23 Dec 2019 1:48 pm တွင် တင်ခဲ့သည်
1611 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
“ ဘီနာမီ” လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စကားလုံးတစ်ခုရှိပါတယ်။ ဘီနာမီ ဆိုတာဘာလဲ ၊ ဘီနာမီက ဘယ်လို အကျိုးသက်ရောက်မှုတွေရှိပါသလဲ။ ဘီနာမီလို့ မည်သို့ သတ်မှတ်သလဲ။
“ဘီနာမီ” ရဲ့ အစဉ်လာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒနဲ့တော့ မဆိုင်ပါဘူး။ အိန္ဒိယလူမျိုးတွေ၊ တရုတ်လူမျိုးတွေက ဒီစနစ်ကို ကျင့်သုံးတာများပါတယ်။ ဗုဒ ္ဓဘာသာတွေလည်း ကျင့်သုံးကြပါတယ်။ တရားဝင်ပါတယ်။ ဘီနာမီဆိုတာ အမည်ခံ၊ အမည်ငှားစနစ်လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် ပစ္စည်းဥစ္စာချမ်းသာတဲ့ မိဘများက သားသမီးတွေအတွက် သူတို့နာမည်နဲ့ ဝယ်ထားတာဖြစ်ပါတယ်။ အဲဒါက သူတို့ (သား၊သမီး)က တကယ် ပိုင်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ငွေနဲ့ဝယ်တာ မဟုတ်ဘူး။ မိဘငွေနဲ့ဝယ်တာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။
ဒီ“ဘီနာမီ”က ဘာပြဿနာဖြစ်လာနိုင်လဲဆိုတော့ အရွယ်ရောက်တဲ့အချိန် မိဘကလည်း မရှိတော့ တဲ့အချိန်မှာ မိဘရဲ့စီစဉ်မူကို သားသမီးတွေက နာခံမယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး ။ သ့ိုသော် တစ်ယောက်က တစ်နေရာတွင်ရတယ်၊ နောက်တစ်ယောက်က တစ်နေရာတွင်ရတယ် ရရှိတဲ့မြေကွက်တန်ဖိုးခြင်းမတူတဲ့အခါ မမျှတဘူးဖြစ်နေပါတယ်။ ဒီလိုဆိုရင် တန်ဖိုးနည်းတဲ့ မြေကိုရထားတဲ့ သားသမီးက မကျေနပ်ဘူး။ မကျေနပ်ရင် ဒီဟာက အမွေပစ္စည်းပါ “ဘီနာမီ”အမည်ခံအနေနဲ့ ဝယ်ပေးထားတာ။ တကယ်ပိုင်တာမဟုတ်ဘူး။ မိဘဆုံးသွားတဲ့အခါ အမွေခံပစ္စည်းအနေနဲ့ ကျန်ရစ်တဲ့အတွက် ဒါကို အမွေပုံပစ္စည်း အဖြစ်သတ်မှတ်ပြီး ပြန်ပြီးအညီအမျှ ခွဲဝေပေးပါလို့ တရားစွဲလို့ရပါတယ်။ ဒါက “ဘီနာမီ” စနစ်ရဲ့ အကျိုးသက်ရောက်မှုပေါ့။
ဘီနာမီဖြစ်ကြောင်း မည်သည့်အချက်တွေက သိနိုင်လည်းဆိုလျှင် ဝယ်ယူထားတဲ့သူက ဒီမြေကြီးကို ဝယ်ယူနိုင်တဲ့ အရည်အချင်းရှိတဲ့အချိန်မှာ ဝယ်တာလား၊ အရွယ်လည်းရောက်ပြီး စီးပွားရေး လည်းလုပ်ကိုင်နေပြီး သူ့နာမည်နဲ့ဝယ်တယ်ဆိုရင် ဘီနာမီ လို့ပြောရခက်တယ်။ အရွယ်မရောက်၊ စီးပွားရေး လည်းမလုပ်ဘဲနဲ့ သူ့နာမည်နဲ့ဝယ်တယ်ဆိုရင် “ဘီနာမီ” လို့ပြောလို့ရသွားပြီ။ နောက်တစ်ချက်က ပိုင်ဆိုင်မူ စာရွက်စာတမ်းက မိဘကသူသိမ်းထားတာ၊ သားသမီးကို ပေးမထားဘူး။ ဒီတော့ ပိုင်ဆိုင်မှုစာရွက်စာတမ်း က ဘယ်သူဆီမှာရှိသလဲဆိုတာ ခြေရာခံတာပေါ့။ နောက်တစ်ချက်က လက်ရောက်ပေးထားသလားဆိုတာပါ။ ဝယ်ထားတဲ့ပစ္စည်းကို သူ့နာမည်နဲ့ဝယ်တယ်၊ သူက ဒီနေရာမှာလည်းနေတယ်၊ စာရွက်စာတမ်းလည်း ပိုင်တယ်။ သူက အရွယ်ရောက်ပြီး ဝယ်နိုင်တဲ့ အရည်အချင်းလည်းရှိတယ်ဆိုရင် “ဘီနာမီ” ဟုတ်မဟုတ် ဆိုတာ အငြင်းပွားစရာဖြစ်တာပေါ့။ စောစောက အချက်သုံးချက်နဲ့ ငြိစွန်းနေရင်တော့ “ဘီနာမီ” ဆိုတာ သေချာတာပေါ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
CarsDB
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service