အမႈလိုက္ေရွ႕ေနလုပ္မွာလား အိမ္ျခံေျမ စာခ်ဳပ္ေရွ႕ေနျဖစ္ခ်င္တာလား

အမႈလိုက္ေရွ႕ေနလုပ္မွာလား အိမ္ျခံေျမ စာခ်ဳပ္ေရွ႕ေနျဖစ္ခ်င္တာလား - Property Knowledge in Myanmar from iMyanmarHouse.com
31 Jul 2019 1:13 pm တွင် တင်ခဲ့သည်
3253 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ကၽြန္ပ္တို႕ရဲ႕ ေရွ႕ေနေလာကသားမ်ားအားလံုးမွာ ဝါသနာကို ေရွ႕တန္းတင္ကာ ဘယ္လိုေလာကဓံနဲ႕ ၾကံဳေတြ႕့ပါေစ ၊ ေရွ႕ေနအလုပ္နဲ႕ပဲ ဘဝကုိ ျမွဳပ္နွံေတာ့မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ခ်ထားသူမ်ား ျဖစ္ၾကပါတယ္။ ေရွ႕ေနဘဝ ေရာက္လာျပန္ေတာ့လည္း မိမိရဲ႕အလုပ္သင္ဆရာ လိုက္ပါေဆာင္ရြက္ေနတဲ့ အမႈကိုပဲ နားလည္တတ္ကၽြမ္းေအာင္ သင္ယူၾကပါတယ္။

ဆရာျဖစ္သူက တရားမမႈေတြလိုက္ေနရင္ မိမိမွာလည္း တရားမမႈကို ပိုမိုနားလည္တတ္ကၽြမ္းလာပါတယ္။ ဆရာက ရာဇဝတ္မႈအလိုက္မ်ားရင္ မိမိမွာလည္း ရာဇဝတ္မႈေတြနဲ႕ ပိုမိုရင္းနွီးခြင့္ၾကရျပန္ပါတယ္။ ဆရာ့အပါးက ခြာလို႕ကိုယ့္ဒူးကိုယ္ခၽြန္နဲ႕ ဘဝကို ရုန္းကန္ရတဲ့ အခါမွာေတာ့ မိမိရဲ႕ဝါသနာ ၊ မိမိရဲ႕ စရုိက္နဲ႕ လိုက္ဖက္ညီတဲ့ လိုင္းကို ေရြးခ်ယ္လာၾကပါတယ္။

အသက္အရြယ္ေတြရလာလို႕ ဘဝတူေရွ႕ေနေတြ တရားခြင္တစ္ခု မဟုတ္တစ္ခုမွာ ျပန္ေတြ႕ၾကတဲ့အခါမွာ မိမိတို႕ဝါသနာ ၊ မိမိတို႕အားသန္တဲ့အမႈေတြကို လိုက္ပါေဆာင္ရြင္ေနၾကတာကို ေတြ႕ရပါတယ။္ အခ်ိဳ႕ကေတာ့ ရာဇ၀တ္မႈကို အားသန္လို႕ ျမိဳ႕နယ္တစ္ခုခုမွာ သူမပါရင္ ပြဲမစည္တဲ့ ၊ နယ္စားၾကီးေတြ ျဖစ္ေနၾကတာကို ေတြ႕ရပါတယ္။ အခ်ိဳ႕ေရွ႕ေနေတြက်ျပန္ေတာ့ တပည့္ေတြ တသီတတန္းနဲ႕ အိတ္ဆြဲသူကဆြဲ ၊ ေခါင္းေပါင္းကိုင္ေပးခ်င္သူ တပည့္က အလုအယက္နဲ႕ ပြဲလယ္တင့္ေနတဲ့ တရားမေရွ႕ေနၾကီးမ်ားကိုလည္း ေတြ႕ရပါတယ္။ သူဝါသနာပါနဲ႕သူ ၊ သူစရုိတ္နဲ႕သူ ၊ ဟန္က်ေနတာကို ျမင္ရတဲ့ ဘဝတူေရွ႕ေနတိုင္းကို အားက်မိပါတယ္။

အဲဒီလို သူ႕ဘ၀နဲ႕သူ ၾကီးပြားခ်မ္းသာေနၾကတာကို အားမက်ဘဲ ရာဇဝတ္မႈလည္း မလိုက္ခ်င္ တရားမမႈလိုက္ရတာကိုလည္း မေပ်ာ္တဲ့ ေရွ႕ေနတစ္မ်ိဳးက ရွိေနျပန္တယ္၊ စာခ်ဳပ္စာတမ္း ခ်ဳပ္ဆိုေပးရတာကိုမွ ဝါသနာၾကီးလြန္းတဲ့ ေရွ႕ေနတစ္မ်ိဳးပါပဲ။ အဲဒိီလို ပုဂၢိဳလ္မ်ားထဲမွာ ကၽြႏ္ုပ္လည္းတစ္ေယာက္ အပါအဝင္ ျဖစ္ပါတယ္။

ဒီလိုစာခ်ဳပ္စာတမ္းနဲ႕ အိမ္ျခံေျမအေရာင္းအဝယ္ကိစၥေတြ ေဆာင္ရြက္ျပီဆိုကတည္းက အိမ္ျခံေျမအေမြကိစၥေတြ ရွိတဲ့ အခါသာ တရားရုံးဘက္ကို အေရာက္အေပါက္ နည္းလာပါတယ္။

မ်ားေသာအားျဖင့္ ေျမနဲ႕သက္ဆိုင္တဲ့ ျမိဳ႕ျပနွင့္ အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန ၊ ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေျမယာဌာန ၊ အေဆာက္အအံုနဲ႕ အင္ဂ်င္နီယာဌာန (ယာ/အံု) စာခ်ဳပ္စာတမ္း မွတ္ပံုတင္ရုံးနဲ႕ လယ္ယာေျမစီမံခန္႔ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနဆိုတဲ့ ေနရာေတြကို အေရာက္အေပါက္မ်ားတတ္ပါတယ္။

ဒီလိုေနရာေတြကေတာ့ အိမ္ျခံေျမပြဲစားမ်ား အမ်ားဆံုး က်က္စားတဲ့ေနရာ ေတြ ျဖစ္ပါတယ္။ အိမ္ျခံေျမနဲ႕ ပတ္သက္လာရင္ ပါမစ္ေျမ ၊ ဂရန္ေျမ ၊ ေျမပို္င္ေျမ ၊ အစရွိသည္တို႕ကို ဝယ္ယူၾကေတာ့မယ္ဆိုရင္ အဲဒီေျမဟာ စည္ပင္ေျမဆိုရင္ စည္ပင္မွာသြားစစ္ေဆးရတယ္ ၊ အိုးအိမ္ေျမဆိုရင္လည္း အိုးအိမ္မွာ သြားစစ္ရျပန္ပါတယ္။ ပံုစံ(၇)လယ္ယာေျမဆိုရင္ သက္ဆိုင္ရာျမိဳ႕နယ္ေျမစားရင္းရုံးမွာ သြားစစ္ေဆးရပါတယ္။

ဒီလို အမႈသည္ကိုယ္စား သြားေရာက္စစ္ေဆးတဲ့အခါ အဲဒီ့ရုံးေတြက သူတို႕ေတြ႕ေနက် ၊ ျမင္ေနက် ပြဲစားလို႕ထင္ျပီး အထင္ေသးတဲ့ အမႈအယာမ်ိဳးနဲ႕ ဆက္ဆံၾကတာ ခံၾကရပါတယ္။ ဒါေပမဲ့လည္း ေရွ႕ေနျဖစ္ျပီး ပြဲစားလုပ္တဲ့ အလုပ္မ်ိဳးလိုက္လုပ္ေတာ့ ပြဲစားလို႕ အထင္ခံရတာ လည္း မမွားပါဘူးေလ။ ဘယ္တတ္ႏိုင္မလဲေလ။ ကိုယ္ကလည္း ေရွ႕ေနဆိုေပမယ့္ ကုန္သည္စိတ္တစ္ပိုင္း ျဖစ္ေနတာကိုး။ဒီေတာ့လည္း သည္းခံရမွာေပါ့။

သည္းမခံဘဲ တိုက္ပံုအက်ီအနက္ဝတ္ျပီး မဟုတ္မခံ လုူၾကီးအခန္းထဲဝင္သြားျပီး သြားခ်ဲခဲ့သူ ရွိခဲ့ဘူးလို႕ ရုံးတခ်ိဳ႕ကလည္း ေရွ႕ေနဆိုရင္ မကူညီခ်င္ၾကဘူး။ သင္ခန္းစာယူစရာတစ္ခုပါ။ ဒီကေန႕ေခတ္မွာ ေရွ႔ေနေပါက္စေတာ္ေတာ္မ်ားမ်ားက ကၽြႏ္ုပ္တို႕ ေခတ္ကလို ဆရာရင္းထံပါးမွာ (၃)နွစ္ (၃)မိုး နည္းနာနိႆယ ခံယူျပီး ရာဇဝတ္ေရွ႕ေန ၊ တရားမေရွ႕ေနလုပ္ဖို႕ ဆံုးျဖတ္ခ်က္သိပ္မရွိတာကို ေတြ႕ရပါတယ္။ ေရွ႕ေနတစ္ပိုင္းနဲ႕ အိမ္ျခံေျမစာခ်ဳပ္စာတမ္းအက်ိဳးေဆာင္လုပ္ခ်င္ၾကသူမ်ားပါတယ္။

ဒီလို အိမ္ျခံေျမ စာခ်ဳပ္စာတမ္းေရွ႕ေနျဖစ္ခ်င္ရင္ေတာ့ စာခ်ဳပ္စာတမ္းဥပေဒ ၊ ပဋိညာဥ္ဥပေဒ ၊ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ ၊ အခြန္ဥပေဒ ၊ လယ္ယာေျမဥပေဒ ၊ ျမန္မာႏိုင္ငံ အထက္ပိုင္း၊ ေအာက္ပိုင္း ၊ ေျမခြန္ေတာ္ ၊ လက္စြဲဥပေဒ အစရွိသည္တို႕ကို ကၽြမ္းက်င္ေအာင္ေလ့လာထားၾကဖို႕ အၾကံျပဳပါတယ္။ မိမိလိုက္ပါ ေဆာင္ရြက္ေနတဲ့ ေျမအားလံုး အဲဒီဥပေဒေတြနဲ႕ အျမဲတမ္း ဆက္စပ္ေနလို႕ ျဖစ္ပါတယ္။.

အဲဒီေျမေတြအားလံုး လြယ္လြယ္ကူကူ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္တာရွိသကဲ့သို႕ ဘိုးဘြားပိုင္ေျမမ်ိဳး ၊ အေမြဆိုင္ေျမမ်ိဳးမွာ လြယ္လြယ္ကူကူနဲ႕ ျပီးမသြားဘဲတရားစြဲျပီးမွ စာခ်ဳပ္ခ်ဳပ္ေပးရတာမ်ိဳးလည္း ရွိတတ္ပါတယ္။တကယ္ေတာ့ ေရွ႔ေနဆိုတာ ရာဇဝတ္ ၊ တရားမ၊ စာခ်ဳပ္ၾကိဳက္တာလာပါေစ ၊ ကၽြမ္းက်င္ေအာင္ေလ့လာသင္ယူထားၾကေစလိုပါေၾကာင္း တက္သစ္ ေရွ႕ေနလူငယ္ေမာင္မယ္အေပါင္းကို အမွာစာပါးလိုက္ပါတယ္။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

 

### Unicode Version ###

ကျွန်ပ်တို့ရဲ့ ရှေ့နေလောကသားများအားလုံးမှာ ဝါသနာကို ရှေ့တန်းတင်ကာ ဘယ်လိုလောကဓံနဲ့ ကြုံတွေ့ပါစေ ၊ ရှေ့နေအလုပ်နဲ့ပဲ ဘဝကို မြှုပ်နှံတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချထားသူများ ဖြစ်ကြပါတယ်။ ရှေ့နေဘဝ ရောက်လာပြန်တော့လည်း မိမိရဲ့အလုပ်သင်ဆရာ လိုက်ပါဆောင်ရွက်နေတဲ့ အမှုကိုပဲ နားလည်တတ်ကျွမ်းအောင် သင်ယူကြပါတယ်။

ဆရာဖြစ်သူက တရားမမှုတွေလိုက်နေရင် မိမိမှာလည်း တရားမမှုကို ပိုမိုနားလည်တတ်ကျွမ်းလာပါတယ်။ ဆရာက ရာဇဝတ်မှုအလိုက်များရင် မိမိမှာလည်း ရာဇဝတ်မှုတွေနဲ့ ပိုမိုရင်းနှီးခွင့်ကြရပြန်ပါတယ်။ ဆရာ့အပါးက ခွာလို့ကိုယ့်ဒူးကိုယ်ချွန်နဲ့ ဘဝကို ရုန်းကန်ရတဲ့ အခါမှာတော့ မိမိရဲ့ဝါသနာ ၊ မိမိရဲ့ စရိုက်နဲ့ လိုက်ဖက်ညီတဲ့ လိုင်းကို ရွေးချယ်လာကြပါတယ်။

အသက်အရွယ်တွေရလာလို့ ဘဝတူရှေ့နေတွေ တရားခွင်တစ်ခု မဟုတ်တစ်ခုမှာ ပြန်တွေ့ကြတဲ့အခါမှာ မိမိတို့ဝါသနာ ၊ မိမိတို့အားသန်တဲ့အမှုတွေကို လိုက်ပါဆောင်ရွင်နေကြတာကို တွေ့ရပါတယ။် အချို့ကတော့ ရာဇဝတ်မှုကို အားသန်လို့ မြို့နယ်တစ်ခုခုမှာ သူမပါရင် ပွဲမစည်တဲ့ ၊ နယ်စားကြီးတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။ အချို့ရှေ့နေတွေကျပြန်တော့ တပည့်တွေ တသီတတန်းနဲ့ အိတ်ဆွဲသူကဆွဲ ၊ ခေါင်းပေါင်းကိုင်ပေးချင်သူ တပည့်က အလုအယက်နဲ့ ပွဲလယ်တင့်နေတဲ့ တရားမရှေ့နေကြီးများကိုလည်း တွေ့ရပါတယ်။ သူဝါသနာပါနဲ့သူ ၊ သူစရိုတ်နဲ့သူ ၊ ဟန်ကျနေတာကို မြင်ရတဲ့ ဘဝတူရှေ့နေတိုင်းကို အားကျမိပါတယ်။

အဲဒီလို သူ့ဘဝနဲ့သူ ကြီးပွားချမ်းသာနေကြတာကို အားမကျဘဲ ရာဇဝတ်မှုလည်း မလိုက်ချင် တရားမမှုလိုက်ရတာကိုလည်း မပျော်တဲ့ ရှေ့နေတစ်မျိုးက ရှိနေပြန်တယ်၊ စာချုပ်စာတမ်း ချုပ်ဆိုပေးရတာကိုမှ ဝါသနာကြီးလွန်းတဲ့ ရှေ့နေတစ်မျိုးပါပဲ။ အဲဒီလို ပုဂ္ဂိုလ်များထဲမှာ ကျွန်ုပ်လည်းတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

ဒီလိုစာချုပ်စာတမ်းနဲ့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေ ဆောင်ရွက်ပြီဆိုကတည်းက အိမ်ခြံမြေအမွေကိစ္စတွေ ရှိတဲ့ အခါသာ တရားရုံးဘက်ကို အရောက်အပေါက် နည်းလာပါတယ်။

များသောအားဖြင့် မြေနဲ့သက်ဆိုင်တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာဌာန ၊ အဆောက်အအုံနဲ့ အင်ဂျင်နီယာဌာန (ယာ/အုံ) စာချုပ်စာတမ်း မှတ်ပုံတင်ရုံးနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဆိုတဲ့ နေရာတွေကို အရောက်အပေါက်များတတ်ပါတယ်။

ဒီလိုနေရာတွေကတော့ အိမ်ခြံမြေပွဲစားများ အများဆုံး ကျက်စားတဲ့နေရာ တွေ ဖြစ်ပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သက်လာရင် ပါမစ်မြေ ၊ ဂရန်မြေ ၊ မြေပိုင်မြေ ၊ အစရှိသည်တို့ကို ဝယ်ယူကြတော့မယ်ဆိုရင် အဲဒီမြေဟာ စည်ပင်မြေဆိုရင် စည်ပင်မှာသွားစစ်ဆေးရတယ် ၊ အိုးအိမ်မြေဆိုရင်လည်း အိုးအိမ်မှာ သွားစစ်ရပြန်ပါတယ်။ ပုံစံ(၇)လယ်ယာမြေဆိုရင် သက်ဆိုင်ရာမြို့နယ်မြေစားရင်းရုံးမှာ သွားစစ်ဆေးရပါတယ်။

ဒီလို အမှုသည်ကိုယ်စား သွားရောက်စစ်ဆေးတဲ့အခါ အဲဒီ့ရုံးတွေက သူတို့တွေ့နေကျ ၊ မြင်နေကျ ပွဲစားလို့ထင်ပြီး အထင်သေးတဲ့ အမှုအယာမျိုးနဲ့ ဆက်ဆံကြတာ ခံကြရပါတယ်။ ဒါပေမဲ့လည်း ရှေ့နေဖြစ်ပြီး ပွဲစားလုပ်တဲ့ အလုပ်မျိုးလိုက်လုပ်တော့ ပွဲစားလို့ အထင်ခံရတာ လည်း မမှားပါဘူးလေ။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်ကလည်း ရှေ့နေဆိုပေမယ့် ကုန်သည်စိတ်တစ်ပိုင်း ဖြစ်နေတာကိုး။ဒီတော့လည်း သည်းခံရမှာပေါ့။

သည်းမခံဘဲ တိုက်ပုံအကျီအနက်ဝတ်ပြီး မဟုတ်မခံ လုူကြီးအခန်းထဲဝင်သွားပြီး သွားချဲခဲ့သူ ရှိခဲ့ဘူးလို့ ရုံးတချို့ကလည်း ရှေ့နေဆိုရင် မကူညီချင်ကြဘူး။ သင်ခန်းစာယူစရာတစ်ခုပါ။ ဒီကနေ့ခေတ်မှာ ရှေ့နေပေါက်စတော်တော်များများက ကျွန်ုပ်တို့ ခေတ်ကလို ဆရာရင်းထံပါးမှာ (၃)နှစ် (၃)မိုး နည်းနာနိဿယ ခံယူပြီး ရာဇဝတ်ရှေ့နေ ၊ တရားမရှေ့နေလုပ်ဖို့ ဆုံးဖြတ်ချက်သိပ်မရှိတာကို တွေ့ရပါတယ်။ ရှေ့နေတစ်ပိုင်းနဲ့ အိမ်ခြံမြေစာချုပ်စာတမ်းအကျိုးဆောင်လုပ်ချင်ကြသူများပါတယ်။

ဒီလို အိမ်ခြံမြေ စာချုပ်စာတမ်းရှေ့နေဖြစ်ချင်ရင်တော့ စာချုပ်စာတမ်းဥပဒေ ၊ ပဋိညာဉ်ဥပဒေ ၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ၊ အခွန်ဥပဒေ ၊ လယ်ယာမြေဥပဒေ ၊ မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်း ၊ မြေခွန်တော် ၊ လက်စွဲဥပဒေ အစရှိသည်တို့ကို ကျွမ်းကျင်အောင်လေ့လာထားကြဖို့ အကြံပြုပါတယ်။ မိမိလိုက်ပါ ဆောင်ရွက်နေတဲ့ မြေအားလုံး အဲဒီဥပဒေတွေနဲ့ အမြဲတမ်း ဆက်စပ်နေလို့ ဖြစ်ပါတယ်။.

အဲဒီမြေတွေအားလုံး လွယ်လွယ်ကူကူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်တာရှိသကဲ့သို့ ဘိုးဘွားပိုင်မြေမျိုး ၊ အမွေဆိုင်မြေမျိုးမှာ လွယ်လွယ်ကူကူနဲ့ ပြီးမသွားဘဲတရားစွဲပြီးမှ စာချုပ်ချုပ်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်။တကယ်တော့ ရှေ့နေဆိုတာ ရာဇဝတ် ၊ တရားမ၊ စာချုပ်ကြိုက်တာလာပါစေ ၊ ကျွမ်းကျင်အောင်လေ့လာသင်ယူထားကြစေလိုပါကြောင်း တက်သစ် ရှေ့နေလူငယ်မောင်မယ်အပေါင်းကို အမှာစာပါးလိုက်ပါတယ်။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service