မြေ၊ အဆောက်အဦ၊ အခန်း စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ငှားရမ်းသည့်အခါ တံဆိပ်ခေါင်းခွန် ဥပဒေအရ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် မည်မျှပေးဆောင်ရမည်နည်း ?

မြေ၊ အဆောက်အဦ၊ အခန်း စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ငှားရမ်းသည့်အခါ တံဆိပ်ခေါင်းခွန် ဥပဒေအရ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် မည်မျှပေးဆောင်ရမည်နည်း ? - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2020 12:06 pm တွင် တင်ခဲ့သည်
2342 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ငှားရမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ကို အပြည့်ထမ်းဆောင်ပြီး စာချုပ်ဆိုမှသာလျှင် တရားဝင်စာချုပ်စာတမ်း တစ်စောင်ဖြစ်ပါသည်။

ငှားရမ်းသည့် အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ရုံးတွင် စာချုပ်မချုပ်ဆိုမီ (၁)ရက် (သို့မဟုတ်) စာချုပ်ချုပ်ဆိုသည့်နေ့တွင် တံဆိပ်ခေါင်းခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ တံဆိပ်ခေါင်းခွန်ကို ငှားယူသူ မှ ပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- ငှားရမ်းကာလသည် (၁)နှစ်ထက် မပိုလျှင် (ငှားရမ်းခရငွေ၏ ဝ.၅%)၊

- ငှားရမ်းကာလသည် (၃)နှစ်ထက် မပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ဝ.၅%)၊

- ငှားရမ်းကာလသည် (၃)နှစ်ထက်ပိုလျှင် (ပျဉ်းမျှ ငှားရမ်းခရငွေ၏ ၂%)၊

- အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့် သဘောသက်ရောက်လျှင် (ပထမနှစ် ၅၀ အတွက် ပေးရမည့် ငှားရမ်းခငွေ၏ ၅ပုံ ၁ပုံအပေါ် ၂%)၊

- အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့် သဘောသက်ရောက်လျှင် (ပထမနှစ် ၅၀ အတွက် ပေးရမည့် ငှားရမ်းခငွေ၏ ၅ပုံ ၁ပုံအပေါ် ၂%)၊

- အငှားစာချုပ်မှာ စပေါ်ငွေပါလျှင် (အငှား စာချုပ်တွင် ပေးဆောင်ရမည်ဖြစ်သည့် တံဆိပ်ခေါင်းခွန် အပြင် ထိုစာချုပ်တွင် ဖော်ပြထားသည့် စပေါ်ငွေအပေါ် တံဆိပ်ခေါင်းခွန်မှာ ၂%) ဖြင့် တံဆိပ်ခေါင်းခွန်ကျသင့်မှာဖြစ်ပါတယ်။

မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ဝင်ငွေရရှိသူသည် တစ်နှစ်လျှင် ကျပ်သိန်း(၅၀၀)ကျော်လျှင် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်းကို ပစ္စည်းငှားယူသူထံမှ တစ်ပါတည်းရယူပြီး ကြိုတင်ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းရမည်။

ထို့ပြင် စုစုပေါင်းငှားရမ်းခရငွေအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ် (၁၀) ရာခိုင်နှုန်း ဖြင့် သီးခြားဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါသတ်မှတ်နှုန်းထားများအတိုင်း တံဆိပ်ခေါင်းခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကို ငှား ယူသူမှ ပေးဆောင်ရန်တာဝန်ရှိမည်ဖြစ်ပြီး ငှားရမ်းသူမှ ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမ၊ အေဆာက္အဦ၊ အခန္း စသည့္ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ငွားရမ္းသည့္အခါ တံဆိပ္ေခါင္းခြန္ ဥပေဒအရ တံဆိပ္ေခါင္းခြန္၊ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ ၀င္ေငြခြန္ မည္မွ်ေပးေဆာင္ရမည္နည္း ?

မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ငွားရမ္းျခင္းအတြက္ တံဆိပ္ေခါင္းခြန္ကို အျပည့္ထမ္းေဆာင္ၿပီး စာခ်ဳပ္ဆိုမွသာလွ်င္ တရား၀င္စာခ်ဳပ္စာတမ္း တစ္ေစာင္ျဖစ္ပါသည္။

ငွားရမ္းသည့္ အေျခပစၥည္းတည္ရွိရာ ၿမိဳ႕နယ္အခြန္ရံုးတြင္ စာခ်ဳပ္မခ်ဳပ္ဆိုမီ (၁)ရက္ (သို႔မဟုတ္) စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေန႔တြင္ တံဆိပ္ေခါင္းခြန္ ေပးေဆာင္ရမွာျဖစ္ပါတယ္။ တံဆိပ္ေခါင္းခြန္ကို ငွားယူသူ မွ ေပးေဆာင္ရမည္ျဖစ္္ၿပီး ေပးေဆာင္ရမည့္ တံဆိပ္ေခါင္းခြန္ႏႈန္းထားမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

- ငွားရမ္းကာလသည္ (၁)ႏွစ္ထက္ မပိုလွ်င္ (ငွားရမ္းခရေငြ၏ ၀.၅%)၊

- ငွားရမ္းကာလသည္ (၃)ႏွစ္ထက္ မပိုလွ်င္ (ပ်မ္းမွ်ငွားရမ္းခရေငြ၏ ၀.၅%)၊

- ငွားရမ္းကာလသည္ (၃)ႏွစ္ထက္ပုိလွ်င္ (ပ်ဥ္းမွ် ငွားရမ္းခရေငြ၏ ၂%)၊

- အငွားစာခ်ဳပ္မွာ ထာ၀စဥ္ျဖစ္သည့္ သေဘာသက္ေရာက္လွ်င္ (ပထမႏွစ္ ၅၀ အတြက္ ေပးရမည့္ ငွားရမ္းခေငြ၏ ၅ပံု ၁ပံုအေပၚ ၂%)၊

- အငွားစာခ်ဳပ္မွာ ထာ၀စဥ္ျဖစ္သည့္ သေဘာသက္ေရာက္လွ်င္ (ပထမႏွစ္ ၅၀ အတြက္ ေပးရမည့္ ငွားရမ္းခေငြ၏ ၅ပံု ၁ပံုအေပၚ ၂%)၊

- အငွားစာခ်ဳပ္မွာ စေပၚေငြပါလွ်င္ (အငွား စာခ်ဳပ္တြင္ ေပးေဆာင္ရမည္ျဖစ္သည့္ တံဆိပ္ေခါင္းခြန္ အျပင္ ထိုစာခ်ဳပ္တြင္ ေဖာ္ျပထားသည့္ စေပၚေငြအေပၚ တံဆိပ္ေခါင္းခြန္မွာ ၂%) ျဖင့္ တံဆိပ္ေခါင္းခြန္က်သင့္မွာျဖစ္ပါတယ္။

ေျမငွားရမ္းျခင္း၊ အေဆာက္အအုံငွားရမ္းျခင္း၊ အခန္းငွားရမ္းျခင္းမွ ဝင္ေငြရ႐ွိသူသည္ တစ္ႏွစ္လွ်င္ က်ပ္သိန္း(၅၀၀)ေက်ာ္လွ်င္ ကုန္သြယ္လုပ္ငန္းခြန္ (၅)ရာခိုင္ႏႈန္းကို ပစၥည္းငွားယူသူထံမွ တစ္ပါတည္းရယူၿပီး ႀကိဳတင္ကုန္သြယ္လုပ္ငန္းခြန္ ေပးသြင္းရမည္။

ထို႔ျပင္ စုစုေပါင္းငွားရမ္းခရေငြအေပၚ ၀င္ေငြခြန္ဥပေဒ ပုဒ္မ ၆ အရ သက္သာခြင့္မ်ားႏုတ္ပယ္ၿပီး က်န္ေငြအေပၚ (၁၀) ရာခိုင္ႏႈန္း ျဖင့္ သီးျခားဝင္ေငြခြန္က်သင့္မည္ျဖစ္ပါသည္။

ထို႔ေၾကာင့္ အထက္ပါသတ္မွတ္နႈန္းထားမ်ားအတိုင္း တံဆိပ္ေခါင္းခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္ကို ငွား ယူသူမွ ေပးေဆာင္ရန္တာ၀န္ရွိမည္ျဖစ္ၿပီး ငွားရမ္းသူမွ ၀င္ေငြခြန္ေပးေဆာင္ရမည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service