အခြေအနေနဲ့ အချိန်အခါအရ “ အိမ်ခြံမြေမရောင်းခဲ့မိတဲ့ နောင်တ ”

အခြေအနေနဲ့ အချိန်အခါအရ “ အိမ်ခြံမြေမရောင်းခဲ့မိတဲ့ နောင်တ ” - Property Knowledge in Myanmar from iMyanmarHouse.com
26 Feb 2020 1:26 pm တွင် တင်ခဲ့သည်
9456 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Unicode Version ###

 

အိမ်ခြံမြေရောင်းသူများကိုလေ့လာကြည့်ရင် အကြောင်းအမျိုးမျိုးရှိတက်ကြတယ်။ အချို့ကတော့ ပေါင်နှံထားရင်းက အတိုးက အရင်းထက်များလာတာကြောင့် ဆုံးတော့မယ့်အရေးတွေးမြင်မိတာနဲ့ ပြန်ရောင်းကြတာဖြစ်တယ်။ တချို့ကျတော့လည်း မိခင်၊ ဖခင်မရှိတော့လို့အမွေခွဲဝေဖို့ မြေနဲ့အိမ်ကိုရောင်းကြသူတွေလည်းရှိတယ်။ အချို့ကြတော့လည်း ဖခင်ကွယ်လွန်သွားလို့ ကျန်ရစ်ခဲ့တဲ့ မိခင်ထံက အမွေတောင်းကြသူတွေလည်းရှိပြန်တယ်။ ကြုံရတာတွေကတော့ အနေအထားအမျိုးမျိုးနဲ့ပါဘဲ။

ယနေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ တစ်မျိုးဖြစ်နေပြန်တယ်။ ရောင်းတဲ့ မြေနဲ့အိမ်က တောင်ဒဂုံရဲ့ လူအစည်ကားဆုံးလမ်းမကြီးဘေးက မြေနဲ့အိမ်ပါ။ထောင့်ကွက်လည်းဖြစ်နေတော့ စီးပွားရေးသမားတိုင်း မျက်စိကျနေတဲ့နေရာပေါ့။ ၂၀၁၄ ခုနှစ်လောက်ကဆိုရင် (20 ‘x 60’) မြေကွက်တစ်ခုတည်းကိုပင် သိန်းနှစ်ထောင်လောက်လာပေးတဲ့နေရာပေါ့။ အခုတော့ဖြင့် အဲဒီအချိန်က ပေးတဲ့ဈေးနဲ့ ထက်ဝက်တောင်ကွာသွားပါပြီ။

တစ်ချိန်က “ ရောင်းမလား ” တစ်မေးထဲမေးနေခဲ့တဲ့ မြေကွက်ပါရောင်းဈေးကလည်း သိန်းနှစ်ထောင်ဖြစ်ပေမယ့်။ဈေးမေးသူတွေနေ့တိုင်းလိုလိုလာမေးကြတာတွေ့ရတယ်လေ။ ဒီကြားထဲ စိုင်ကော်လို့ချုံပေါ်ရောက်မယ့်ကိန်းနဲ့ကြုံခဲ့ရသေးတယ်လေ။ ပုဂ္ဂလိကဘဏ်တစ်ခုကရှယ်ယာလုပ်ဖို့ကမ်းလှမ်းခဲ့တယ်။ 20 ‘x 60’ မြေကွက်ကို ၆ထပ် Hall တိုက်ဆောက်ပေးမယ်။ မြေညီထပ်ကိုဘဏ်ဖွင့်ဖို့နေရာပေးရမယ်တဲ့။ ၂-လွှာ၊ ၃-လွှာ ၊ ၄-လွှာကိုမြေကွက်ပိုင်ရှင်ကိုပေးမယ်၊ အပေါ်ဆုံး ၅ လွှာ၊ ၆လွှာကို ဘဏ်ကယူမယ်။ မြေရှင်ကို အလိုက်ငွေ ( သိန်း ၉၅၀) ပေးမယ်လို့ နှစ်ဘက်ညှိနှိုင်းကြတယ်။တွေးကြည့်ရင်ပျော်စရာကြီးပါ။နေရင်းထိုင်းရင်း၊ ရေကန်အသင့်ကြာအသင့်နဲ့နေရမယ့်ကိန်းနဲ့ကြုံခဲ့တာပေါ့။

ဒါပေမယ့် “ ပါးစပ်နားရောက်ခါမှ၊ ပုတ်ချခံလိုက်ရသလိုမျိုး ” ကြုံခဲ့ရတယ်။ လိုချင်မှုလောဘ အတောမသတ်နိုင်လို့ပါ။ ကြီးမားတဲ့ဆုံးရှုံးမှုကြီးနဲ့ရင်ဆိုင်ခဲ့ရတယ်။တွေးမိတိုင်း ယနေ့အထိတမြေ့မြေ့နဲ့ ခံစားနေရတုန်းပါဘဲ။ အခုတွေးလိုက်တိုင်းအဟောင်းတွေက အသစ်သစ်တွေပြန်ပေါ်လာသလိုပါဘဲ။ အဲဒီလိုဘဏ်တစ်ခုက သိန်း ၉၅၀ ပေးတာလက်ခံခဲ့ရင် လမ်းမကြီးဘေးစည်ပင်လမ်းပေါ်မှာ အခန်း (၃)ခန်း ပိုင်ရှင် သူဌေးကြီးဖြစ်နေပြီပေါ့။

အင်း….လောဘအလိုအပိုလိုက်မိလို့ အခုလိုအိမ်ရောင်းပြီးရပ်ကွက်အတွင်းလမ်းသွယ်ထဲပြောင်းပြေးခဲ့ရတဲ့ အဖြစ်မျိုးနဲ့ကြုံနေရတာပေါ့။ ဟိုတုန်းက ဘဏ်ကပေးတဲ့ သိန်း (၉၅၀) ယူပြီး တိုက်ခန်း (၃)ခန်းပိုင်ရှင်ဘဝနဲ့ အေးအေးဆေးဆေးယပ်ခပ်နေနိုင်ခဲ့ပေမယ့်။ သိန်း (၉၅၀) ရတာကိုမကျေနပ်ဘဲ နောက်ထပ်သိန်း (၅၀) လောက်ထပ်တိုးပေးပါဦးလို့တောင်းမိခဲ့တယ်။ အဲဒါဟာ အမှားကြီးကိုကျူးလွန်လိုက်တာဘဲဗျာ၊ ဒီကနေ့အထိရင်ထဲမှာ ကလိကလိဖြစ်နေတုန်းပါဘဲလေ။

နောင်တဆိုတာနောင်မှရတာ ကိုယ်လိုချင်တာသာရှေ့တန်းတင်ပြီးတစ်ဖက်သတ်စွတ်တောင်းခဲ့မိတယ်။ တစ်ဖက်သားအခြေအနေကိုမတွေးမိခဲ့ဘူး။ အခုမှ စဉ်းစားကြည့်တော့ တစ်ဖက်က ဆောက်ပေးမဲ့သူက လူတစ်ဦးတစ်ယောက်တည်းမဟုတ်ဘူး။ကုမ္ပဏီအဖွဲ့အစည်းကြီးတစ်ခုလေ။ အများပိုင် အဖွဲ့အစည်းဆိုတာက လူပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ အဆုံးအဖြတ်နဲ့ပြီးတာမဟုတ်ဘူး။ အားလုံးထောက်ခံမှ လုပ်ဖြစ်ကြမှာလေ။ လိုချင်တဲ့သူကလောဘတက်ပြီးတောင်းတိုင်းထင်ခဲ့မိတယ်။

အဲဒီလို တစ်ဖက်သတ်အတွေးနဲ့ “ ဘဏ် ” လုပ်ငန်းဆိုတော့ပိုက်ဆံပေါနေတာဘဲ။ သိန်းတစ်ထောင်တောင်းရင်လည်းပေးမှာပါ၊ လို့ ထင်ခဲ့မိတယ်။ ဘဏ်လုပ်ငန်းဘက်က တိုးမပေးဘဲ လက်လျော့သွားခဲ့တော့ အခုအချိန်ထိ မြေရှင်ဘက်က ဒုံရင်းကဒုံရင်းဘဲ ဘာမှတိုးတက်မလာတော့ဘူး။ လက်ရှိအခြေအနေမှာလည်း တစ်ဖြည်းဖြည်းနဲ့ မြေဈေးတွေကျပြီး သိန်း နှစ်ထောင်တန်ပစ္စည်းက သိန်းတစ်ထောင်ဘဲပေးတော့တယ်။ ဒီအချိန်ရောက်မှ စီးပွားရေးလုပ်ငန်းတွေက မကောင်းတဲ့ကြားထဲမှာ လူကပါကျန်းမာရေးချုချာလာတယ်။

တော်တော်ကြာ .… ဆီးချိုရောဂါက ပြန်ထလာလိုက်၊ နှလုံးသွေးကြောကျဉ်းရောဂါက အသက်ရှုကြပ်လာလိုက်ဖြစ်လို့ မခံမရပ်နိုင်ဖြစ်ပြီး၊ အထူးကုဆေးရုံတက်ရပါလေရော။ ဆေးရုံတက်ရပြီဆိုကတည်းက ငွေက အပုံလိုက်လိုလာပြီလေ။ ပထမတစ်ချီတက်တုန်းကတော့ လိုအပ်တဲ့ ငွေကြေးကိုရှိတဲ့ရွှေငွေတွေ ထုခွဲရောင်းချရတာပေါ့။ထပ်ပြီး လိုအပ်တာရှိရင်လည်း အတိုးနဲ့ငွေဆွဲရတာပေါ့။ ”

ရောဂါတစ်ခုဝင်လာပြီဆိုရင် တစ်သက်လုံးပြန်ကောင်းဖို့ဆိုတာ မလွယ်ပါဘူး။နာတာရှည်ဖြစ်လာတတ်တယ်။ ဒါနဲ့ရောဂါပြန်ထလာပြီဆိုတော့ ဆေးရုံ(၂)ခါပြန်တတ်ရပြီဆိုကထဲက မြေနဲ့အိမ်ကို သိန်း (၁၀၀၀ )နဲ့ ရောင်းလိုက်ရတော့တာပေါ့။ ဒီအချိန်မျိုးမှာ မြေနဲ့အိမ်ဝယ်တဲ့သူတွေကတော့ ဈေးတန်တာပေါ့ဗျာ။ရောင်းသူရဲ့ အဆောက်အဦးဟောင်းကိုဖျက်ပြီး လက်ဖက်ရည်ဆိုင်ကြီးဆောက်ဖို့ ပြင်ဆင်နေကြပြီ။ဘယ်တတ်နိုင်မှာလဲလေ။ ကိုယ်နဲ့မထိုက်တော့လည်းကံအကြောင်းတရာဘဲပေါ့။ ဒီမြေနဲ့ရေစက်ကုန်ပြီး ပဌာန်းဆက်မရှိတော့ဘူးလို့ဘဲ တရားသဘောနဲ့ မှတ်ရတော့တာပေါ့။ ဝယ်ယူသူတွေ တိုးတက်ကြီးပွားပါစေလို့သာ အဝေးကဘဲဆုတောင်းပေးနေရပါတော့တယ်။

ဒါကြောင့်ပြောတာပေါ့ ဘယ်လုပ်ငန်းမျိုးမဆို အခြေအနေအချိန်အခါအရ ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့လိုတယ်ဆိုတာကို ကိုယ်တွေ့ကြုံရတဲ့မိတ်ဆွေကြီးရဲ့ အတွေ့အကြုံက သင်ခန်းစာယူစရာပါ။ သူကိုကြည့်ပြီး ၃၈ ဖြာမင်္ဂလာတရားတော်အရ “ လောဘအလိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ” ဆိုတဲ့မြတ်ဗုဒ္ဓ၏အဆုံးအမကို သတိရနေမိပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

အေျခအေနနဲ႕ အခ်ိန္အခါအရ “ အိမ္ျခံေျမမေရာင္းခဲ့မိတဲ့ ေနာင္တ ”

အိမ္ျခံေျမေရာင္းသူမ်ားကိုေလ့လာၾကည့္ရင္ အေၾကာင္းအမ်ိဳးမ်ိဳးရွိတက္ၾကတယ္။ အခ်ိဳ႕ကေတာ့ ေပါင္နွံထားရင္းက အတိုးက အရင္းထက္မ်ားလာတာေၾကာင့္ ဆံုးေတာ့မယ့္အေရးေတြးျမင္မိတာနဲ႕ ျပန္ေရာင္းၾကတာျဖစ္တယ္။ တခ်ိဳ႕က်ေတာ့လည္း မိခင္၊ ဖခင္မရွိေတာ့လို႕အေမြခြဲေဝဖို႕ ေျမနဲ႕အိမ္ကိုေရာင္းၾကသူေတြလည္းရွိတယ္။ အခ်ိဳ႕ၾကေတာ့လည္း ဖခင္ကြယ္လြန္သြားလို႕ က်န္ရစ္ခဲ့တဲ့ မိခင္ထံက အေမြေတာင္းၾကသူေတြလည္းရွိျပန္တယ္။ ၾကံဳရတာေတြကေတာ့ အေနအထားအမ်ိဳးမ်ိဳးနဲ႕ပါဘဲ။

ယေန႕ၾကံဳခဲ့ရတဲ့ အျဖစ္အပ်က္ကေတာ့ တစ္မ်ိဳးျဖစ္ေနျပန္တယ္။ ေရာင္းတဲ့ ေျမနဲ႕အိမ္က ေတာင္ဒဂံုရဲ႕ လူအစည္ကားဆံုးလမ္းမၾကီးေဘးက ေျမနဲ႕အိမ္ပါ။ေထာင့္ကြက္လည္းျဖစ္ေနေတာ့ စီးပြားေရးသမားတိုင္း မ်က္စိက်ေနတဲ့ေနရာေပါ့။ ၂၀၁၄ ခုနွစ္ေလာက္ကဆိုရင္ (20 ‘x 60’) ေျမကြက္တစ္ခုတည္းကိုပင္ သိန္းနွစ္္ေထာင္ေလာက္လာေပးတဲ့ေနရာေပါ့။ အခုေတာ့ျဖင့္ အဲဒီအခ်ိန္က ေပးတဲ့ေဈးနဲ႕ ထက္ဝက္ေတာင္ကြာသြားပါျပီ။

တစ္ခ်ိန္က “ ေရာင္းမလား ” တစ္ေမးထဲေမးေနခဲ့တဲ့ ေျမကြက္ပါေရာင္းေဈးကလည္း သိန္းနွစ္ေထာင္ျဖစ္ေပမယ့္။ေဈးေမးသူေတြေန႕တိုင္းလိုလိုလာေမးၾကတာေတြ႕ရတယ္ေလ။ ဒီၾကားထဲ စိုင္ေကာ္လို႕ခ်ံဳေပၚေရာက္မယ့္ကိန္းနဲ႕ၾကံဳခဲ့ရေသးတယ္ေလ။ ပုဂၢလိကဘဏ္တစ္ခုကရွယ္ယာလုပ္ဖို႔ကမ္းလွမ္းခဲ့တယ္။ 20 ‘x 60’ ေျမကြက္ကို ၆ထပ္ Hall တုိက္ေဆာက္ေပးမယ္။ ေျမညီထပ္ကိုဘဏ္ဖြင့္ဖို႕ေနရာေပးရမယ္တဲ့။ ၂-လႊာ၊ ၃-လႊာ ၊ ၄-လႊာကိုေျမကြက္ပိုင္ရွင္ကိုေပးမယ္၊ အေပၚဆံုး ၅ လႊာ၊ ၆လႊာကို ဘဏ္ကယူမယ္။ ေျမရွင္ကို အလိုက္ေငြ ( သိန္း ၉၅၀) ေပးမယ္လို႕ နွစ္ဘက္ညွိႏိႈင္းၾကတယ္။ေတြးၾကည့္ရင္ေပ်ာ္စရာၾကီးပါ။ေနရင္းထိုင္းရင္း၊ ေရကန္အသင့္ၾကာအသင့္နဲ႕ေနရမယ့္ကိန္းနဲ႕ၾကံဳခဲ့တာေပါ့။

ဒါေပမယ့္ “ ပါးစပ္နားေရာက္ခါမွ၊ ပုတ္ခ်ခံလိုက္ရသလိုမ်ိဳး ” ၾကံဳခဲ့ရတယ္။ လိုခ်င္မႈေလာဘ အေတာမသတ္ႏိုင္လို႕ပါ။ ၾကီးမားတဲ့ဆံုးရႈံးမႈၾကီးနဲ႕ရင္ဆိုင္ခဲ့ရတယ္။ေတြးမိတိုင္း ယေန႕အထိတေျမ႕ေျမ႕နဲ႕ ခံစားေနရတုန္းပါဘဲ။ အခုေတြးလိုက္တိုင္းအေဟာင္းေတြက အသစ္သစ္ေတြျပန္ေပၚလာသလိုပါဘဲ။ အဲဒီလိုဘဏ္တစ္ခုက သိန္း ၉၅၀ ေပးတာလက္ခံခဲ့ရင္ လမ္းမၾကီးေဘးစည္ပင္လမ္းေပၚမွာ အခန္း (၃)ခန္း ပိုင္ရွင္ သူေဌးၾကီးျဖစ္ေနျပီေပါ့။

အင္း….ေလာဘအလိုအပိုလိုက္မိလို႕ အခုလိုအိမ္ေရာင္းျပီးရပ္ကြက္အတြင္းလမ္းသြယ္ထဲေျပာင္းေျပးခဲ့ရတဲ့ အျဖစ္မ်ိဳးနဲ႕ၾကံဳေနရတာေပါ့။ ဟိုတုန္းက ဘဏ္ကေပးတဲ့ သိန္း (၉၅၀) ယူျပီး တိုက္ခန္း (၃)ခန္းပိုင္ရွင္ဘဝနဲ႕ ေအးေအးေဆးေဆးယပ္ခပ္ေနႏိုင္ခဲ့ေပမယ့္။ သိန္း (၉၅၀) ရတာကိုမေက်နပ္ဘဲ ေနာက္ထပ္သိန္း (၅၀) ေလာက္ထပ္တိုးေပးပါဦးလို႕ေတာင္းမိခဲ့တယ္။ အဲဒါဟာ အမွားၾကီးကိုက်ဴးလြန္လိုက္တာဘဲဗ်ာ၊ ဒီကေန႕အထိရင္ထဲမွာ ကလိကလိျဖစ္ေနတုန္းပါဘဲေလ။

ေနာင္တဆိုတာေနာင္မွရတာ ကိုယ္လိုခ်င္တာသာေရွ႕တန္းတင္ျပီးတစ္ဖက္သတ္စြတ္ေတာင္းခဲ့မိတယ္။ တစ္ဖက္သားအေျခအေနကိုမေတြးမိခဲ့ဘူး။ အခုမွ စဥ္းစားၾကည့္ေတာ့ တစ္ဖက္က ေဆာက္ေပးမဲ့သူက လူတစ္ဦးတစ္ေယာက္တည္းမဟုတ္ဘူး။ကုမၸဏီအဖြဲ႕အစည္းၾကီးတစ္ခုေလ။ အမ်ားပိုင္ အဖြဲ႕အစည္းဆိုတာက လူပုဂၢိဳလ္တစ္ဦးတည္းရဲ႕ အဆံုးအျဖတ္နဲ႕ျပီးတာမဟုတ္ဘူး။ အားလံုးေထာက္ခံမွ လုပ္ျဖစ္ၾကမွာေလ။ လိုခ်င္တဲ့သူကေလာဘတက္ျပီးေတာင္းတိုင္းထင္ခဲ့မိတယ္။

အဲဒီလို တစ္ဖက္သတ္အေတြးနဲ႕ “ ဘဏ္ ” လုပ္ငန္းဆိုေတာ့ပိုက္ဆံေပါေနတာဘဲ။ သိန္းတစ္ေထာင္ေတာင္းရင္လည္းေပးမွာပါ၊ လို႕ ထင္ခဲ့မိတယ္။ ဘဏ္လုပ္ငန္းဘက္က တိုးမေပးဘဲ လက္ေလ်ာ့သြားခဲ့ေတာ့ အခုအခ်ိန္ထိ ေျမရွင္ဘက္က ဒံုရင္းကဒံုရင္းဘဲ ဘာမွတိုးတက္မလာေတာ့ဘူး။ လက္ရွိအေျခအေနမွာလည္း တစ္ျဖည္းျဖည္းနဲ႕ ေျမေဈးေတြက်ျပီး သိန္း နွစ္ေထာင္တန္ပစၥည္းက သိန္းတစ္ေထာင္ဘဲေပးေတာ့တယ္။ ဒီအခ်ိန္ေရာက္မွ စီးပြားေရးလုပ္ငန္းေတြက မေကာင္းတဲ့ၾကားထဲမွာ လူကပါက်န္းမာေရးခ်ဳခ်ာလာတယ္။

ေတာ္ေတာ္ၾကာ .… ဆီးခ်ိဳေရာဂါက ျပန္ထလာလိုက္၊ နွလံုးေသြးေၾကာက်ဥ္းေရာဂါက အသက္ရႈၾကပ္လာလိုက္ျဖစ္လို႕ မခံမရပ္ႏိုင္ျဖစ္ျပီး၊ အထူးကုေဆးရုံတက္ရပါေလေရာ။ ေဆးရုံတက္ရျပီဆိုကတည္းက ေငြက အပံုလိုက္လိုလာျပီေလ။ ပထမတစ္ခ်ီတက္တုန္းကေတာ့ လိုအပ္တဲ့ ေငြေၾကးကိုရွိတဲ့ေရႊေငြေတြ ထုခြဲေရာင္းခ်ရတာေပါ့။ထပ္ျပီး လိုအပ္တာရွိရင္လည္း အတိုးနဲ႕ေငြဆြဲရတာေပါ့။ ”

ေရာဂါတစ္ခုဝင္လာျပီဆိုရင္ တစ္သက္လံုးျပန္ေကာင္းဖို႕ဆိုတာ မလြယ္ပါဘူး။နာတာရွည္ျဖစ္လာတတ္တယ္။ ဒါနဲ႕ေရာဂါျပန္ထလာျပီဆိုေတာ့ ေဆးရုံ(၂)ခါျပန္တတ္ရျပီဆိုကထဲက ေျမနဲဲ႕အိမ္ကို သိန္း (၁၀၀၀ )နဲ႕ ေရာင္းလုိက္ရေတာ့တာေပါ့။ ဒီအခ်ိန္မ်ိဳးမွာ ေျမနဲ႕အိမ္ဝယ္တဲ့သူေတြကေတာ့ ေဈးတန္တာေပါ့ဗ်ာ။ေရာင္းသူရဲ႕ အေဆာက္အဦးေဟာင္းကိုဖ်က္ျပီး လက္ဖက္ရည္ဆိုင္ၾကီးေဆာက္ဖို႕ ျပင္ဆင္ေနၾကျပီ။ဘယ္တတ္ႏိုင္မွာလဲေလ။ ကုိယ္နဲ႕မထိုက္ေတာ့လည္းကံအေၾကာင္းတရာဘဲေပါ့။ ဒီေျမနဲ႕ေရစက္ကုန္ျပီး ပဌာန္းဆက္မရွိေတာ့ဘူးလို႕ဘဲ တရားသေဘာနဲ႕ မွတ္ရေတာ့တာေပါ့။ ဝယ္ယူသူေတြ တိုးတက္ၾကီးပြားပါေစလို႔သာ အေဝးကဘဲဆုေတာင္းေပးေနရပါေတာ့တယ္။

ဒါေၾကာင့္ေျပာတာေပါ့ ဘယ္လုပ္ငန္းမ်ိဳးမဆို အေျခအေနအခ်ိန္အခါအရ ဆံုးျဖတ္ခ်က္တစ္ခုကို မွန္မွန္ကန္ကန္ဆံုးျဖတ္ႏိုင္ဖို႕လိုတယ္ဆိုတာကို ကိုယ္ေတြ႕ၾကံဳရတဲ့မိတ္ေဆြၾကီးရဲ႕ အေတြ႕အၾကံဳက သင္ခန္းစာယူစရာပါ။ သူကိုၾကည့္ျပီး ၃၈ ျဖာမဂၤလာတရားေတာ္အရ “ ေလာဘအလိုမလိုက္နဲ႕ ကိုယ္ထိုက္တာနဲ႕ ေက်နပ္ေလ ” ဆိုတဲ့ျမတ္ဗုဒၶ၏အဆံုးအမကို သတိရေနမိပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service