည့် စာချုပ်စာတမ်းကို စိစစ်တွေ့ရှိရလျှင် ထပ်မံထမ်းဆောင်ရမည့် တံဆိပ်ခေါင်း ပမာဏအပြင် ယင်း၏ ၁၀ဆနှင့် ညီမျှသောငွေကို အခွန်ဒဏ်ကြေးပေးဆောင်ပြီး ၎င်းကုစားနည်းတစ်မျိုးဖြင့် သာ ဥပဒေအရဆက်လက်အရေးယူ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ထိုနည်းဖြင့် သက်သေခံအဖြစ် လက်ခံနိုင်ရန်ကုစားယူရပါသည်။ ထို့ကြောင့် စာချုပ်တစ်စောင်ချုပ်မည်ဆိုပါက ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် လုံလောက်ပြည့်စုံစွာ ထမ်းဆောင်ကြဖို့ရာ အရေးကြီးသောအချက်တစ်ခုပင်ဖြစ်ပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စာခ်ဳပ္ခ်ဳပ္မယ္ဆိုလွ်င္ ထမ္းေဆာင္ရမည့္ စာခ်ဳပ္တံဆိပ္ေခါင္းခြန္ တန္ဖိုးသည္ မည္မွ်အေရးၾကီးသနည္း။

စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမည္ဆိုပါက ထမ္းေဆာင္ရမည့္ စာခ်ဳပ္တံဆိပ္ေခါင္းခြန္တန္ဖိုးႏႈန္းထားမ်ားသည္ မိမိခ်ဳပ္ဆိုမည္ ျဖစ္ေသာ စာခ်ဳပ္၏အေၾကာင္းအရာေပၚမူတည္၍ ကြဲျပားပါသည္။

အိမ္ျခံေျမ အေရာင္းအ၀ယ္စာခ်ဳပ္ကို မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုပါက တံဆိပ္ေခါင္းတန္ဖိုး ၇%ထမ္းေဆာင္ရပါမည္။ဥပမာ- သိန္းတစ္ရာေငြပမာဏ၏ တံဆိပ္ေခါင္းခြန္ပမာဏသည္ ခုႏွစ္ေသာင္းက်ပ္ ထမ္းေဆာင္ရပါမည္။

အရပ္ဘက္တြင္ အမ်ားဆုံး ခ်ဳပ္ဆိုေနၾကေသာ သေဘာတူကတိစာခ်ဳပ္မ်ိဳးျဖစ္ပါက ယခင္က ၆၀၀က်ပ္တန္ တံဆိပ္ေခါင္းစာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုၾကၿပီး ယခု ၃၀၀က်ပ္တန္ တံဆိပ္ေခါင္းစာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုႏိုင္ပါသည္။

အရပ္ဘက္တြင္ခ်ဳပ္ဆိုေလ့ရွိသည့္ အိမ္အေရာင္းအ၀ယ္စရံေပးစာခ်ဳပ္၊ ကားအေရာင္းအ၀ယ္စာခ်ဳပ္၊ ေငြေပးေငြယူစာခ်ဳပ္၊ သေဘာတူကတိစာခ်ဳပ္၊ အၿပီးသတ္စာခ်ဳပ္၊ ယုံၾကည္အပ္ႏွံမႈျဖင့္ ေငြေပးေငြယူစာခ်ဳပ္၊ အိမ္ငွားစာခ်ဳပ္ အစရွိသည့္စာခ်ဳပ္မ်ားတြင္ တံဆိပ္ေခါင္းခြန္ ၃၀၀က်ပ္တန္ျဖင့္ ခ်ဳပ္ဆိုႏိုင္ပါသည္။

အကယ္၍ မိမိခ်ဳပ္ဆိုခဲ့ေသာ စာခ်ဳပ္သည္ ခ်ဳပ္ဆိုစဥ္က တံဆိပ္ေခါင္းခြန္လုံေလာက္စြာ ထမ္းေဆာင္ထားျခင္းမရွိ ပဲ ခ်ဳပ္ဆိုမိပါက မည္သည့္အက်ိဳးဆက္မ်ားေပၚေပါက္ႏိုင္သလဲဆိုတာကို ဆက္လက္ေဖာ္ျပပါမည္။

စာခ်ဳပ္ပါအခ်က္အလက္မ်ားေဖာက္ဖ်က္မွႈေၾကာင့္၊ သေဘာတူအခ်က္မ်ား အျငင္းပြားမႈမ်ားျဖစ္လာသည့္အခါ တရားတေဘာင္ စြဲဆိုမႈမ်ား ေပၚေပါက္ျပီးရင္ဆိုင္ရလာပါသည္။ ထိုမွတဆင့္ အမႈစစ္ေဆးသည့္အခါ နစ္နာသူ(သို႔) အက်ိဳးရလိုသူက စာခ်ဳပ္သက္ေသကို တရားရုံးသို႔ တင္သြင္းရပါသည္။ထိုသို႔တင္ျပရာမွာ မိမိတင္သြင္းလိုေသာ စာခ်ဳပ္မွာ တံဆိပ္ေခါင္းခြန္ မလုံေလာက္တဲ့အခါ ရုံးေတာ္မွသက္ေသခံအျဖစ္ လက္ခံမည္မဟုတ္ပါ။ မွတ္ပုံတင္ျခင္း၊ မွန္ကန္ေၾကာင္း အသိအမွတ္ျပဳ သက္ေသခံလက္မွတ္ ေရးထိုးေပးျခင္းစသည္တို႔ကို သက္ဆိုင္ရာငွာနအသီးသီးမွ လက္ခံေဆာင္ရြက္ေပးမည္မဟုတ္ပါ။ တံဆိပ္ေခါင္းခြန္မလုံေလာက္သည့္ စာခ်ဳပ္စာတမ္းကို စိစစ္ေတြ႔ရွိရလွ်င္ ထပ္မံထမ္းေဆာင္ရမည့္ တံဆိပ္ေခါင္း ပမာဏအျပင္ ယင္း၏ ၁၀ဆႏွင့္ ညီမွ်ေသာေငြကို အခြန္ဒဏ္ေၾကးေပးေဆာင္ျပီး ၄င္းကုစားနည္းတစ္မ်ိဳးျဖင့္ သာ ဥပေဒအရဆက္လက္အေရးယူ ေဆာင္ရြက္ၾကရမည္ျဖစ္ပါသည္။ထိုနည္းျဖင့္ သက္ေသခံအျဖစ္ လက္ခံႏိုင္ရန္ကုစားယူရပါသည္။ ထို႔ေၾကာင့္ စာခ်ဳပ္တစ္ေစာင္ခ်ဳပ္မည္ဆိုပါက ထမ္းေဆာင္ရမည့္ တံဆိပ္ေခါင္းခြန္ လုံေလာက္ျပည့္စုံစြာ ထမ္းေဆာင္ၾကဖို႔ရာ အေရးၾကီးေသာအခ်က္တစ္ခုပင္ျဖစ္ေပသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service