သေခါနီးဆဲဆဲပေးကမ်းခြင်း (a death- bed gift)နှင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအဆိုပြုချက်များ

သေခါနီးဆဲဆဲပေးကမ်းခြင်း (a death- bed gift)နှင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအဆိုပြုချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2020 2:00 pm တွင် တင်ခဲ့သည်
2010 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

သေခါနီးဆဲဆဲပေးကမ်းခြင်းဆိုသည်မှာ ပေးကမ်းမည့်သူသည် ပြန်လည်ကျန်းမာရန် မရှိပဲ သေရမည်ကို သိရှိမျှော်မှန်း၍ ပေးကမ်းခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။

ဥပဒေအရ သေခါနီးဆဲဆဲ ပေးကမ်းခြင်း(a death- bed gift) ဖြစ်ကြောင်းထင်ရှားစေရန် ပေးကမ်းသူသည် အိပ်ရာထက်၌ လဲနေပြီး မမာမကျန်းဖြစ်နေကြောင်းနှင့် ပစ္စည်းပေးကမ်းနေချိန်တွင် ပြန်လည်ကျန်းမာရန် မျှော်လင့်ချက် မရှိကြောင်းဆိုသည့် အချက်(၂)ချက်သည် အဓိက သက်သေထင်ရှားစွာ ဖော်ပြနိုင်ရပါမည်။

မဖွားဆွေနှင့်မတင်ညို ၂ယူဘီအာ(၁၉၀၂-၀၃)ပေးကမ်းစာ-၁ကို ရည်ညွှန်း၍ သေခါနီးဆဲဆဲ ပေးကမ်းခြင်းသည် ပေးကမ်းသူသည် ၎င်းသေဆုံးသွားသောအခါမှ ပေးရန်ရည်ရွယ်၍ ပြုလုပ်သည်ဟု မှတ်ယူကြရမည်ဖြစ်ရာ သေတမ်းစာပြုလုပ်သည့် သဘောပင်ဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာများ၌ သေတမ်းစာပြုလုပ်၍ ခွဲဝေခွင့်မရှိသောကြောင့် အကယ်၍ သေခါနီးဆဲ ဆဲ ပေးကမ်းခြင်းကို အသိအမှတ်ပြုခဲ့လျှင် မိမိတို့လူမျိုး၏ဥပဒေကို ချိုးဖောက်ရာရောက်ပေမည်။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာဝင်များအဖို့ သေခါနီးဆဲဆဲပေးကမ်းခြင်းကို ဆောင်ရွက်လေ့မရှိ၊ ဆောင်ရွက်ပါကလည်း တရားမဝင်ဖြစ်ပေမည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦး၏အမွေကို အခြားဘာသာကွဲသော အမွေဆိုင်တစ်ဦးက အမွေဆက်ခံခွင့်ရှိပါသည်။ ဘာသာကွဲသောမိဘဖြစ်လင့်ကစား အမွေဆိုင်ဖြစ်သဖြင့် ဘာသာကွဲဖြစ်စေကာမူ အမွေရထိုက်ခွင့် ရှိပါသည်။

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ မခွဲဝေရသေးသော အမွေတွင် အမွေဆိုင်တစ်ဦး ရရန်ရှိသော အကျိုးသက်ဆိုင်ခွင့်သည် အပြီးအပိုင်ရရှိသည့် အကျိုးသက်ဆိုင်ခွင့် ဖြစ်၍ အမွေရှင်ကွယ်လွန်သောအခါ အမွေစား၊ အမွေခံများသို့ သက်ရောက်သည်။ အမွေဆက်ခံခြင်းဟူသည် ဆိုင်းငံ့ထား၍မဖြစ်၊ အမွေသည်ဆက်ခံရရှိသည်နှင့် တပြိုင်နက် ရုတ်သိမ်းမရသည်မှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအမွေခန်း၏ အခြေခံသဘောပင် ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေသခါနီးဆဲဆဲေပးကမ္းျခင္း (a death- bed gift)ႏွင့္ ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအဆိုျပဳခ်က္မ်ား

ေသခါနီးဆဲဆဲေပးကမ္းျခင္းဆိုသည္မွာ ေပးကမ္းမည့္သူသည္ ျပန္လည္က်န္းမာရန္ မရွိပဲ ေသရမည္ကို သိရွိေမွ်ာ္မွန္း၍ ေပးကမ္းျခင္းျဖစ္သည္ဟု မွတ္ယူႏိုင္သည္။

ဥပေဒအရ ေသခါနီးဆဲဆဲ ေပးကမ္းျခင္း(a death- bed gift) ျဖစ္ေၾကာင္းထင္ရွားေစရန္ ေပးကမ္းသူသည္ အိပ္ရာထက္၌ လဲေနၿပီး မမာမက်န္းျဖစ္ေနေၾကာင္းႏွင့္ ပစၥည္းေပးကမ္းေနခ်ိန္တြင္ ျပန္လည္က်န္းမာရန္ ေမွ်ာ္လင့္ခ်က္ မရွိေၾကာင္းဆိုသည့္ အခ်က္(၂)ခ်က္သည္ အဓိက သက္ေသထင္ရွားစြာ ေဖာ္ျပႏိုင္ရပါမည္။

မဖြားေဆြႏွင့္မတင္ညိဳ ၂ယူဘီအာ(၁၉၀၂-၀၃)ေပးကမ္းစာ-၁ကို ရည္ၫႊန္း၍ ေသခါနီးဆဲဆဲ ေပးကမ္းျခင္းသည္ ေပးကမ္းသူသည္ ၎ေသဆုံးသြားေသာအခါမွ ေပးရန္ရည္႐ြယ္၍ ျပဳလုပ္သည္ဟု မွတ္ယူၾကရမည္ျဖစ္ရာ ေသတမ္းစာျပဳလုပ္သည့္ သေဘာပင္ျဖစ္သည္။

ျမန္မာဗုဒၶဘာသာမ်ား၌ ေသတမ္းစာျပဳလုပ္၍ ခြဲေဝခြင့္မရွိေသာေၾကာင့္ အကယ္၍ ေသခါနီးဆဲ ဆဲ ေပးကမ္းျခင္းကို အသိအမွတ္ျပဳခဲ့လွ်င္ မိမိတို႔လူမ်ိဳး၏ဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ေပမည္။ ထို႔ေၾကာင့္ ျမန္မာဗုဒၶဘာသာဝင္မ်ားအဖို႔ ေသခါနီးဆဲဆဲေပးကမ္းျခင္းကို ေဆာင္႐ြက္ေလ့မရွိ၊ ေဆာင္႐ြက္ပါကလည္း တရားမဝင္ျဖစ္ေပမည္။

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒတြင္ ျမန္မာဗုဒၶဘာသာဝင္ တစ္ဦး၏အေမြကို အျခားဘာသာကြဲေသာ အေမြဆိုင္တစ္ဦးက အေမြဆက္ခံခြင့္ရွိပါသည္။ ဘာသာကြဲေသာမိဘျဖစ္လင့္ကစား အေမြဆိုင္ျဖစ္သျဖင့္ ဘာသာကြဲျဖစ္ေစကာမူ အေမြရထိုက္ခြင့္ ရွိပါသည္။

ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရ မခြဲေဝရေသးေသာ အေမြတြင္ အေမြဆိုင္တစ္ဦး ရရန္ရွိေသာ အက်ိဳးသက္ဆိုင္ခြင့္သည္ အၿပီးအပိုင္ရရွိသည့္ အက်ိဳးသက္ဆိုင္ခြင့္ ျဖစ္၍ အေမြရွင္ကြယ္လြန္ေသာအခါ အေမြစား၊ အေမြခံမ်ားသို႔ သက္ေရာက္သည္။ အေမြဆက္ခံျခင္းဟူသည္ ဆိုင္းငံ့ထား၍မျဖစ္၊ အေမြသည္ဆက္ခံရရွိသည္ႏွင့္ တၿပိဳင္နက္ ႐ုတ္သိမ္းမရသည္မွာ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအေမြခန္း၏ အေျခခံသေဘာပင္ ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service