ေနျပည္ေတာ္ - ေတာင္ညိဳ - ေတာင္တြင္းၾကီးခရီးက ဝကၤပါ အိမ္ျခံေျမစာခ်ဳပ္အျပီး ရန္ကုန္လာရတာမသက္သာ

ေနျပည္ေတာ္ - ေတာင္ညိဳ - ေတာင္တြင္းၾကီးခရီးက ဝကၤပါ အိမ္ျခံေျမစာခ်ဳပ္အျပီး ရန္ကုန္လာရတာမသက္သာ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jul 2019 11:40 am တွင် တင်ခဲ့သည်
1329 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

လြန္ခဲ့တဲ့ (၂) ပါတ္ေလာက္ကတည္းက “ ရႈိင္းေအာင္ ”တစ္ေယာက္ ဒဂံုအေရွ႕မွာ ေျမကြက္ဝယ္ခ်င္လို႕ ဆရာေကာင္း စာခ်ဳပ္ခ်ဳပ္ေပးပါလို႕ ဖုန္းဆက္ေနပါတယ္။ တစ္ပါတ္အတြင္းဝယ္ခ်င္တယ္လို႕ ေျပာေနတယ္။ ဒါေပမယ့္ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။သူအရင္လက္ခံထားတဲ့ အေရာင္းအဝယ္စာခ်ဳပ္ (၂) ခုကရွိေနတယ္။ ျပီးေတာ့ ေနျပည္ေတာ္မွာ ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္းဖြံ႕ျဖိဳးတိုးတက္ေရးအသင္းက အိမ္ျခံေျမသင္တန္းပို႕ခ်ေပးဖို႕ ဖိတ္ၾကားထားတာလည္းရွိေနတယ္။

ေနာက္ဆံုးေတာ့ တနဂၤေႏြေန႕ ေနျပည္ေတာ္က သင္တန္းပို႕ခ်ျပီးအျပန္မွာစာခ်ဳပ္ေပးမယ္လို႕ကတိေပးလိုက္ရတယ္။ အဲဒါေၾကာင့္လာမယ့္ အဂၤါေန႕ေလာက္မွာ အေရာက္လာမယ္လို႕ ေျပာလိုက္တယ္။ ဒါနဲ႕ ေနျပည္ေတာ္ကို နံနက္ေစာေစာခရီးထြက္လိုက္ၾကတာ ေနျပည္ေတာ္ကို (၁၁)နာရီ ေလာက္ေရာက္သြားတယ္ေလ။ သင္တန္းပို႕ခ်ခ်ိန္ ၃ နာရီေရာက္မွ တည္းခိုးခန္းကသြားျပီေဟာေျပာလိုက္တယ္။

ႏႈတ္ဆက္ပြဲအျပီးမွာေတာ့ ခရီးပန္းလို႕ ေနျပည္ေတာ္မွာဘဲ ညအိပ္လိုက္ရတယ္။ အျပန္ခရီးမွာေတာ့ မိဘမ်ား ကိုဝင္ကန္႕ေတာ့ ဖို႕ ပ်ဥ္းမနားေတာင္ညိဳျမိဳ႕က တစ္ဆင့္ ေမြးရပ္ေျမျပည္ျမိဳ႕ကို ခရီးဆက္ခဲ့ရတယ္။ လမ္းခရီးကလည္း ေနျပည္ေတာ္ ရန္ကုန္လို ညိမ့္ညိမ့္ေညာင္းေညာင္းမဟုတ္ပါဘူး၊ ေတာင္ညိဳျမိဳ႕ကေန ေတာင္တြင္းၾကီးျမိဳ႕အထိ ေတာင္ဆင္းေတာင္တက္ဝကၤဘာအေကြ႕ေကာက္ေတြကို ျဖတ္ေက်ာ္ရလို႕ “ စေကာထဲမွာဇီးျဖဴးသီးထည့္ျပီးလိမ့္ ” သလို တစ္ကိုယ္လံုးယိမ္းထိုးျပီး လိုက္လာခဲ့ရပါတယ္ ။

ညီအလတ္ျဖစ္သူ ေမာင္ျဖိဳးေမာင္က သူ႕ကားနဲ႕လိုက္ပို႕ေပးလို႕ေတာ္ေသးတာေပါ့။ ကၽြန္ပ္ကသာ မူးေနာက္ေနတာ ညီလတ္ကေတာ့ အရသာရွိတယ္ဆိုဘဲ ဒါနဲ႕ ျပည္ကန္ကေလးရြာေရာက္ေတာ့လည္း မိဘရင္ခြင္မွာ တစ္ညအိပ္ခဲ့ေသးတာေပါ့။

ေနာက္တစ္ေန႕မနက္မွာေတာ့ “ ရိႈင္းေအာင္ ” နဲ႕ စာခ်ဳပ္ဖို႔ ခ်ိန္းထားတာေၾကာင့္ နံနက္ေစာေစာ ရန္ကုန္ကိုအျမန္ဆင္းလာခဲ့ရတာေပါ့။ ရန္ကုန္ေရာက္ေတာ့လည္း ေအးေအးေဆးေဆးအပန္းေျဖလို႕မရေသးဘူး။ “ရႈိင္းေအာင္ ”နဲ႕ စာခ်ဳပ္ဖို႕ခ်ိန္းထားတာေၾကာင့္ ေခတၱနားျပီး ရိႈင္းေအာင္ ရွိရာ ေျမာက္ဒဂံုကို အေျပးလာခဲ့ရတယ္။ အေရးထဲမိုးက သဲသဲမဲမဲရြာေနတာေၾကာင့္ လက္ဖက္ရည္ဆိုင္ေကာင္းေကာင္းမွာ ဝင္ထိုင္ျပီး ေျမကြက္အေနအထားအေၾကာင္း ရိႈင္းေအာင္နဲ႕အတူပါလာတဲ့ ဝယ္သူေတြနဲ႕ ညိွႏိႈင္းေဆြးေႏြးၾကရေသးတယ္။ ဝယ္သူေတြၾကည့္ရတာ ေျမအေၾကာင္းသိပ္ျပီးနားလည္းပံုမေပၚဘူး။

ဒါေၾကာင့္ ေျမာက္ဒဂံုသား ရိႈင္းေအာင္ အားကိုးျပီးဝယ္ရမွာလို႕ေျပာၾကတယ္။ အခုဝယ္မယ့္ေျမကြက္ကလည္း ကိုရီးယားမွာေရာက္ေနတဲ့ သားက ဝယ္ေပးမွာလို႕သိရတယ္။ သူတို႕ရဲ႕သားနဲ႕ ရိႈင္းေအာင္ကအရမ္းခ်စ္တဲ့ ငယ္သူငယ္ခ်င္းေတြလို႕ေျပာပါတယ္။ “ ေမာင္ေကာင္းေဖ” ကို On Line မွာေတြ႕ျပီး အိမ္ျခံေျမစာခ်ဳပ္စာတမ္းေရွ႕ေနျဖစ္လို႕ ဆရာနဲ႕ေခၚျပီး စာခ်ဳပ္ခ်ဳပ္ေပးပါလို႕ ေျပာလို႕တကူးတက အခ်ိန္ေပးျပီး ေစာင့္ေနရတာလို႕ ေျပာပါတယ္။

ဒီလို ႏိုင္ငံျခားေရာက္သားျဖစ္သူက အားကိုးတၾကီးေခၚယူစာခ်ဳပ္ေပးမွာၾကားခ်က္အရ ေရာက္လာသူျဖစ္ေတာ့လည္း ၊ ကၽြႏ္ုပ္မွာပိုမိုတာဝန္ၾကီးသြားျပန္တာေပါ့။ဘာေျမပဲဝယ္ဝယ္ ဂရုစိုက္ျပီးစာရြက္စာတမ္းစစ္ေဆးေပးဖို႕ တာဝန္ၾကီးသြားတာေပါ့ေလ။အားလံုးညွိႏိႈင္းျပီးတာနဲ႕ေရာင္းမယ့္အိမ္ကိုခ်ီတက္ၾကပါတယ္။

ပြဲစားေတြဦးေဆာင္ျပီးေရာင္းမယ္အိမ္ေရာက္တယ္ဆိုရင္ဘဲ ေရာင္းသူအမိ်ဳးသမီးကလည္း လိႈက္လိႈက္လွဲလွဲၾကိဳဆိုၾကပါတယ္။

ေရာင္းသူကလည္း ဝယ္ေရာင္းလုပ္ကိုင္သူျဖစ္ေတာ့ အေထြအထူးေျပာစရာမလိုဘဲ စာခ်ဳပ္အဆက္အစပ္ေတြထုတ္ျပပါတယ္။ေရာင္းမယ့္ ေျမကြက္က ေျမငွါး ဂရန္မိတၱဴ ျဖစ္ေနပါတယ္။စာခ်ဳပ္အဆက္အစပ္ (၄)ဦးေလာက္ လက္ေျပာင္းထားတာကိုေတြ႕ရပါတယ္။ ၾကားဝယ္သူတစ္ဦးကို ကိုယ္စားလွယ္လႊဲေပးထားတာကိုလည္းေတြ႕ရတယ္။ ဂရန္မူရင္းအေရာင္းေျမပံု မူရင္းနဲ႕ အထူးကို္ယ္စားလွယ္လႊဲစားမူရင္ေတြကိုေတာ့ ေခါင္းရင္းျခမ္း (20 ‘x 60’) တစ္ဝက္ဝယ္သူကကိုင္ထားတယ္လို႕ ေျပာပါတယ္။

ဟင္…ဒါဆို ရိႈင္းေအာင္ တို႕ဝယ္ရင္လည္း ေျခရင္ဘက္ျခမ္းတစ္ဝက္ (20 ‘x 60’) ဘဲရမယ္ ဂရန္/ေျမပံုနဲ႕ ကိုယ္စားလွယ္လႊဲစာေတြကေတာ့ ေခါင္းရင္းျခမ္းဝယ္ထားသူရဲ႕ လက္ထဲမွာရွိတယ္တဲ့။ဒီလိုဆို ေျမကြက္လက္ဝယ္ရေပမဲ့ ဂရန္/ပါဝါနဲ႕ အေရာင္းေျမပံုေတြကေတာ့ မိတၱဴဘဲရမယ္ဆိုေတာ့ စည္ပင္ ရုံး၊ အခြန္ရုံး သြားဖို႕ ကိစၥေပၚလာရင္ မူရင္ကိုင္ထားသူေတြကလိုက္ပါေဆာင္ရြက္မေပးရင္ ဝယ္သူမွာ ဒုကၡေရာက္ႏိုင္တယ္။

ေရွ႕ေနတစ္ေယာက္အေနနဲ႕ ရုံးေတြမွာ ဂရန္ျပဖို႕လိုမယ့္ကိုယ္စားလွယ္လႊဲစာျပဖို႕လိုအပ္ရင္ ဂရန္မူရင္းကိုင္ထားသူက လိုအပ္တဲ့အခ်ိန္မွာ အခ်ိန္မေရြးလိုက္လာျပီးျပေပးဖို႕ လိုအပ္ပါတယ္။ အဲဒီကိစၥေတြက ေရာင္းသူဘက္ကလိုက္ပါကူညီေဆာင္ရြက္ေပး ရန္တာဝန္ရွိပါတယ္ လို႕ေျပာေတာ့အဲဒီကိစၥေတြကၽြန္မတာဝန္မယူႏုိင္ပါဘူးလို႕ အျပတ္ျငင္းတယ္ ဒီလိုဆိုရင္ေတာ့ ဝယ္သူဘက္က ဂရန္မူရင္းကိုင္ထားသူကို ေအာက္က်ခံျပီးေတာင္းပန္းရဦးမယ့္ သေဘာရွိပါတယ္။ ဒီလိုဆိုရင္ေတာ့ မဝယ္ေတာ့ဘူး လို႕ျငင္းလိုက္ၾကပါတယ္။ပြဲပ်က္သြားတဲ့အတြက္ ေရာင္းသူကေတာ့မေက်မနပ္နဲ႕ ျမည္တြန္းေတာက္တီးျပီး က်န္ရစ္ခ့ဲတာကိုေတြ႕ရပါတယ္။ သူရဲ႕အေတြးထဲမွာေတာ့ “ေရွ႕ေနပါလာလို႔ပြဲပ်က္တာဘဲလို႕ ကၽြႏ္ုပ္အေပၚမွာ အမုန္းပြား ေနၾကလိမ့္မယ္လို႕ထင္ပါတယ္ ”

အိမ္ျခံေျမဝယ္သူမ်ားစိတ္ခ်မ္းသားၾကပါေစ

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

လွန်ခဲ့တဲ့ (၂) ပါတ်လောက်ကတည်းက “ ရှိုင်းအောင် ”တစ်ယောက် ဒဂုံအရှေ့မှာ မြေကွက်ဝယ်ချင်လို့ ဆရာကောင်း စာချုပ်ချုပ်ပေး ပါလို့ ဖုန်းဆက်နေပါတယ်။ တစ်ပါတ်အတွင်းဝယ်ချင်တယ်လို့ ပြောနေတယ်။ ဒါပေမယ့် ဘယ်လိုမှ မဖြစ်နိုင်ဘူး။သူအရင်လက်ခံထားတဲ့ အရောင်းအဝယ်စာချုပ် (၂) ခုကရှိနေတယ်။ ပြီးတော့ နေပြည်တော်မှာ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းက အိမ်ခြံမြေသင်တန်းပို့ချပေးဖို့ ဖိတ်ကြားထားတာလည်းရှိနေတယ်။

နောက်ဆုံးတော့ တနင်္ဂနွေနေ့ နေပြည်တော်က သင်တန်းပို့ချပြီးအပြန်မှာစာချုပ်ပေးမယ်လို့ကတိပေးလိုက်ရတယ်။ အဲဒါကြောင့်လာမယ့် အင်္ဂါနေ့လောက်မှာ အရောက်လာမယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ နေပြည်တော်ကို နံနက်စောစောခရီးထွက်လိုက်ကြတာ နေပြည်တော်ကို (၁၁)နာရီ လောက်ရောက်သွားတယ်လေ။ သင်တန်းပို့ချချိန် ၃ နာရီရောက်မှ တည်းခိုးခန်းကသွားပြီဟောပြောလိုက်တယ်။

နှုတ်ဆက်ပွဲအပြီးမှာတော့ ခရီးပန်းလို့ နေပြည်တော်မှာဘဲ ညအိပ်လိုက်ရတယ်။ အပြန်ခရီးမှာတော့ မိဘများ ကိုဝင်ကန့်တော့ ဖို့ ပျဉ်းမနားတောင်ညိုမြို့က တစ်ဆင့် မွေးရပ်မြေပြည်မြို့ကို ခရီးဆက်ခဲ့ရတယ်။ လမ်းခရီးကလည်း နေပြည်တော် ရန်ကုန်လို ညိမ့်ညိမ့်ညောင်းညောင်းမဟုတ်ပါဘူး၊ တောင်ညိုမြို့ကနေ တောင်တွင်းကြီးမြို့အထိ တောင်ဆင်းတောင်တက်ဝင်္ကဘာအကွေ့ကောက်တွေကို ဖြတ်ကျော်ရလို့ “ စကောထဲမှာဇီးဖြူးသီးထည့်ပြီးလိမ့် ” သလို တစ်ကိုယ်လုံးယိမ်းထိုးပြီး လိုက်လာခဲ့ရပါတယ် ။

ညီအလတ်ဖြစ်သူ မောင်ဖြိုးမောင်က သူ့ကားနဲ့လိုက်ပို့ပေးလို့တော်သေးတာပေါ့။ ကျွန်ပ်ကသာ မူးနောက်နေတာ ညီလတ်ကတော့ အရသာရှိတယ်ဆိုဘဲ ဒါနဲ့ ပြည်ကန်ကလေးရွာရောက်တော့လည်း မိဘရင်ခွင်မှာ တစ်ညအိပ်ခဲ့သေးတာပေါ့။

နောက်တစ်နေ့မနက်မှာတော့ “ ရှိုင်းအောင် ” နဲ့ စာချုပ်ဖို့ ချိန်းထားတာကြောင့် နံနက်စောစော ရန်ကုန်ကိုအမြန်ဆင်းလာခဲ့ရတာပေါ့။ ရန်ကုန်ရောက်တော့လည်း အေးအေးဆေးဆေးအပန်းဖြေလို့မရသေးဘူး။ “ရှိုင်းအောင် ”နဲ့ စာချုပ်ဖို့ချိန်းထားတာကြောင့် ခေတ္တနားပြီး ရှိုင်းအောင် ရှိရာ မြောက်ဒဂုံကို အပြေးလာခဲ့ရတယ်။ အရေးထဲမိုးက သဲသဲမဲမဲရွာနေတာကြောင့် လက်ဖက်ရည်ဆိုင်ကောင်းကောင်းမှာ ဝင်ထိုင်ပြီး မြေကွက်အနေအထားအကြောင်း ရှိုင်းအောင်နဲ့အတူပါလာတဲ့ ဝယ်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးကြရသေးတယ်။ ဝယ်သူတွေကြည့်ရတာ မြေအကြောင်းသိပ်ပြီးနားလည်းပုံမပေါ်ဘူး။

ဒါကြောင့် မြောက်ဒဂုံသား ရှိုင်းအောင် အားကိုးပြီးဝယ်ရမှာလို့ပြောကြတယ်။ အခုဝယ်မယ့်မြေကွက်ကလည်း ကိုရီးယားမှာရောက်နေတဲ့ သားက ဝယ်ပေးမှာလို့သိရတယ်။ သူတို့ရဲ့သားနဲ့ ရှိုင်းအောင်ကအရမ်းချစ်တဲ့ ငယ်သူငယ်ချင်းတွေလို့ပြောပါတယ်။ “ မောင်ကောင်းဖေ” ကို On Line မှာတွေ့ပြီး အိမ်ခြံမြေစာချုပ်စာတမ်းရှေ့နေဖြစ်လို့ ဆရာနဲ့ခေါ်ပြီး စာချုပ်ချုပ်ပေးပါလို့ ပြောလို့တကူးတက အချိန်ပေးပြီး စောင့်နေရတာလို့ ပြောပါတယ်။

ဒီလို နိုင်ငံခြားရောက်သားဖြစ်သူက အားကိုးတကြီးခေါ်ယူစာချုပ်ပေးမှာကြားချက်အရ ရောက်လာသူဖြစ်တော့လည်း ၊ ကျွန်ုပ်မှာပိုမိုတာဝန်ကြီးသွားပြန်တာပေါ့။ဘာမြေပဲဝယ်ဝယ် ဂရုစိုက်ပြီးစာရွက်စာတမ်းစစ်ဆေးပေးဖို့ တာဝန်ကြီးသွားတာပေါ့လေ။အားလုံးညှိနှိုင်းပြီးတာနဲ့ရောင်းမယ့်အိမ်ကိုချီတက်ကြပါတယ်။

ပွဲစားတွေဦးဆောင်ပြီးရောင်းမယ်အိမ်ရောက်တယ်ဆိုရင်ဘဲ ရောင်းသူအမျိုးသမီးကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြပါတယ်။

ရောင်းသူကလည်း ဝယ်ရောင်းလုပ်ကိုင်သူဖြစ်တော့ အထွေအထူးပြောစရာမလိုဘဲ စာချုပ်အဆက်အစပ်တွေထုတ်ပြပါတယ်။ရောင်းမယ့် မြေကွက်က မြေငှါး ဂရန်မိတ္တူ ဖြစ်နေပါတယ်။စာချုပ်အဆက်အစပ် (၄)ဦးလောက် လက်ပြောင်းထားတာကိုတွေ့ရပါတယ်။ ကြားဝယ်သူတစ်ဦးကို ကိုယ်စားလှယ်လွှဲပေးထားတာကိုလည်းတွေ့ရတယ်။ ဂရန်မူရင်းအရောင်းမြေပုံ မူရင်းနဲ့ အထူးကိုယ်စားလှယ်လွှဲစားမူရင်တွေကိုတော့ ခေါင်းရင်းခြမ်း (20 ‘x 60’) တစ်ဝက်ဝယ်သူကကိုင်ထားတယ်လို့ ပြောပါတယ်။

ဟင်…ဒါဆို ရှိုင်းအောင် တို့ဝယ်ရင်လည်း ခြေရင်ဘက်ခြမ်းတစ်ဝက် (20 ‘x 60’) ဘဲရမယ် ဂရန်/မြေပုံနဲ့ ကိုယ်စားလှယ်လွှဲစာတွေကတော့ ခေါင်းရင်းခြမ်းဝယ်ထားသူရဲ့ လက်ထဲမှာရှိတယ်တဲ့။ဒီလိုဆို မြေကွက်လက်ဝယ်ရပေမဲ့ ဂရန်/ပါဝါနဲ့ အရောင်းမြေပုံတွေကတော့ မိတ္တူဘဲရမယ်ဆိုတော့ စည်ပင် ရုံး၊ အခွန်ရုံး သွားဖို့ ကိစ္စပေါ်လာရင် မူရင်ကိုင်ထားသူတွေကလိုက်ပါဆောင်ရွက်မပေးရင် ဝယ်သူမှာ ဒုက္ခရောက်နိုင်တယ်။

ရှေ့နေတစ်ယောက်အနေနဲ့ ရုံးတွေမှာ ဂရန်ပြဖို့လိုမယ့်ကိုယ်စားလှယ်လွှဲစာပြဖို့လိုအပ်ရင် ဂရန်မူရင်းကိုင်ထားသူက လိုအပ်တဲ့အချိန်မှာ အချိန်မရွေးလိုက်လာပြီးပြပေးဖို့ လိုအပ်ပါတယ်။ အဲဒီကိစ္စတွေက ရောင်းသူဘက်ကလိုက်ပါကူညီဆောင်ရွက်ပေး ရန်တာဝန်ရှိပါတယ် လို့ပြောတော့အဲဒီကိစ္စတွေကျွန်မတာဝန်မယူနိုင်ပါဘူးလို့ အပြတ်ငြင်းတယ် ဒီလိုဆိုရင်တော့ ဝယ်သူဘက်က ဂရန်မူရင်းကိုင်ထားသူကို အောက်ကျခံပြီးတောင်းပန်းရဦးမယ့် သဘောရှိပါတယ်။ ဒီလိုဆိုရင်တော့ မဝယ်တော့ဘူး လို့ငြင်းလိုက်ကြပါတယ်။ပွဲပျက်သွားတဲ့အတွက် ရောင်းသူကတော့မကျေမနပ်နဲ့ မြည်တွန်းတောက်တီးပြီး ကျန်ရစ်ခဲ့တာကိုတွေ့ရပါတယ်။ သူရဲ့အတွေးထဲမှာတော့ “ရှေ့နေပါလာလို့ပွဲပျက်တာဘဲလို့ ကျွန်ုပ်အပေါ်မှာ အမုန်းပွား နေကြလိမ့်မယ်လို့ထင်ပါတယ် ”

 အိမ်ခြံမြေဝယ်သူများစိတ်ချမ်းသားကြပါစေ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service