အိမ္႐ွင္အိမ္ငွားျပႆနာကို တရား႐ုံးမွာေျဖ႐ွင္းၿပီးလို႔ အိမ္႐ွင္က အႏိုင္ရေၾကာင္း တရားရံုးအမိန္႔ခ်မွတ္ခဲ့လွ်င္ တရားရႈံးျဖစ္တဲ့ အိမ္ငွားကို မည္သို႔ဖယ္ရွားခိုင္းမလဲ?

အိမ္႐ွင္အိမ္ငွားျပႆနာကို တရား႐ုံးမွာေျဖ႐ွင္းၿပီးလို႔ အိမ္႐ွင္က အႏိုင္ရေၾကာင္း တရားရံုးအမိန္႔ခ်မွတ္ခဲ့လွ်င္ တရားရႈံးျဖစ္တဲ့ အိမ္ငွားကို မည္သို႔ဖယ္ရွားခိုင္းမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2019 1:41 pm တွင် တင်ခဲ့သည်
2179 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

အိမ္႐ွင္အိမ္ငွားျပႆနာမွာ တရားႏိုင္နဲ႔တရား႐ႈံးႏွစ္ေယာက္ပါတယ္။ တရားႏိုင္ကအႏိုင္ရတဲ့ အိမ္ျခံေျမကို တရားရံုးမွ အႏိုင္ဒီကရီ အမိန္႔ခ်မွတ္ၿပီးေနာက္ တရားမဇာရီမႈဖြင့္လွစ္ရမွာျဖစ္ပါတယ္။ တရားရံုးဘိလစ္မွ တရားရံႈးအား ဘယ္ေန႔၊ ဘယ္ရက္တြင္ ဖယ္ရွားေပးရန္ အေၾကာင္းၾကားရမည္။ မဖယ္႐ွားဘူးဆိုရင္ေတာ့ အင္အားသုံးၿပီးေတာ့ ဖယ္ရွားရန္ တရား႐ုံးက လုပ္ရပါတယ္။

တရားမက်င့္ထုံးဥပေဒ အမိန္႔ ၂၁ နည္းဥပေဒ ၃၅အရ အေၾကာင္းၾကားၿပီး တရားရံႈးအား ဆြဲထုတ္ရပါတယ္။ အဲဒါကို မေအာင္ျမင္ဘူး၊ သူ႕တို႔ကလဲ ခုခံတယ္ဆိုရင္တခ်ိဳ႕ကလဲ ဘယ္နည္းနဲ႔မွ မဖယ္ေပးဘူးဆိုၿပီးေတာ့ ေသေသေၾကေၾက ခုခံတာေတြ႐ွိတယ္။ ထိုအခါ တာ၀န္ေပးအပ္ခန္႔ထားသည့္ ဦးစီးအရာရွိက ရဲအင္အားနဲ႔သြားၿပီး အိမ္ထဲမွာ႐ွိတဲ့ လူေတြကိုဆြဲထုတ္ရမယ္၊ ပစၥည္းေတြလည္း ဆြဲခ်ရပါမည္။ ဆြဲခ်ၿပီးေတာ့ အိမ္နယ္နိမိတ္ အျပင္မွာပုံထားရၿပီး အဆိုပါပစၥည္းမ်ားကို ယူျခင္းမယူျခင္းသည္တရားရံႈး၏ အပိုင္းျဖစ္သြားတယ္။ တခ်ိဳ႕အမႈနဲ႔မဆိုင္ပဲ အိမ္ျခံေျမမွာတက္ေနတဲ့သူေတြ႐ွိတယ္၊။ တရားရံုးအမိန္႔ဒီကရီကို လိုက္နာဖို႔ တာဝန္မ႐ွိသူဆိုတဲ့ ပုဂၢိဳလ္မ်ားကိုေတာ့ သီးျခားပုဒ္မနဲ႔ အေရးယူလို႔ရတယ္။

တရားမက်င့္ထုံးဥပေဒပုဒ္မ ( ၅၁ )၊ ပုဒ္မ ( ၇၄ ) အရ ဒီကရီအရ ေဆာင္႐ြက္တဲ့အခါမွာ ဟန္႔တား ေႏွာက္ယွက္သူကို အေရးယူတဲ့ပုဒ္မေတြပါ၊ အဲ့ဒါေတြက ေထာင္တစ္လခ်လို႔ရတယ္ ။ ေႏွာက္ယွက္သူကို စံုစမ္းစစ္ေဆးၿပီး သူတို႔က ေထာင္ခ်လိုက္ ေထာင္ခ်႐ုံနဲ႔မၿပီးေသးဘူး။ တရားႏိုင္ကို အိမ္ျခံေျမကိုလက္ေရာက္အပ္ရတယ္။ တရား႐ုံးရဲ႕ ဒီကရီကအတည္ျဖစ္ၿပီး အစိုးရတစ္ရပ္သာေျပာင္းသြားမယ္ တရား႐ုံးရဲ႕ဒီကရီက ေျပာင္းလို႔မရဘူး။ တရား႐ုံးရဲ႕ အႏိုင္ဒီကရီျဖစ္ျဖစ္၊ အ႐ႈံးဒီကရီျဖစ္ျဖစ္ ဒီကရီကအတည္သာျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အိမ်ရှင်အိမ်ငှားပြဿနာမှာ တရားနိုင်နဲ့တရားရှုံးနှစ်ယောက်ပါတယ်။ တရားနိုင်ကအနိုင်ရတဲ့ အိမ်ခြံမြေကို တရားရုံးမှ အနိုင်ဒီကရီ အမိန့်ချမှတ်ပြီးနောက် တရားမဇာရီမှုဖွင့်လှစ်ရမှာဖြစ်ပါတယ်။ တရားရုံးဘိလစ်မှ တရားရှုံးအား ဘယ်နေ့၊ ဘယ်ရက်တွင် ဖယ်ရှားပေးရန် အကြောင်းကြားရမည်။ မဖယ်ရှားဘူးဆိုရင်တော့ အင်အားသုံးပြီးတော့ ဖယ်ရှားရန် တရားရုံးက လုပ်ရပါတယ်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၃၅အရ အကြောင်းကြားပြီး တရားရှုံးအား ဆွဲထုတ်ရပါတယ်။ အဲဒါကို မအောင်မြင်ဘူး၊ သူ့တို့ကလဲ ခုခံတယ်ဆိုရင် တချို့ကလဲ ဘယ်နည်းနဲ့မှ မဖယ်ပေးဘူးဆိုပြီးတော့ သေသေကြေကြေ ခုခံတာတွေရှိတယ်။ ထိုအခါ တာဝန်ပေးအပ်ခန့်ထားသည့် ဦးစီးအရာရှိက ရဲအင်အားနဲ့သွားပြီး အိမ်ထဲမှာရှိတဲ့ လူတွေကိုဆွဲထုတ်ရမယ်၊ ပစ္စည်းတွေလည်း ဆွဲချရပါမည်။ ဆွဲချပြီးတော့ အိမ်နယ်နိမိတ် အပြင်မှာပုံထားရပြီး အဆိုပါပစ္စည်းများကို ယူခြင်းမယူခြင်းသည် တရားရှုံး၏ အပိုင်းဖြစ်သွား တယ်။ တချို့အမှုနဲ့မဆိုင်ပဲ အိမ်ခြံမြေမှာတက်နေတဲ့သူတွေရှိတယ်၊။ တရားရုံးအမိန့်ဒီကရီကို လိုက်နာဖို့ တာဝန်မရှိသူဆိုတဲ့ ပုဂ္ဂိုလ်များကိုတော့ သီးခြားပုဒ်မနဲ့ အရေးယူလို့ ရတယ်။

တရားမကျင့်ထုံးဥပဒေပုဒ်မ ( ၅၁ )၊ ပုဒ်မ ( ၇၄ ) အရ ဒီကရီအရ ဆောင်ရွက်တဲ့အခါမှာ ဟန့်တား နှောက်ယှက်သူကို အရေးယူတဲ့ပုဒ်မတွေပါ၊ အဲ့ဒါတွေက ထောင်တစ်လချလို့ရတယ် ။ နှောက်ယှက်သူကို စုံစမ်း စစ်ဆေးပြီး သူတို့က ထောင်ချလိုက် ထောင်ချရုံနဲ့မပြီးသေးဘူး။ တရားနိုင်ကို အိမ်ခြံမြေကိုလက်ရောက်အပ်ရတယ်။ တရားရုံးရဲ့ ဒီကရီက အတည်ဖြစ်ပြီး အစိုးရတစ်ရပ်သာပြောင်းသွားမယ် တရားရုံးရဲ့ဒီကရီက ပြောင်းလို့မရဘူး။ တရားရုံးရဲ့ အနိုင်ဒီကရီဖြစ်ဖြစ်၊ အရှုံးဒီကရီဖြစ်ဖြစ် ဒီကရီကအတည်သာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။ iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service