အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း (Benami) (ဘီနာမီစနစ်အရ အမည်ငှားတွင်ပိုင်ဆိုင်မှုခိုင်မာခြင်းရှိပါသလား)

အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း (Benami) (ဘီနာမီစနစ်အရ အမည်ငှားတွင်ပိုင်ဆိုင်မှုခိုင်မာခြင်းရှိပါသလား) - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2020 12:37 pm တွင် တင်ခဲ့သည်
2688 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို လူတစ်ယောက်က ဝယ်ယူတဲ့အခါ အကြောင်းတစ်မျိုးမျိုးကြောင့် မိမိနာမည်နှင့် မဝယ်ယူပဲ တခြားလူနာမည်နဲ့ အမည်ငှားဝယ်ယူခဲ့တယ်။ ထိုသို့ဝယ်ယူခြင်းကို ဘီနာမီ(Benami)အမည်ငှားစနစ်လို့ ခေါ်ပါတယ်။

အဖေက မြေကွက်တစ်ကွက်ကို သူ့ဝင်ငွေနှင့် ဝယ်ယူသည့်အခါ ဝယ်ယူသူနေရာမှာ သားအရင်းဖြစ်သူနာမည်ဖြင့် ဝယ်ယူခဲ့တယ်။ အမည်ငှားစနစ်နဲ့ ဝယ်ယူခဲ့လို့ သူ့သားကို အမည်ငှားသူ ဘီနာမီဒါ (Benamidar)လို့ ခေါ်ပါတယ်။

ဘီနာမီဒါသည် ဝယ်ယူလိုက်သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်မှုအပေါ် အမှန်တကယ်ပိုင်ဆိုင်မှု ရှိသလား။

ဘီနာမီဒါသည် အမှန်တကယ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်သူမဟုတ်ပါ။

အမှန်တကယ်အမည်ငှားဖြစ်ရုံမှတပါး ပိုင်ဆိုင်မှုများလက်ရှိမဖြစ်နိုင်ပါ။ ဒါ့ကြောင့်ဒီစနစ်ဟာ ပြဿနာရှုပ်ထွေးလာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ မိဘမှ သားတစ်ဦးအမည်နှင့် မိဘအမည်ဖြင့် အမည်ငှားသည်ဖြစ်စေ၊ တစ်ချိန်ချိန်မှာ အမွေဆိုင်ပြဿနာပေါင်းများစွာ ဖြစ်လာနိုင်ပါတယ်။

အမည်ငှားစနစ်ဖြင့် ဝယ်ယူခဲ့သူသည် စာချုပ်စာတမ်းကို လက်ဝယ်ရယူထားဖို့လိုအပ်ပါတယ်။ အမည်ငှားထားသူထံ စာချုပ်စာတမ်းနှင့်အတူ မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါအပ်နှံထားမိပါက ပိုင်ဆိုင်မှုအငြင်းပွားစရာပြဿနာတွေ အမည်ငှားဝယ်ယူသည်ဖြစ်စေ၊ သားသမီးမှ ဖြစ်လာနိုင်ကြောင်း သတိပြုသင့်ပါတယ်။ အမည်ငှားသူဖြစ်ကြောင်း သက်သေပြရန် ခက်ခဲပါလိမ့်မယ်။ ထို့ကြောင့် အမည်ငှားဖြင့် ဝယ်ယူလိုပါက ခိုင်လုံသော အကြောင်းပြချက်နှင့် တကွ ဝယ်ယူသည့် အရာကို လက်ရောက်ရယူထားရန် အရေးကြီးပါတယ်။

ဦးနီက ငွေစိုက်ထုတ်ပြီး ဦးဖြူအမည်ဖြင့် မြေကွက်တစ်ကွက်စာချုပ်ချုပ်ဝယ်တယ်။ ဦးနီက ပိုင်ရှင်အစစ်(Real Owner)ဖြစ်ပါတယ်။ ဦးဖြူအမည်နဲ့ဝယ်ထားပြီး ဦးဖြူက ပိုင်ဆိုင်သူဖြစ်မယ့်အလားအလာရှိသူအနေနှင့် ပိုင်ဆိုင်မှုအမည်ခံတစ်ဦးသာ ဖြစ်ပါတယ်။

အကယ်၍ ဦးဖြူက ၎င်းမြေကွက်ကို အခြားသူကို လွှဲပြောင်းရင် ဘီနာမီဒါ လွှဲပြောင်းခြင်းလို့ ခေါ်ပါတယ်။ နိုင်ငံခြားရောက်နေသော သားသမီးများမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဝယ်ယူလိုသည့်အခါ မိဘ(၂)ဦးအနက်မှ တစ်ဦးဦးအမည်နှင့် အမည်ငှားဝယ်ယူထားတတ်ကြပါသည်။ ၎င်းတို့ မိမိတို့နေရပ်ပြန်လာသည့်အခါမှသာ အရောင်းအဝယ်စာချုပ်တွင် ရောင်းသူ၊ဝယ်သူအဖြစ် တစ်ဆင့် ပြန်လည်စာချုပ်စာတမ်းချုပ်ဆိုပြီး အရောင်းအဝယ်ပိုင်ဆိုင်မှု လွှဲပြောင်းပေးပါသည်။ ပြန်လည်လွှဲပြောင်း ထားခြင်းမရှိပါကမွေးချင်းမောင်နှမများနှင့် မိသားစုတို့အကြား အမွေပိုင်ဆိုင်မှုအငြင်းပွားပြဿနာများ ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service