လေလံတင်ရောင်းချခြင်းနှင့်ပက်သက်သည့်သိမှတ်ဖွယ်ရာများ

လေလံတင်ရောင်းချခြင်းနှင့်ပက်သက်သည့်သိမှတ်ဖွယ်ရာများ - Property Knowledge in Myanmar from iMyanmarHouse.com
28 Feb 2020 11:50 am တွင် တင်ခဲ့သည်
4302 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Unicode Version ###

လေလံတင်ရောင်းချခြင်းဆိုတာ ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်စေ ဝယ်ယူလိုသည့် လူအများအပြားရှေ့တွင် တရားဝင်ရောင်းချနေသည့် ပစ္စည်းကိုဝယ်ယူရန် တန်ဖိုးအများဆုံး ပေးနိုင်သောသူအား ရောင်းချခြင်းကို ဈေးပြိုင်စနစ်နဲ့ရောင်းချခြင်း (လေလံတင်ရောင်းချခြင်း) ဖြစ်တယ်။

ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံတော်က လေလံတင်ရောင်းချတယ်။ တရားမတရားရုံးက အနိုင်ဒီကရီအမိန့်အရ ဇာရီပြုလုပ်ရောင်းချတယ်၊ အသေးစိတ်ပြောပြရရင် တရားလိုက တရားပြိုင်ထံက ဥပဒေနှင့်အညီ ငွေရလိုမှုတစ်ခုစွဲဆိုရာ တရားလိုကအနိုင်ရတဲ့အခါ တရားနိုင်လို့ခေါ်ပြီး ရှုံးတဲ့တရားပြိုင်ကိုတော့ တရားရှုံးလို့ အဆိုရှိပါတယ်။ နိုင်တဲ့သူက အနိုင်ဒီကရီရလို့ ဇာရီမှုဖွင့်တယ်။

အနိုင်ရတဲ့သူက အနိုင်ဒီကရီကို ဖော်ဆောင်ပေးရန် တရားရုံးမှာလျှောက်တဲ့အမှုမျိုးကို ဇာရီမှုလို့အဆိုရှိတယ်။ တရားရှုံးကို ငွေပြန်တောင်းတဲ့အခါပေးစရာ ငွေမရှိဘူး။ ဒါပေမယ့် တန်ဖိုးပြန်ပေးနိုင်လောက်တဲ့ ပစ္စည်းတော့ပိုင်ဆိုင်တယ်ဆို တရားရုံးမှာ ငွေပေးစရာမတတ်နိုင်တဲ့အကြောင်း၊ မိမိပိုင်ပစ္စည်းကို လေလံတင်ရောင်းချပြီး ရသင့်ငွေပေးစေဖို့ တရားရုံးကိုတင်ပြရတယ်။ပစ္စည်းက တရားရှုံးပိုင် ပစ္စည်းဖြစ်ရမယ်။

ပစ္စည်းက ရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုရင် ကုန်စည်ရောင်းဝယ်ရေးဥပဒေအရ ဆောင်ရွက်တယ်။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းဆိုရင် ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေအရ ဆောင်ရွက်တယ်။ လေလံတင်ရောင်းချခြင်းဟာ တရားရုံးကချမှတ်တဲ့ အမိန့်ဒီကရီကို တရားရှုံးကမလိုက်နာ၊ မဆောင်ရွက်နိုင်တဲ့အတွက် တရားရှုံးရဲ့ပစ္စည်းကို ဝရမ်းစွဲကပ်ပြီး ဆောင်ရွက်ရခြင်းဖြစ်တယ်။

ရောင်းချမယ့်ပစ္စည်းက ပေါင်နှံထားတဲ့ပစ္စည်းဖြစ်လျှင် အရောင်းကြော်ငြာမှာ ပေါင်နှံထားတဲ့အကြောင်း ဖော်ပြရပါမယ်။

တရားရုံးက ဝရမ်းစွဲကပ်ထားတဲ့ပစ္စည်းကို ရောင်းချစေဖို့ ကြော်ငြာမိတ္တူကို ကပ်ပြီး မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ရက်၃၀ကြာမှ ရောင်းချရပါမယ်။ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို အနည်းဆုံး၁၅ရက်ကြာ မှ ရောင်းချရပါမယ်။ လေလံတင်ရောင်းချရာတွင် တူ(သို့)မောင်းကိုအသုံးပြုလေ့ရှိတယ်။ လေလံတင်ရောင်းချမယ့်ပစ္စည်းနှင့် ပက်သက်ပြီး ကြမ်းခင်းဈေးသတ်မှတ်ပြီး ၊ ဈေးပြိုင်ဝယ်ယူစနစ်နဲ့ ရောင်းချခြင်းဖြစ်တယ်။ ဈေးအများဆုံး ပေးနိုင်သူက ပစ္စည်းကိုဝယ်ယူခွင့်ရရှိတယ်။

တရားနိုင်ကပစ္စည်းကိုဝယ်ယူလျှင် ကျသင့်တဲ့တန်ဖိုးငွေထဲက မိမိအနိုင်ဒီကရီအရ ရဖို့ရှိတဲ့ငွေကို ခုနှိမ်နိုင်ပါတယ်။အဲလိုခုနှိမ်လျှင် ဒီကရီကိုအတည်ပြုတဲ့ရုံးက ခုနှိမ်ချက်နဲ့အညီ ဒီကရီတစ်ခုလုံးဖြစ်ဖြစ်၊ တစ်စိတ်တဒေသကိုဖြစ်ဖြစ် ပြေကျေပြီးဖြစ်ကြောင်း ရေးမှတ်ရပါတယ်။

ဥပဒေဗဟုသုတရစေရန် ရည်ရွယ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

### Zawgyi Version ###












နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service