ပုဂ္ဂလိကစိုက်ခင်း စိုက်ပျိုးခွင့်ကို လျှောက်ထားခြင်း။ ပြန်လည်သိမ်းဆည်းခြင်း

ပုဂ္ဂလိကစိုက်ခင်း စိုက်ပျိုးခွင့်ကို လျှောက်ထားခြင်း။ ပြန်လည်သိမ်းဆည်းခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Feb 2020 12:02 pm တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Unicode Version ###

ပုဂ္ဂလိကစိုက်ခင်းကို နိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါတယ်။ ကျွန်းစိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ခွင့်ပြုချက်လျှောက်ထားရမှာဖြစ်ပါတယ်။ ပုဂ္ဂလိက သစ်မာနဲ့ အခြားစိုက်ခင်းဧက ၅၀ အထိ လျှောက်ထားမယ်ဆိုရင် တိုင်းသစ်တောဌာနမှာ ခွင့်ပြုချက်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားလာသူကိုစိစစ်ပြီး သတ်မှတ်ချက်နဲ့အညီ မြေနေရာချထား ဆောင်ရွက်ပေးပြီး ချထားပေးတဲ့မြေပေါ်မှာ တစ်ဧက ကျပ် ၅၀,ဝဝဝ နဲ့ အာမခံကြေးကို ဘဏ်မှာ ပေးသွင်းအပ်နှံရပါမယ်။ ပုဂ္ဂလိကစိုက်ခင်းအမျိုးအစားအလိုက် မြေငှားရမ်းခပေးသွင်းရမှာဖြစ်ပါသည်။

ပုဂ္ဂလိကစိုက်ခင်း အမျိုးအစားအလိုက် တစ်နှစ်အတွက် ပေးသွင်းရမည့် မြေငှားရမ်းခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- ပုဂ္ဂလိကကျွန်းစိုက်ခင်း တစ်နှစ်လျှင် တစ်ဧက ၁၀၀၀

- ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း တစ်နှစ်လျှင် တစ်ဧက ၁၀၀၀

- ပုဂ္ဂလိကရော်ဘာစိုက်ခင်း

၁နှစ်မှ ၇နှစ်ထိ တစ်နှစ်လျှင် တစ်ဧက ၁၀၀၀

၈နှစ်မှ ခွင့်ပြုကာလအထိ တစ်နှစ်လျှင် တစ်ဧက ၂၀၀၀

- ပုဂ္ဂလိကဆီအုန်းစိုက်ခင်း

၁နှစ်မှ ၅နှစ်ထိ တစ်နှစ်လျှင် တစ်ဧက ၁၀၀၀

၆နှစ်မှ ခွင့်ပြုကာလအထိ တစ်နှစ်လျှင် တစ်ဧက ၂၀၀၀

- ပုဂ္ဂလိကစက်မှုကုန်ကြမ်းစိုက်ခင်း(ကြံ၊ သီဟိုဠ်၊ ပီလောပီနံ) တစ်နှစ်လျှင် တစ်ဧက ၂၀၀၀

- ပုဂ္ဂလိကစက်မှုကုန်ကြမ်းစိုက်ခင်း(ကော်ဖီ) တစ်နှစ်လျှင် တစ်ဧက ၂၀၀၀

- ပုဂ္ဂလိကဥယျဉ်ခြံ တစ်နှစ်လျှင် တစ်ဧက ၂၀၀၀

စိုက်ပျိုးတဲ့ နှစ်ရှည်ပင် စိုက်ပျိုးမှုရဲ့ ၇၀ ရာခိုင်နှုန်း အောင်မြင်အောင် စိုက်ပျိုးပြီးစီးမှသာ အာမခံကြေး ပြန်လည်ထုတ်ယူခွင့် ရရှိမှာဖြစ်ပါတယ်။ လျှောက်ထားသူများအနေဖြင့် ၅ ဧကမှ ဧက ၅၀ အထိ လျှောက်ထား နိုင်ပါတယ်။ သစ်တောဦးစီးဌာနမှ နှစ်(၃၀)လုပ်ကိုင်ခွင့်ပြုပြီး နှစ်(၃၀)ပြည့်မြောက်ပြီး လိုအပ်ပါက ထပ်မံ၍ သက်တမ်းတိုးပေးသွားမှာဖြစ်ပါသည်။

ပုဂ္ဂလိကစိုက်ခင်း စိုက်ပျိုးတည်ထောင်ရန်အတွက် ကုမ္ပဏီ/လုပ်ငန်းရှင်များမှ နှစ်အလိုက် စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ စိုက်ပျိုးသော်လည်း ရှင်သန်အောင်မြင်မှု ရာခိုင်နှုန်း (၇၀%) မ ပြည့်မီ ခြင်းများကို စိစစ်တွေ့ရှိရလျှင် (၁)ဧကလျှင် ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့် ပေးသွင်းထားသည့် လုပ်ငန်းအာမခံကြေးငွေ သိမ်းဆည်းခြင်းနှင့် ခွင့်ပြုမြေပြန်လည် သိမ်းဆည်းခြင်းခံရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 




















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service