ရောင်းဝယ်ခြင်းဆိုင်ရာ ဥပဒေအရ ဦးစွာဝယ်ယူပိုင်ခွင့်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ရောင်းဝယ်ခြင်းဆိုင်ရာ ဥပဒေအရ ဦးစွာဝယ်ယူပိုင်ခွင့်ဆိုတာ ဘာကိုဆိုလိုတာလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
3 Mar 2020 10:31 am တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

ဦးစွာဝယ်ယူပိုင်ခွင့်ဆိုတာ ဘိုးဘွားဘီဘင်လက်ထက်တည်းက ဆင်းသက်လာတဲ့ မခွဲဝေရသေးသည့် အမွေပစ္စည်းမှ အမွေဆိုင်တစ်ဦး၏ဝေစုကို အခြားအမွေဆိုင်သူများက သူစိမ်းထက် ရှေးဦးစွာ ဝယ်ယူနိုင်ခွင့်ပေးခြင်းဖြစ်ပါတယ်။

အကယ်၍ အဲဒီဝေစုကို သူစိမ်းသို့ ရောင်းချပြီးဖြစ်လျှင် အမွေဆိုင်များက ပစ္စည်းဝယ်သူအား ပြန်လည်ရောင်းချရန် တောင်းဆိုနိုင်သည့် အခွင့်အရေးရှိတယ်။

အမွေဆိုင်ပစ္စည်းများကို အမွေဆိုင်ထဲက ပြန်ဝယ်ချင်တယ်ဆိုရင် သူစိမ်းထက် ဦးစွာဝယ်ယူခွင့် ပေးခြင်းဖြစ်ပါတယ်။

ဘာကြောင့် အဲဒီအခွင့်အရေးပေးထားတာလဲဆိုရင် ဘိုးဘွားပိုင်ပစ္စည်းကို သားစဉ်မြေးစက် ထိန်းသိမ်းထားရှိစေခြင်းပဲဖြစ်တယ်။

ဦးစွာဝယ်ယူခွင့်မှာ မြန်မာဗုဒ္ဓဘာသာဝင် အမွေဆိုင်များ၏ အခွင့်အရေးသာဖြစ်တယ်။

ဖခင်သေဆုံးပြီး နောက် မိခင်ဖြစ်သူက ဖခင်ထားခဲ့တဲ့မြေကို သူစိမ်းကိုရောင်းရင် သားသမီးတွေအနေနဲ့ ဦးစွာဝယ်ပိုင်ခွင့်မရှိဘူး။ သားသမီးတွေက မိခင်နှင့်ယှဉ်လျှင် အမွေဆိုင်အဆင့်မဟုတ်သေးလို့ပါ။ မိခင်မရှိတော့တဲ့နောက်မှ မိဘကျန်ရစ်ပစ္စည်းကိုသားသမီးတွေ အမွေဆိုင်အဖြစ် ပေါ်ပေါက်လာတယ်။

တရားရုံးများက ပစ္စည်းများလေလံတင်ရောင်းချရာတွင် ပစ္စည်းဝယ်ယူနှိုင်သည့် အခွင့်အရေး (the right to make a purchase)နှင့် စပ်လျဉ်း၍

-- ဦးစွာဝယ်ပိုင်ခွင့် (Right of pre-emption) (သို့) ဦးစားပေးဝယ်ယူခွင့် (Right of preference)ဆိုသော အခွင့်အရေးကြောင့် လျှောက်ထားခွင့်များ ပေါ်ပေါက် လာသကဲ့သို့ ယင်းအခွင့်အရေးနှင့် သက်ဆိုင်သူများကလည်း တရားရုံးများသို့ လျှောက်ထားလာတတ်ပါသည်။

အဲဒီအတွက် ဦးစွာဝယ်ယူခွင့်ဆိုတာ အခွင့်အရေးတစ်ရပ်အနေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းကဖြစ်စေ၊ ဥပဒေအရ ကနဦးဝယ်ယူခွင့်ရရှိသူကဖြစ်စေ ဝယ်လိုသူများထဲက ဦးစွာတရားဝင်ဝယ်ယူခွင့်ပေးထားခြင်းကိုဆိုလိုတယ်။ အမွေဆိုင်တွေအနေဖြင့် မိမိပိုင်ဆိုင်တဲ့ဝေစုကို ရောင်းတော့မယ်ဆို သူစိမ်းထက် အမွေဆိုင်သူများကို ဦးစွာအသိပေးရန်လိုပါတယ်။ ဦးစွာအခွင့်အရေးပေးပြီး အမွေဆိုင်တွေမဝယ်မှသာ သူစိမ်းကိုရောင်းချပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service