နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင်

နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
24 Feb 2020 12:14 pm တွင် တင်ခဲ့သည်
1180 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

မြေဈေးကြီးမြင့်လှတဲ့ ရန်ကုန်မြို့မှာ နေထိုင်နေသူတွေအတွက် အိမ်ခန်းရဲ့ အကျယ်အဝန်း တစ်စတုရန်းပေတိုင်းက ဈေးနှုန်း မြင့်မားလှပါတယ်။ ဈေးနှုန်း အများအပြား ပေးရပြီး ဝယ်ထားတဲ့ သို့မဟုတ် ငှားရမ်းထားတဲ့ အိမ်ခန်းအတွင်းမှာ အသုံးမပြုရသေးတဲ့ နေရာလွတ်တွေထားရတာက အင်မတန်မှ နှမြောစရာကောင်းလှတဲ့အတွက် အိမ်အတွင်းမှာ အသုံးမပြုဘဲထားတဲ့ နေရာအလွတ်တွေကို အကျိုးရှိအောင် အသုံးပြုသင့်ပါတယ်။

ရန်ကုန်မြို့လယ်ကောင်မှာ တိုက်ခန်းပျမ်းမျှ အငှားဈေးနှုန်းနဲ့ တွက်ချက်ကြည့်ရင် တစ်စတုရန်းပေကို တစ်လ နှစ်သောင်းကျော်ခန့် ဈေးနှုန်းရှိတဲ့အတွက် အိမ်အတွင်းမှာ အသုံးမပြုဘဲထားရတဲ့ မြေနေရာလွတ်တွေကို အကျိုး ရှိအောင် နေရာချထားသင့်ပါတယ်။ ဥပမာဖိနပ်ဗီရိုကို အိမ်အတွင်းမှာ တစ်ခု သီးသန့်ထားမယ့်အစား လှေကားနားမှာပဲ ထားနိုင်တဲ့ ဖိနပ်ဗီရိုမျိုး အသုံးပြုသင့်ပါတယ်။

မွန်းကျပ်လှတဲ့ မြို့ပြပတ်ဝန်းကျင်က တိုက်ခန်းငယ်လေးတွေမှာ နေထိုင်သူအများစုက နေအိမ်တွင်းမှာ မနေထိုင်လိုကြဘဲ အားလပ်ချိန်ရှိတိုင်း အပြင် ထွက်လည်လိုကြတာက နေထိုင်ရာ တိုက်ခန်းလေးတွေက နေချင်စဖွယ် မြ ဖစ်လို့ပါပဲ။ အိမ်က မိသားစုတွေ နေအိမ်တွင်းမှာပဲ ပျော်ရွှင်နှစ်ခြိုက်စွာ အနားယူနိုင်ဖို့ အလှဆင်ပစ္စည်းတွေကို အသုံးပြုပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်ခန်းလေးဖြစ်အောင် ဖန်တီးဖို့ ဒီဇိုင်း စတူရီယိုတည်ထောင်သူနဲ့ ဒါရိုက်တာ အိမ်အတွင်းအလှဆင်ဒီဇိုင်နာ ဦးသန့်စိုးဦး အကြံပြုထားတဲ့လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဝေမျှ ပေးလိုက်ပါတယ်။

အိမ်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ မတူညီတဲ့ ခံစားမှုတွေ ရရှိစေဖို့ အိမ်တစ်ခုလုံးကို တူညီတဲ့ အိမ်သုတ်ဆေးရောင် တစ်ရောင်တည်း အသုံးပြုခြင်းထက် အခန်းတစ်ခန်းကို သင့်တော်တဲ့ ဆေးရောင်တစ်ရောင်စီ ရွေးချယ်သုတ်သင့်ပါတယ်။ ဧည့်ခန်းအတွက်ဆိုရင်တော့ ရွှင်လန်းတက်ကြွမှု ဖြစ်စေနိုင်တဲ့ အပြာရောင်၊ ခရမ်းရောင်နဲ့ ရွှေဝါရောင် ဆေးလေးတွေကို ရွေးချယ်သင့်ပါတယ်။ အိပ်ခန်းဆိုရင်တော့ အရောင်နုလေးတွေနဲ့ ပိုသင့်တော်ပြီး အထူးသဖြင့် ပန်းနုရောင်နဲ့ လိုက်ဖက်ပါတယ်။ ထမင်းစားခန်းအတွက်တော့ အဝါရောင်၊ အဖြူရောင်နဲ့ အစိမ်းနုအရောင်လေးတွေက သင့်တော်ပါတယ်။

အခန်းတစ်ခန်းအတွင်းမှာလည်း ဆေးရောင် နှစ်ရောင် သို့မဟုတ် သုံးရောင် ရောနှောပြီး ဆေးသုတ် အလှဆင်ခြင်းကလည်း နေထိုင်သူတွေကို အမြင်ဆန်းစေမှာ ဖြစ်ပြီး သဘောကျနှစ်သက်ဖွယ် မြင်ကွင်းမျိုး ရရှိခံစားနို င်မှာ ဖြစ်ပါတယ်။ အရင်က အခန်းတစ်ခန်းစီတိုင်းမှာ အိမ်သုတ်ဆေးရောင် တစ်ရောင်တည်း အသုံးပြုခြင်းထက် အခုအချိန်မှာတော့ အခန်းတစ်ခန်းတည်းမှာကို အရောင်သုံး၊ လေးရောင် ရောစပ် အလှခြယ်တာတွေ ပိုမိုခေတ်စားလာပါတယ်။ အခန်းတွင်းမှာ နေထိုင်မယ့်သူရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး လိုက်ဖက်တဲ့ အရောင်မျိုးတွေ ရွေးချယ် အလှဆင်ပေး သင့်ပါတယ်။ အခုအချိန်မှာ အလွယ်တကူ ဝယ်ယူနိုင်ပြီဖြစ်တဲ့ နိုင်ငံခြားဖြစ် အိမ်တွင်း အလှဆင်ရာမှာ အသုံးပြုတဲ့ နံရံကပ် ပိုစတာတွေကလည်း သင့်အိမ်ကို မယုံနိုင်လောက်အောင်မြင်ကွင်းဆန်းကြယ် သွားစေဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။

အိမ်ခန်းအလှပြင်ဆင်တဲ့အခါ သဟဇာတဖြစ်ဖို့ အရေးကြီးတဲ့အတွက် အိမ်ခန်းတစ်ခန်းလုံးမှာ ရွေးချယ်အလှဆင်ထားတဲ့ အရောင်တွေနဲ့ အိမ်အတွင်းမှာ အလှဆင်ထားတဲ့ မီးရောင်အသုံးပြုမှုတွေ သဟဇာတဖြစ်ဖို့လိုပါတယ်။ ကာလာသီအိုရီကို ဦးစားပေးပြီး အလင်းဒီဇိုင်းကို စဉ်းစားရင်လိုက်ဖက်ညီတဲ့ အရောင်လေးတွေရှိတဲ့ နှစ်သက်ချင်စဖွယ်အခန်းလေးတွေကို နေ့ပိုင်းသာမက ညပိုင်းမှာပါ နှစ်သက်ခံစားနိုင်မှာ ဖြစ်ပါတယ်။

Credit: Myanmar Time

 

### Zawgyi Version ###

ေနခ်င္စဖြယ္အိမ္ခန္းေလးေတြ ဖန္တီးၾကရေအာင္

ေျမေစ်းႀကီးျမင့္လွတဲ့ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္ေနသူေတြအတြက္ အိမ္ခန္းရဲ႕ အက်ယ္အဝန္း တစ္စတုရန္းေပတိုင္းက ေစ်းႏႈန္း ျမင့္မားလွပါတယ္။ ေစ်းႏႈန္း အမ်ားအျပား ေပးရၿပီး ဝယ္ထားတဲ့ သို႔မဟုတ္ ငွားရမ္းထားတဲ့ အိမ္ခန္းအတြင္းမွာ အသံုးမျပဳရေသးတဲ့ ေနရာလြတ္ေတြထားရတာက အင္မတန္မွ ႏွေျမာစရာေကာင္းလွတဲ့အတြက္ အိမ္အတြင္းမွာ အသံုးမျပဳဘဲထားတဲ့ ေနရာအလြတ္ေတြကို အက်ဳိးရွိေအာင္ အသံုးျပဳသင့္ပါတယ္။

ရန္ကုန္ၿမိဳ႕လယ္ေကာင္မွာ တိုက္ခန္းပ်မ္းမွ် အငွားေစ်းႏႈန္းနဲ႔ တြက္ခ်က္ၾကည့္ရင္ တစ္စတုရန္းေပကို တစ္လ ႏွစ္ေသာင္းေက်ာ္ခန္႔ ေစ်းႏႈန္းရွိတဲ့အတြက္ အိမ္အတြင္းမွာ အသံုးမျပဳဘဲထားရတဲ့ ေျမေနရာလြတ္ေတြကို အက်ဳိး ရွိေအာင္ ေနရာခ်ထားသင့္ပါတယ္။ ဥပမာဖိနပ္ဗီ႐ိုကို အိမ္အတြင္းမွာ တစ္ခု သီးသန္႔ထားမယ့္အစား ေလွကားနားမွာပဲ ထားႏုိင္တဲ့ ဖိနပ္ဗီ႐ိုမ်ဳိး အသံုးျပဳသင့္ပါတယ္။

မြန္းက်ပ္လွတဲ့ ၿမိဳ႕ျပပတ္ဝန္းက်င္က တိုက္ခန္းငယ္ေလးေတြမွာ ေနထိုင္သူအမ်ားစုက ေနအိမ္တြင္းမွာ မေနထိုင္လိုၾကဘဲ အားလပ္ခ်ိန္ရွိတိုင္း အျပင္ ထြက္လည္လိုၾကတာက ေနထိုင္ရာ တိုက္ခန္းေလးေတြက ေနခ်င္စဖြယ္ မျ ဖစ္လို႔ပါပဲ။ အိမ္က မိသားစုေတြ ေနအိမ္တြင္းမွာပဲ ေပ်ာ္ရႊင္ႏွစ္ၿခိဳက္စြာ အနားယူႏိုင္ဖို႔အလွဆင္ပစၥည္းေတြကိုအသံုးျပဳၿပီး ေနခ်င္စဖြယ္ေကာင္းတဲ့ အိမ္ခန္းေလးျဖစ္ေအာင္ဖန္တီးဖို႔ ဒီဇိုင္းစတူရီယိုတည္ေထာင္သူနဲ႔ ဒါ႐ိုက္တာ အိမ္အတြင္းအလွဆင္ဒီဇိုင္နာ ဦးသန္႔စိုးဦး အၾကံျပဳထားတဲ့လြယ္ကူတဲ့ နည္းလမ္းေလးေတြကို ေဝမွ် ေပးလိုက္ပါတယ္။

အိမ္ခန္းတစ္ခန္းနဲ႔ တစ္ခန္းမွာ မတူညီတဲ့ ခံစားမႈေတြ ရရွိေစဖို႔ အိမ္တစ္ခုလံုးကို တူညီတဲ့ အိမ္သုတ္ေဆးေရာင္ တစ္ေရာင္တည္း အသံုးျပဳျခင္းထက္ အခန္းတစ္ခန္းကို သင့္ေတာ္တဲ့ ေဆးေရာင္တစ္ေရာင္စီ ေရြးခ်ယ္သုတ္သင့္ပါတယ္။ ဧည့္ခန္းအတြက္ဆိုရင္ေတာ့ ရႊင္လန္းတက္ၾကြမႈ ျဖစ္ေစႏုိင္တဲ့ အျပာေရာင္၊ ခရမ္းေရာင္နဲ႔ ေရႊဝါေရာင္ ေဆးေလးေတြကို ေရြးခ်ယ္သင့္ပါတယ္။ အိပ္ခန္းဆိုရင္ေတာ့ အေရာင္ႏုေလးေတြနဲ႔ ပိုသင့္ေတာ္ၿပီး အထူးသျဖင့္ ပန္းႏုေရာင္နဲ႔ လိုက္ဖက္ပါတယ္။ ထမင္းစားခန္းအတြက္ေတာ့ အဝါေရာင္၊ အျဖဴေရာင္နဲ႔ အစိမ္းႏုအေရာင္ေလးေတြက သင့္ေတာ္ပါတယ္။

အခန္းတစ္ခန္းအတြင္းမွာလည္း ေဆးေရာင္ ႏွစ္ေရာင္ သို႔မဟုတ္ သံုးေရာင္ ေရာေႏွာၿပီး ေဆးသုတ္ အလွဆင္ျခင္းကလည္း ေနထိုင္သူေတြကို အျမင္ဆန္းေစမွာ ျဖစ္ၿပီး သေဘာက်ႏွစ္သက္ဖြယ္ ျမင္ကြင္းမ်ဳိး ရရွိခံစားႏုိင္မွာ ျဖစ္ပါတယ္။ အရင္က အခန္းတစ္ခန္းစီတိုင္းမွာ အိမ္သုတ္ေဆးေရာင္ တစ္ေရာင္တည္းအသံုးျပဳျခင္းထက္ အခုအခ်ိန္မွာေတာ့ အခန္းတစ္ခန္းတည္းမွာကို အေရာင္သံုး၊ ေလးေရာင္ ေရာစပ္ အလွျခယ္တာေတြ ပိုမိုေခတ္စားလာပါတယ္။ အခန္းတြင္းမွာ ေနထိုင္မယ့္သူရဲ႕ အသက္အရြယ္ေပၚ မူတည္ၿပီး လိုက္ဖက္တဲ့ အေရာင္မ်ဳိးေတြ ေရြးခ်ယ္ အလွဆင္ေပးသင့္ပါတယ္။ အခုအခ်ိန္မွာ အလြယ္တကူ ဝယ္ယူႏုိင္ၿပီျဖစ္တဲ့ ႏုိင္ငံျခားျဖစ္ အိမ္တြင္းအလွဆင္ရာမွာ အသံုးျပဳတဲ့ နံရံကပ္ ပိုစတာေတြကလည္း သင့္အိမ္ကို မယံုႏုိင္ေလာက္ေအာင္ျမင္ကြင္းဆန္းၾကယ္ သြားေစဖို႔ ကူညီႏုိင္မွာ ျဖစ္ပါတယ္။

အိမ္ခန္းအလွျပင္ဆင္တဲ့အခါ သဟဇာတျဖစ္ဖို႔ အေရးႀကီးတဲ့အတြက္ အိမ္ခန္းတစ္ခန္းလံုးမွာ ေရြးခ်ယ္အလွဆင္ထားတဲ့ အေရာင္ေတြနဲ႔ အိမ္အတြင္းမွာ အလွဆင္ထားတဲ့ မီးေရာင္အသံုးျပဳမႈေတြ သဟဇာတျဖစ္ဖို႔လိုပါတယ္။ ကာလာသီအိုရီကို ဦးစားေပးၿပီး အလင္းဒီဇိုင္းကို စဥ္းစားရင္လိုက္ဖက္ညီတဲ့ အေရာင္ေလးေတြရွိတဲ့ ႏွစ္သက္ခ်င္စဖြယ္အခန္းေလးေတြကို ေန႔ပိုင္းသာမက ညပိုင္းမွာပါ ႏွစ္သက္ခံစားႏုိင္မွာ ျဖစ္ပါတယ္။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service