လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရရှိနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ - Property Knowledge in Myanmar from iMyanmarHouse.com
26 Mar 2020 12:52 pm တွင် တင်ခဲ့သည်
6265 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Unicode Version ###

သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အဖွဲ့အစည်း သို့မဟုတ် အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ-

(၁) လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ(ပုံစံ-၁)ကို သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ရယူ၍ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ လျှောက်ထားရပါမည်။

(၂) ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လျှောက်လွှာ လက်ခံရရှိသည့် နေ့မှ (၁)လ အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့ စီစစ်ထောက်ခံချက် ပေးပို့ရပါမည်။

(၃) မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်လွှာလက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း ကန့်ကွက် လိုသူရှိပါက ကန့်ကွက်နိုင်ကြောင်း ထုတ်ဆင့် ကြော်ငြာမည်ဖြစ်သည်။

(၄) ၎င်းကြော်ငြာစာကို မြို့နယ်ဦးစီးဌာနရုံးနှင့် လယ်ယာမြေတည်ရှိရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားပါမည်။ကြော်ငြာတွင် (၁)လအတွင်း ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားပါသည်။

(၅) ကန့်ကွက်ချက်တစ်စုံတစ်ရာ ရရှိလျှင် မြို့နယ်ဦးစီးဌာနရုံးသည် လက်ခံရရှိသည့် နေ့မှ(၇) ရက်အတွင်း ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ စုံစမ်းစစ်ဆေးတင်ပြရန် ဆောင်ရွက်အကြောင်းကြားမည်ဖြစ်ပါသည်။

(၆) ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သည် စုံစမ်းစစ်ဆေး တွေ့ရှိချက်ကို (၇) ရက်အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့ တင်ပြရမည် ဖြစ်ပါသည်။

(၇) မြို့နယ်ဦးစီးဌာနရုံးသည် တင်ပြချက်ကို လက်ခံရရှိသည့်နေ့မှ (၁) လအတွင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ သဘောထားမှတ်ချက်နှင့်အတူ လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်း စာတွဲကို တင်ပြရမည်။

(၈) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရရှိသည့်လုပ်ငန်းစာတွဲအား လက်ခံရရှိသည့် နေ့မှ (၇) ရက်အတွင်း သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြရမည်ဖြစ်သည်။

(၉) ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်း စာတွဲကို လက်ခံရရှိသည့် နေ့မှ (၁၅)ရက်အတွင်း လျှောက်ထားချက်ကို ခွင့်ပြုကြောင်း (သို့မဟုတ်) ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနရုံးသို့ အကြောင်း ကြားရမည်။

(၁၀) မြို့နယ်ဦးစီးဌာနရုံးသည် -

(က) ခွင့်ပြုကြောင်းအကြောင်းကြားချက်ကိုရလျှင် လုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာမြေ မှတ်ပုံတင်ရန် ဦးစီးဌာန ရငွေစာရင်းသို့ မှတ်ပုံတင်ကြေးအဖြစ် ဦးပိုင်လုပ်ကွက် ၁-ခုလျှင် ၅၀၀ ကျပ်နှုန်းပေးသွင်းစေပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြရမည်။

(ခ) ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေလုပ်ပိုင်ခွင့် ငြင်းပယ်ခြင်းခံရသူများ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။

(၁၁) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ အကြောင်းကြား ချက်နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးပြီး ငြင်းပယ်ခြင်းခံရသူထံသို့လည်း ငြင်းပယ်ကြောင်း အကြောင်းကြားစာ ပုံစံ(၈) ကို ပေးပို့သွားမည် ဖြစ်သည်။

(၁၂) ငြင်းပယ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသူသည် ဆုံးဖြတ်ချက်အပေါ် မကျေနပ်ချက် တစ်စုံတစ်ရာရှိပါက လယ်ယာမြေဥပဒေပုဒ်မ(၂၂)ပါ ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ မူလမြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ရန် ဖြစ်သည်။

(ဦးစီးဌာနဆိုသည်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကို ဆိုလိုပါသည်) လက်ရှိအသုံးပြုခွင့်ရရှိထားသော လယ်ယာမြေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်သည့်ကြေငြာချက်ကို နိုင်ငံတော်သမ္မတရုံး ကျေးလက်/မြို့ပြအခန်းကဏ္ဍတွင် အသိပေးထုတ်ပြန် ကြေညာထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇) ရရွိႏိုင္ေရး ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ား

သတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္စုံသည့္ အဖြဲ႕အစည္း သို႔မဟုတ္ အသက္ (၁၈) ႏွစ္ျပည့္ၿပီးသူ ႏိုင္ငံသားမ်ားအတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ (၇) ရ႐ွိႏိုင္ရန္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားမွာ-

(၁) လယ္ယာေျမလုပ္ပိုင္ခြင့္ေလွ်ာက္လႊာ(ပုံစံ-၁)ကို သက္ဆိုင္ရာ ရပ္ကြက္(သို႔မဟုတ္) ေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ အခမဲ့ရယူ၍ ရပ္ကြက္(သို႔မဟုတ္) ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕သို႔ ေလွ်ာက္ထားရပါမည္။

(၂) ရပ္ကြက္(သို႔မဟုတ္)ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ ေလွ်ာက္လႊာ လက္ခံရ႐ွိသည့္ ေန႔မွ (၁)လ အတြင္း ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ စီစစ္ေထာက္ခံခ်က္ ေပးပို႔ရပါမည္။

(၃) ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ ေလွ်ာက္လႊာလက္ခံရ႐ွိသည့္ေန႔မွ (၁၅) ရက္အတြင္း ကန္႔ကြက္လိုသူ႐ွိပါက ကန္႔ကြက္ႏိုင္ေၾကာင္း ထုတ္ဆင့္ ေၾကာ္ျငာမည္ျဖစ္သည္။

(၄) ၎ေၾကာ္ျငာစာကို ၿမိဳ႕နယ္ဦးစီးဌာန႐ုံးႏွင့္ လယ္ယာေျမတည္႐ွိရာ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားတြင္ ကပ္ထားပါမည္။ေၾကာ္ျငာတြင္ (၁)လအတြင္း ကန္႔ကြက္ႏိုင္ေၾကာင္း ေဖာ္ျပထားပါသည္။

(၅) ကန္႔ကြက္ခ်က္တစ္စုံတစ္ရာ ရ႐ွိလွ်င္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ လက္ခံရ႐ွိသည့္ ေန႔မွ(၇) ရက္အတြင္း ရပ္ကြက္(သို႔မဟုတ္)ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕သို႔ စုံစမ္းစစ္ေဆးတင္ျပရန္ ေဆာင္ရြက္အေၾကာင္းၾကားမည္ျဖစ္ပါသည္။

(၆) ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕သည္ စုံစမ္းစစ္ေဆး ေတြ႕႐ွိခ်က္ကို (၇) ရက္အတြင္း ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ တင္ျပရမည္ ျဖစ္ပါသည္။

(၇) ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ တင္ျပခ်က္ကို လက္ခံရ႐ွိသည့္ေန႔မွ (၁) လအတြင္း ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕သို႔ သေဘာထားမွတ္ခ်က္ႏွင့္အတူ လယ္ယာေျမလုပ္ပိုင္ခြင့္ လုပ္ငန္း စာတြဲကို တင္ျပရမည္။

(၈) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ ရ႐ွိသည့္လုပ္ငန္းစာတြဲအား လက္ခံရ႐ွိသည့္ ေန႔မွ (၇) ရက္အတြင္း သေဘာထားမွတ္ခ်က္ျဖင့္ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သို႔ တင္ျပရမည္ျဖစ္သည္။

(၉) ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သည္ လယ္ယာေျမလုပ္ပိုင္ခြင့္လုပ္ငန္း စာတြဲကို လက္ခံရ႐ွိသည့္ ေန႔မွ (၁၅)ရက္အတြင္း ေလွ်ာက္ထားခ်က္ကို ခြင့္ျပဳေၾကာင္း (သို႔မဟုတ္) ျငင္းပယ္ေၾကာင္းဆုံးျဖတ္ၿပီး ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ အေၾကာင္းၾကားရမည္။

(၁၀) ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသည္ -

(က) ခြင့္ျပဳေၾကာင္းအေၾကာင္းၾကားခ်က္ကိုရလွ်င္ လုပ္ပိုင္ခြင့္ရ႐ွိသူကို လယ္ယာေျမ မွတ္ပုံတင္ရန္ ဦးစီးဌာန ရေငြစာရင္းသို႔ မွတ္ပုံတင္ေၾကးအျဖစ္ ဦးပိုင္လုပ္ကြက္ ၁-ခုလွ်င္ ၅၀၀ က်ပ္ႏႈန္းေပးသြင္းေစၿပီး လယ္ယာေျမ လုပ္ပိုင္ခြင့္ရ႐ွိသူမ်ား မွတ္ပုံတင္စာရင္းတြင္ မွတ္တမ္းတင္ၿပီး ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕သို႔ တင္ျပရမည္။

(ခ) ျငင္းပယ္ျခင္းခံရသူကို လယ္ယာေျမလုပ္ပိုင္ခြင့္ ျငင္းပယ္ျခင္းခံရသူမ်ား မွတ္ပုံတင္စာရင္းတြင္ မွတ္တမ္းတင္ၿပီး ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕သို႔ တင္ျပရမည္။

(၁၁) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သည္ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕၏ အေၾကာင္းၾကား ခ်က္ႏွင့္အညီ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိသူအား လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇)ထုတ္ေပးၿပီး ျငင္းပယ္ျခင္းခံရသူထံသို႔လည္း ျငင္းပယ္ေၾကာင္း အေၾကာင္းၾကားစာ ပုံစံ(၈) ကို ေပးပို႔သြားမည္ ျဖစ္သည္။

(၁၂) ျငင္းပယ္ေၾကာင္း အေၾကာင္းၾကားစာ လက္ခံရ႐ွိသူသည္ ဆုံးျဖတ္ခ်က္အေပၚ မေက်နပ္ခ်က္ တစ္စုံတစ္ရာ႐ွိပါက လယ္ယာေျမဥပေဒပုဒ္မ(၂၂)ပါ ျပ႒ာန္းခ်က္အတိုင္း သက္ဆိုင္ရာ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ထံ မူလေျမယာမႈခင္း ဖြင့္လွစ္ေဆာင္႐ြက္ရန္ ျဖစ္သည္။

(ဦးစီးဌာနဆိုသည္မွာ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနကို ဆိုလိုပါသည္) လက္႐ွိအသုံးျပဳခြင့္ရ႐ွိထားေသာ လယ္ယာေျမအတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ေလွ်ာက္ထားျခင္းႏွင့္ ပတ္သက္သည့္ေၾကျငာခ်က္ကို ႏိုင္ငံေတာ္သမၼတ႐ုံး ေက်းလက္/ၿမိဳ႕ျပအခန္းက႑တြင္ အသိေပးထုတ္ျပန္ ေၾကညာထားပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service