မည္သည့္ပိုင္ဆိုင္မႈပံုစံျဖင့္ ေရာင္းခ်ေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူရန္ မသင့္ပါဘူးလဲ?

မည္သည့္ပိုင္ဆိုင္မႈပံုစံျဖင့္ ေရာင္းခ်ေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူရန္ မသင့္ပါဘူးလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
20 Dec 2019 12:42 pm တွင် တင်ခဲ့သည်
2489 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

(၁) တရား႐ုံး၌ အမႈရင္ဆိုင္ေနရေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို လုံးဝယ္ယူရန္ မစဥ္းစားသင့္ပါ။

အမႈရင္ဆိုင္ေနရေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို လႊဲေျပာင္းျခင္းကို ခြင့္မျပဳပါ။ တစ္နည္း အားျဖင့္ဆိုရလွ်င္ အမူရင္ဆိုင္ေနသည့္အေတာအတြင္း အမႈႏွင့္သက္ဆိုင္ေနေသာပစၥည္းကို လႊဲေျပာင္းျခင္း သည္ ဥပေဒႏွင့္မညီၫြတ္၍ ထိုသို႔လႊဲေျပာင္းျခင္း၊ ရယူျခင္းတို႔မွာ ဥပေဒအရ ကေနဦးကပင္ ပ်က္ျပယ္သည္ဟု ဆိုႏိုင္ပါသည္။ ပစၥည္းကိုႀကိဳက္လြန္း၍ျဖစ္ေစ၊ ေစ်းခ်ိဳလြန္း၍ျဖစ္ေစ၊ ေရာင္းခ်သူက အေျပာအဆိုေကာင္း၍ ျဖစ္ေစ၊ တရား႐ုံးေရာက္ပစၥည္းကို အမူရင္ဆိုင္ေနသည့္အေတာအတြင္း လႊဲေျပာင္းရယူျခင္းမ်ားကို ျပဳလုပ္ေနက်သည္ကိုလည္းေတြ႕ရပါသည္။ ေရာင္းခ်သူသည္ တရား႐ုံးအဆင့္ဆင့္တြင္ အႏိုင္ရ႐ွိခဲ့ပါက ဝယ္သူ အေနျဖင့္နစ္နာမည္မဟုတ္ေသာ္လည္း ေရာင္းခ်သူ အမႈ႐ႈံးနိမ့္သြားပါက ဝယ္ယူသူမွာ အလြန္အမင္း နစ္နာ သြားမည္ျဖစ္ပါသည္။ ေရာင္းခ်သူအေပၚ တရားတစ္ထုံးစြဲ၍ ေငြျပန္ေတာင္းရမည့္ အေျခအေနသို႔ ေရာက္႐ွိ သြားႏိုင္ပါသည္။ ေရာင္းခ်သူသည္ မူလ႐ုံးတြင္ အမႈအႏိုင္ရ႐ွိေစဦးေတာ့၊ အထက္အယူခံတရား႐ုံး အဆင့္ဆင့္ တြင္ အမႈ႐ႈံးနိမ့္ေကာင္း ႐ႈံးနိမ့္ႏိုင္သျဖင့္ အျမင့္ဆုံးတရား႐ုံးတြင္ အမႈမၿပီးျပတ္ေသးေသာ မေ႐ႊ႕မေျပာင္းႏိုင္ သည့္ပစၥည္းကို လုံးဝဝယ္ယူရန္ မစဥ္းစားသင့္ပါေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။

(၂) အရြယ္မေရာက္ေသးသူ လံုး၀ပိုင္ဆိုင္လွ်င္ေသာ္လည္းေကာင္း (သို႔မဟုတ္) တစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္လွ်င္ေသာ္လည္းေကာင္း တရားရံုးခြင့္ျပဳခ်က္မရွိလွ်င္ မ၀ယ္သင့္ပါ။

မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း ပိုင္ဆိုင္မႈတြင္ အ႐ြယ္မေရာက္ေသးသူက လုံးဝပိုင္ဆိုင္လွ်င္ ေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္ထားလွ်င္ေသာ္လည္းေကာင္း၊ ယင္းပစၥည္းကို ေရာင္းခ်လာပါက တရား႐ုံး၏ ခြင့္ျပဳခ်က္မရ႐ွိဘဲ အ႐ြယ္မေရာက္သူထံမွ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူပါက တရားဝင္ မည္မဟုတ္ပါ။ ဥပမာ- ဦးေလး၊ အေဒၚႏွင့္ တူမတစ္ဦးတို႔၏ အမည္ေပါက္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ေရာင္းခ်ပါက ဦးေလးႏွင့္အေဒၚတို႔သည္ တရား႐ုံး၏ ခြင့္ျပဳခ်က္မရ႐ွိဘဲ အ႐ြယ္မေရာက္ေသးသူ၏ ေဝစုကိုထည့္၍ေရာင္းခ်ပါက အ႐ြယ္မေရာက္ေသးသူ၏ အခြင့္အေရးကို အကာအကြယ္ေပးထားသျဖင့္ စီရင္ပိုင္ခြင့္ ႐ွိေသာ တရား႐ုံး၏ သီးျခားခြင့္ျပဳမိန္႔မရ႐ွိဘဲ အ႐ြယ္မေရာက္ေသးသူ၏ ေဝစုကို ေရာင္းခ်ခြင့္မ႐ွိေၾကာင္း ဝယ္သူတို႔ အေနျဖင့္ အထူးသတိျပဳသင့္ေသာ ဥပေဒေရးရာကိစၥျဖစ္ပါသည္။

(၃) မေရႊ႕မေျပာင္းႏိုင္သည့္ အေမြဆိုင္ပစၥည္းကို အေမြဆိုင္မစံုလင္ဘဲ ေရာင္းခ်ျခင္းကို မ၀ယ္ယူသင့္ပါ။

ေရာင္းသူဘက္မွ အေမြဆိုင္မ်ားအေနျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ အေမြဆိုင္ပစၥည္းကို ေရာင္းခ်ျခင္း တြင္ အေမြဆိုင္ မစုံလင္ပါက ေရာင္းခ်မႈသည္တရားဝင္မည္မဟုတ္ပါ။ အခ်ိဳ႕ကိစၥရပ္တြင္ အေမြဆိုင္ တစ္ဦးဦးသည္ ႏိုင္ငံျခားသို႔အၿပီးအပိုင္ ထြက္ခြာသြားသည့္ကိစၥ သို႔မဟုတ္ ေသဆုံးသြားသည့္ကိစၥရပ္မ်ား ႐ွိတတ္ပါသည္။ ထိုအေျခအေနမ်ိဳးတြင္ အခ်ိဳ႕အေမြဆိုင္တို႔က ႏိုင္ငံျခားသို႔ အၿပီးအပိုင္ ထြက္ခြာသြားေသာ အေမြဆိုင္ကို ခ်န္လွပ္ထားတတ္ပါက သို႔မဟုတ္ ေသဆုံးသူ အေမြဆိုင္၏ ဇနီးႏွင့္ သားသမီးတို႔ကို အေမြေဝစု ခြဲေဝမေပးခ်င္၍ တမင္ထိန္ခ်န္ထားတတ္သည္ကို ဝယ္သူဘက္မွသတိထား၍ ေလ့လာစုံစမ္းရမည့္အခ်က္ ျဖစ္ပါသည္။ ဝယ္သူဘက္မွ ေပါ့ေပါ့ဆဆ စုံစမ္းမျပဳဘဲ အလြယ္တကူ ေငြသိန္းေပါင္းမ်ားစြာ ေပးေခ်ၿပီးဝယ္ယူၿပီးေနာက္တြင္ အထက္ေဖာ္ျပပါအေမြဆိုင္ ထိန္ခ်န္ခဲ့သည့္ကိစၥရပ္မ်ား ေပၚေပါက္လာပါက တရား႐ုံး တြင္ေသာ္လည္းေကာင္း၊ အုပ္ခ်ဳပ္မႈအာဏာပိုင္ထံတြင္ေသာ္လည္းေကာင္း၊ ေျဖ႐ွင္းရမည့္ ကိစၥရပ္မ်ား ေပၚ ေပါက္လာပါကဝယ္သူသည္ စိတ္ဆင္းရဲမႈႏွင့္အမွန္ပင္ ၾကဳံေတြ႕ရႏိုင္ပါေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။

(၄) မယားၿပိဳင္မ်ားရွိေနေသာ လင္၏ပိုင္ဆိုင္မႈပစၥည္းကို မယားတစ္ဦတည္းက လက္မွတ္ထိုးေရာင္းခ်ျခင္းကို မ၀ယ္ယူသင့္ပါ။

ျမန္မ့ာဓေလ့ထုံးတမ္းဥပေဒအရ လင္၏ပိုင္ဆိုင္မႈပစၥည္းအေပၚတြင္ မယားတစ္ေယာက္သာ ႐ွိပါက လင္၏ အထက္ပါ သို႔မဟုတ္ အေမြရပစၥည္းအေပၚတြင္ မယားတစ္ဦးတည္းရွိပါက ၎ကသာ ဥပေဒႏွင့္အညီပိုင္ဆိုင္ခြင့္ရၿပီး မယားၿပိဳင္မ်ားရွိပါက ဒုတိယ၊ တတိယ မယားမ်ားအေနျဖင့္ သတ္မွတ္သည့္ အခ်ိဳးမ်ားအရ သက္ဆိုင္ခြင့္႐ွိပါသည္။ သို႔ျဖစ္ရကား မယားတစ္ဦးထက္ ပိုမို႐ွိေသာ လင္ေယာက်ာ္း၏ အမည္ေပါက္ပစၥည္းကိုဝယ္ယူရာတြင္ အထူးသတိျပဳ၍ ေဆာင္႐ြက္ရန္လိုအပ္ေသာ ကိစၥရပ္မ်ားကို ေဆာင္႐ြက္ၿပီး အ႐ႈပ္အ႐ွင္း မေပၚေပါက္ႏိုင္သည္ဟု ေသခ်ာေရရာမွ ဝယ္သူအေနျဖင့္ ယင္းမေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူရန္ ျဖစ္ပါသည္။ ေရာင္းခ်သူလင္ေယာက်ာ္းႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုရမည္မွာ မွန္ေသာ္လည္း၊ မယားအားလုံး သေဘာတူ ညီ အေထာက္အထားမ်ားရ႐ွိၿပီးမွသာ အေရာင္းအဝယ္ကို ဝယ္သူဘက္မွ ေဆာင္႐ြက္သင့္ပါသည္။ စာခ်ဳပ္စာ တမ္း မွတ္ပုံတင္ကိစၥတြင္ နားလည္တတ္ ကြၽမ္းေသာေ႐ွ႕ေနေ႐ွ႕ရပ္ႏွင့္ တိုင္ပင္ျခင္း၊ ငွားရမ္းျခင္း ျပဳလုပ္သင့္ပါသည္ေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။

(၅) မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို အေပါင္ခံၿပီး အေရာင္းဟန္ေဆာင္စာခ်ဳပ္ျဖင့္ အေပါင္ဆံုးကို ေရာင္းခ်ျခင္းကို မ၀ယ္ယူသင့္ပါ။

မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းပိုင္႐ွင္သည္ ေငြအလြန္လိုအပ္ေနသျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း ကို ေပါင္ႏွံ၍ ေငြေခ်းသည့္ကိစၥကို အေပါင္ခံသူသည္ အေရာင္းစာခ်ဳပ္အျဖစ္ လက္မွတ္ေရးထိုးေစျခင္း၊ အထူးကိုယ္စားလွယ္စာရယူထားျခင္း၊ ေခ်းေငြျပန္မဆပ္ႏိုင္၍ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္း လက္ေရာက္ရလိုမႈစြဲဆိုသည့္ ကိစၥလည္းၾကဳံေတြ႕ဘူးပါသည္။ အေပါင္ခံသူသည္ ပစၥည္းလက္ေရာက္ မရ႐ွိခဲ့သည့္အတြက္ အေရာင္းဟန္ေဆာင္စာခ်ဳပ္အေပၚ အေျခတည္၍ တရားစြဲဆိုပါက အမႈ႐ႈံးနိမ့္မည္မွာ ေသခ်ာလွပါသည္။ ထို႔ေၾကာင့္ ဟန္ေဆာင္စာခ်ဳပ္ျဖင့္ ျပန္လည္ေရာင္းခ်ျခင္းကို သတိျပဳစစ္ေဆးၿပီးမွသာ အေရာင္းအ၀ယ္ကို ေရွ႕ဆက္သင့္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

(၁) တရားရုံး၌ အမှုရင်ဆိုင်နေရသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လုံးဝယ်ယူရန် မစဉ်းစားသင့်ပါ။

အမှုရင်ဆိုင်နေရသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လွှဲပြောင်းခြင်းကို ခွင့်မပြုပါ။ တစ်နည်း အားဖြင့်ဆိုရလျှင် အမူရင်ဆိုင်နေသည့်အတောအတွင်း အမှုနှင့်သက်ဆိုင်နေသောပစ္စည်းကို လွှဲပြောင်းခြင်း သည် ဥပဒေနှင့်မညီညွတ်၍ ထိုသို့လွှဲပြောင်းခြင်း၊ ရယူခြင်းတို့မှာ ဥပဒေအရ ကနေဦးကပင် ပျက်ပြယ်သည်ဟု ဆိုနိုင်ပါသည်။ ပစ္စည်းကိုကြိုက်လွန်း၍ဖြစ်စေ၊ ဈေးချိုလွန်း၍ဖြစ်စေ၊ ရောင်းချသူက အပြောအဆိုကောင်း၍ ဖြစ်စေ၊ တရားရုံးရောက်ပစ္စည်းကို အမူရင်ဆိုင်နေသည့်အတောအတွင်း လွှဲပြောင်းရယူခြင်းများကို ပြုလုပ်နေကျသည်ကိုလည်းတွေ့ရပါသည်။ ရောင်းချသူသည် တရားရုံးအဆင့်ဆင့်တွင် အနိုင်ရရှိခဲ့ပါက ဝယ်သူ အနေဖြင့် နစ်နာမည်မဟုတ်သော်လည်း ရောင်းချသူ အမှုရှုံးနိမ့်သွားပါက ဝယ်ယူသူမှာ အလွန်အမင်း နစ်နာ သွားမည်ဖြစ်ပါသည်။ ရောင်းချသူအပေါ် တရားတစ်ထုံးစွဲ၍ ငွေပြန်တောင်းရမည့် အခြေအနေသို့ ရောက်ရှိ သွားနိုင်ပါသည်။ ရောင်းချသူသည် မူလရုံးတွင် အမှုအနိုင်ရရှိစေဦးတော့၊ အထက်အယူခံတရားရုံး အဆင့်ဆင့် တွင် အမှုရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သဖြင့် အမြင့်ဆုံးတရားရုံးတွင် အမှုမပြီးပြတ်သေးသော မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကို လုံးဝဝယ်ယူရန် မစဉ်းစားသင့်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

(၂) အရွယ်မရောက်သေးသူ လုံးဝပိုင်ဆိုင်လျှင်သော်လည်းကောင်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်လျှင်သော်လည်းကောင်း တရားရုံးခွင့်ပြုချက်မရှိလျှင် မဝယ်သင့်ပါ။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ပိုင်ဆိုင်မှုတွင် အရွယ်မရောက်သေးသူက လုံးဝပိုင်ဆိုင်လျှင် သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားလျှင်သော်လည်းကောင်း၊ ယင်းပစ္စည်းကို ရောင်းချလာပါက တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ အရွယ်မရောက်သူထံမှ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူပါက တရားဝင် မည်မဟုတ်ပါ။ ဥပမာ- ဦးလေး၊ အဒေါ်နှင့် တူမတစ်ဦးတို့၏ အမည်ပေါက် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းချပါက ဦးလေးနှင့်အဒေါ်တို့သည် တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ အရွယ်မရောက်သေးသူ၏ ဝေစုကိုထည့်၍ရောင်းချပါက အရွယ်မရောက်သေးသူ၏ အခွင့်အရေးကို အကာအကွယ်ပေးထားသဖြင့် စီရင်ပိုင်ခွင့် ရှိသော တရားရုံး၏ သီးခြားခွင့်ပြုမိန့်မရရှိဘဲ အရွယ်မရောက်သေးသူ၏ ဝေစုကို ရောင်းချခွင့်မရှိကြောင်း ဝယ်သူတို့ အနေဖြင့် အထူးသတိပြုသင့်သော ဥပဒေရေးရာကိစ္စဖြစ်ပါသည်။

(၃) မရွှေ့မပြောင်းနိုင်သည့် အမွေဆိုင်ပစ္စည်းကို အမွေဆိုင်မစုံလင်ဘဲ ရောင်းချခြင်းကို မဝယ်ယူသင့်ပါ။

ရောင်းသူဘက်မှ အမွေဆိုင်များအနေဖြင့် မရွှေ့မပြောင်းနိုင်သည့် အမွေဆိုင်ပစ္စည်းကို ရောင်းချခြင်း တွင် အမွေဆိုင် မစုံလင်ပါက ရောင်းချမှုသည်တရားဝင်မည်မဟုတ်ပါ။ အချို့ကိစ္စရပ်တွင် အမွေဆိုင် တစ်ဦးဦးသည် နိုင်ငံခြားသို့အပြီးအပိုင် ထွက်ခွာသွားသည့်ကိစ္စ သို့မဟုတ် သေဆုံးသွားသည့်ကိစ္စရပ်များ ရှိတတ်ပါသည်။ ထိုအခြေအနေမျိုးတွင် အချို့အမွေဆိုင်တို့က နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွားသော အမွေဆိုင်ကို ချန်လှပ်ထားတတ်ပါက သို့မဟုတ် သေဆုံးသူ အမွေဆိုင်၏ ဇနီးနှင့် သားသမီးတို့ကို အမွေဝေစု ခွဲဝေမပေးချင်၍ တမင်ထိန်ချန်ထားတတ်သည်ကို ဝယ်သူဘက်မှသတိထား၍ လေ့လာစုံစမ်းရမည့်အချက် ဖြစ်ပါသည်။ ဝယ်သူဘက်မှ ပေါ့ပေါ့ဆဆ စုံစမ်းမပြုဘဲ အလွယ်တကူ ငွေသိန်းပေါင်းများစွာ ပေးချေပြီးဝယ်ယူပြီးနောက်တွင် အထက်ဖော်ပြပါအမွေဆိုင် ထိန်ချန်ခဲ့သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက တရားရုံး တွင်သော်လည်းကောင်း၊ အုပ်ချုပ်မှုအာဏာပိုင်ထံတွင်သော်လည်းကောင်း၊ ဖြေရှင်းရမည့် ကိစ္စရပ်များ ပေါ် ပေါက်လာပါကဝယ်သူသည် စိတ်ဆင်းရဲမှုနှင့်အမှန်ပင် ကြုံတွေ့ရနိုင်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

(၄) မယားပြိုင်များရှိနေသော လင်၏ပိုင်ဆိုင်မှုပစ္စည်းကို မယားတစ်ဦတည်းက လက်မှတ်ထိုးရောင်းချခြင်းကို မဝယ်ယူသင့်ပါ။

မြန်မ့ာဓလေ့ထုံးတမ်းဥပဒေအရ လင်၏ပိုင်ဆိုင်မှုပစ္စည်းအပေါ်တွင် မယားတစ်ယောက်သာ ရှိပါက လင်၏ အထက်ပါ သို့မဟုတ် အမွေရပစ္စည်းအပေါ်တွင် မယားတစ်ဦးတည်းရှိပါက ၎င်းကသာ ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်ရပြီး မယားပြိုင်များရှိပါက ဒုတိယ၊ တတိယ မယားများအနေဖြင့် သတ်မှတ်သည့် အချိုးများအရ သက်ဆိုင်ခွင့်ရှိပါသည်။ သို့ဖြစ်ရကား မယားတစ်ဦးထက် ပိုမိုရှိသော လင်ယောကျာ်း၏ အမည်ပေါက်ပစ္စည်းကိုဝယ်ယူရာတွင် အထူးသတိပြု၍ ဆောင်ရွက်ရန်လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီး အရှုပ်အရှင်း မပေါ်ပေါက်နိုင်သည်ဟု သေချာရေရာမှ ဝယ်သူအနေဖြင့် ယင်းမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူရန် ဖြစ်ပါသည်။ ရောင်းချသူ လင်ယောကျာ်းနှင့် စာချုပ်ချုပ်ဆိုရမည်မှာ မှန်သော်လည်း၊ မယားအားလုံး သဘောတူ ညီ အထောက်အထားများရရှိပြီးမှသာ အရောင်းအဝယ်ကို ဝယ်သူဘက်မှ ဆောင်ရွက်သင့်ပါသည်။ စာချုပ်စာ တမ်း မှတ်ပုံတင်ကိစ္စတွင် နားလည်တတ် ကျွမ်းသောရှေ့နေရှေ့ရပ်နှင့် တိုင်ပင်ခြင်း၊ ငှားရမ်းခြင်း ပြုလုပ်သင့်ပါသည်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

(၅) မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အပေါင်ခံပြီး အရောင်းဟန်ဆောင်စာချုပ်ဖြင့် အပေါင်ဆုံးကို ရောင်းချခြင်းကို မဝယ်ယူသင့်ပါ။

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းပိုင်ရှင်သည် ငွေအလွန်လိုအပ်နေသဖြင့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ကို ပေါင်နှံ၍ ငွေချေးသည့်ကိစ္စကို အပေါင်ခံသူသည် အရောင်းစာချုပ်အဖြစ် လက်မှတ်ရေးထိုးစေခြင်း၊ အထူးကိုယ်စားလှယ်စာရယူထားခြင်း၊ ချေးငွေပြန်မဆပ်နိုင်၍ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လက်ရောက်ရလို မှုစွဲဆိုသည့် ကိစ္စလည်းကြုံတွေ့ဘူးပါသည်။ အပေါင်ခံသူသည် ပစ္စည်းလက်ရောက် မရရှိခဲ့သည့်အတွက် အရောင်းဟန်ဆောင်စာချုပ်အပေါ် အခြေတည်၍ တရားစွဲဆိုပါက အမှုရှုံးနိမ့်မည်မှာ သေချာလှပါသည်။ ထို့ကြောင့် ဟန်ဆောင်စာချုပ်ဖြင့် ပြန်လည်ရောင်းချခြင်းကို သတိပြုစစ်ဆေးပြီးမှသာ အရောင်းအဝယ်ကို ရှေ့ဆက်သင့်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service