ယုံမှတ်လို့ ပုံအပ်လိုက်မိတဲ့နောက်မှာ

ယုံမှတ်လို့ ပုံအပ်လိုက်မိတဲ့နောက်မှာ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jun 2019 12:55 pm တွင် တင်ခဲ့သည်
1303 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ငှါးဘဝနဲ့နေသူတိုင်းဟာ အိုးပိုင်အိမ်ပိုင် လိုချင်ကြတာပဲ။ အိုးပိုင်အိမ်ပိုင်မဖြစ်ရင် ကိုယ်တိုင်တိုက်ဆောက်နိုင်အောင်ကြိုးစားကြပြန်တာပဲ။ ကိုယ်တိုင်မဆောက်နိုင်ရင် တစ်ခြမ်းပေး တစ်ခြမ်းယူ ကန်ထရိုက်လက်ကိုအပ်ပြီး ဆောက်ခိုင်းကြတယ်။ တစ်ခြမ်းပေး တစ်ခြမ်းယူဆိုတဲ့အတိုင်း ကန်ထရိုက်တာကို တိုက်တစ်ခြမ်းပေးလိုက်ရတာပဲ။

တကယ်တော့ တစ်ခြမ်းပေးလိုက်ရတဲ့အလုပ်ကို ဘယ်မြေရှင်ကမှ နှစ်သက်ကြလိမ့်မယ် မဟုတ်ပါဘူး။ကိုယ့်မှာ ဆောက်နိုင်တဲ့ ငွေအင်အား မရှိလို့သာ ကန်ထရိုက်တာဆိုတဲ့ ငွေရှင်ဆီကိုအပ်လိုက်ရတာလေ။ မြေရှင်ဆိုသူတွေဟာ ကန်ထရိုက်တာနဲ့ အခန်းပေးအခန်းယူ စာချုပ်ပြီးတဲ့နေ့ကစပြီး အိပ်မပျော်တဲ့ရောဂါ တစ်ခုတိုးလာတော့တာပဲ။ကန်ထရိုက်တာလို့သာ တချို့ကတော့ ကိုယ့်ကိုယ်ကို အမည်ခံတာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် အင်ဂျင်နီယာဌာန (ယာ/အုံ)မှာ သိန်း (၅၀၀) စပေါ်တင်ထားသူ ဟုတ်ချင်မှဟုတ်မှာလေ……

အဲဒီလို အာမခံမရှိတဲ့ အမည်ခံ ကန်ထရိုက်တာနဲ့ အခန်းပေး အခန်းယူ ၊ တိုက်ဆောက်မိပြီဆိုရင်တော့ သိရတဲ့အချိန်က စပြီး မြေရှင်ဖြစ်သူမှာ နှလုံးရောဂါရပြီလို့သာ မှတ်လိုက်ပေတော့။အဲဒီအမည်ခံ ကန်ထရိုက်တာနဲ့ လိုင်စင်ရအင်ဂျင်နီယာတွေရဲ့ ဆီမှာ သူတို့နာမည်သုံးခွင့်ရဖို့အတွက် အခကြေးငွေလက်ဆောင်တွေ ပေးရတယ်။ လိုင်စင်ရပုဂ္ဂိုလ်တွေကလည်း ထိုက်သင့်တဲ့ငွေကြေးရမှပဲ လက်မှတ်ထိုးပေးကြတယ်လေ။ ဒါက လိုင်စင်ရပုဂ္ဂိုလ်တွေရဲ့ အမည်နာမသုံးပြီးဆောက်တဲ့ ကန်ထရိုက်တာတစ်မျိုးပါ။

နောက်တစ်မျိုးကတော့ အမှန်အကန်နဲ့ မမှန်မကန် ဆောက်ပြတဲ့ ကန်ထရိုက်တာအမည်ခံ ငွေရှင်တချို့ပါ။အဲဒီလို ကန်ထရိုက်တာမျိုးက မြို့တော်စည်ပင် အင်ဂျင်နီယာအဆောက်အအုံဌာနမှာ ၂ ခန်းတွဲ ၆ ထပ်တိုက် ဆောက်ဖို့ တရားဝင်အမည်ပေါက် ဂရန်နဲ့ ကိုယ်စားလှယ်လွှဲစာတို့ကို အခြေခံပြီး ဆောက်ပြတယ်။အဲဒီနဲ့ မနီးမဝေးမှာကျတော့ ယာ/အုံဌာနမှာ တင်ပြလျှောက်ထားခြင်း မပြုဘဲ တိတ်တဆိတ်ဆောက်ကြတယ်။

အဲဒီလို … တိတ်တဆိတ် ဆောက်ရခြင်းအကြောင်းဟာ မြေကွက်ရဲ့ ဂရန်အမည်ပေါက် ရှာမရလို့ပဲ။ ဂရန်အမည်ပေါက်ဆိုသူက (၄၀ x ၆၀) ၊ မြေကွက်ကို (၁၀ x ၆၀) (၄)ကွက်ခွဲပြီး ရောင်းသွားတယ်။ ပြီးတော့ အခြားတစ်နေရာပြောင်းသွားတယ်။ဒီတော့ လက်ရှိဝယ်နေသူ (၄)ဦးနဲ့ ညှိနှိုင်းပြီး တစ်ခြမ်းပေးတစ်ခြမ်းယူ (၆)ထပ်တိုက် ဆောက်ဖို့စာချုပ်တယ်။ လက်ရှိပိုင်နေသူတွေက လည်း (၁၀ x ၆၀ ) စီ ပိုင်တယ်သာ ပြောတာ။ သူတို့လက်ထဲမှာ ဂရန်မရှိဘူး။ပိုင်ရှင်က ပေးမသွားဘူး။တကယ်ရှိတာက မြေရှင်နဲ့ ချုပ်ထားတဲ့ (၁၀ x ၆၀) မြေကွက်အရောင်းအဝယ်စာချုပ်ပဲ ရှိတယ်။

အဲဒီလို (၁၀ x ၆၀ ) မြေနဲ့ အိမ်ပေါ်မှာ နေရင်း ကန်ထရိုက်တာတစ်ယောက်က လာပြီး (၄) ထပ်တိုက်ဆောက်ပေးမယ် ၊ အရောင်းအဝယ်စာချုပ်ကိုင်ထားပြီး လက်ရှိနေတဲ့ မြေရှင်ကို ပထမထပ်တစ်ခန်း ပေးမယ်၊ ကျန်တဲ့ အခန်းတွေကိုတော့ ကန်ထရိုက်တာယူမယ်ဆိုတော့ (၁၀ x ၆၀ ) ပိုင်ရှင် (၃)ဦးက ကျေကျေနပ်နပ်ကြီး လက်မှတ်ထိုးပေးကြတယ်။

တကယ်တမ်း ကန်ထရိုက်တိုက်ဆောက်တဲ့အခါ မြေရှင်တွေက အိမ်တွေဖျက်ပေးပြီး တခြားမှာ သွားနေကြရတယ်။ အဆောက်အဦး အုတ်မြေချ(ဖောင်ဒေးရှင်း) ပြပြီး ကန်ထရိုက်တာက ကြိုပွိုင့်ဝယ်လက်တွေ ခေါ်ပြီး တိတ်တဆိတ် ရောင်းချလိုက်တယ်။ မြေရှင် (၄)ဦးက မသိလိုက်ဘူး။သိတဲ့အချိန်မှာ မြေရှင်ရမယ့် အခန်းတွေပါ ရောင်းလိုက်တာ တွေ့ရတယ်။သိတဲ့သူ (၃)ဦးကတော့ ရတဲ့အခါတွေမှာ ပြေးတက်နေကြတယ်။ နောက်ဆုံးတစ်ဦးကတော့ မြေကွက်နဲ့ဝေးတဲ့ ဒဂုံဆိပ်ကမ်းက မိဘတွေထံမှာ သွားကပ်နေလိုက်တယ်။ ကျန်မြေရှင်တစ်ဦးကလည်း သိတဲ့အချိန်မှာ ကိုယ်ရမယ့်အခန်းကို နေမယ်လို့သွားတဲ့အချိန်မှာ ကြိုပွိုင့်ဝယ်ထားသူက ရောက်နှင့်နေပြီ။ဘာလုပ်ရမှန်းမသိတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသွားတိုင်တယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း နှစ်ဖက်ခေါ်ယူညှိနှိုင်းပေးဖို့ ခေါ်တဲ့အခါ ကန်ထရိုက်တာက မလာတော့ဘူး။အဆောက်အဦးကြီးကလည်း (၂)ထပ်လောက်ပဲ ပြီးသေးတယ်။အပေါ်လေးထပ်ဆောက်ဖို့ ကျန်သေးတယ်။အဲဒီတော့ ကံဆိုးသူ “ မောင်ရှင် ” လို့ ပြောရမလားပဲ။မြေရှင်တစ်ဦးနဲ့ ကြိုပွိုင့်ဝယ်ထားသူအချို့ဟာ ဘယ်လိုဆက်လက်ဆောက်ရွက်မလဲ ဆိုတာ မဆုံးဖြတ်နိုင်တာနဲ့ နောက်ဆုံး ရှေ့နေဆီ ရောက်လာတော့တာပါ။

သက်သေခံအထောက်အထားဆိုလို မြေရှင်နဲ့ ကန်ထရိုက်တာ အခန်းပေးအခန်းယူ နှစ်ဦးသဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်ပဲ ရှိတယ်။ စာချုပ်အရ မြေရှင်ကတော့ စာချုပ်ပါအတိုင်း ပထမထပ်အခန်းကို လက်ရောက်ပေးအပ်စေလိုမှုနဲ့ အခန်းတွင်း ဝင်ရောက်နေထိုင်သူကို ဖယ်ရှားပေးစေလိုမှုနဲ့ တရားစွဲယူရတော့မှာပါ။

ကြိုပွိုင့်ဝယ်ထားပြီး “ မျောက်သစ်ကိုင်းလွတ် ” ဖြစ်နေတဲ့ သူတွေအနေနဲ့ကတော့ စာချုပ်ပါအတိုင်း အခန်းတွေ အမြန်ပြီးအောင်ဆောက်ပြီး အခန်းလက်ရောက်ပေးအပ်စေလိုမှုနဲ့ တရားစွဲရမှာပေါ့ ။ပြန်ဆောက်ဖို့ အခြေအနေမရှိတော့ဘူးဆိုရင်တော့ ကြိုပွိုင့်ထားငွေတွေနဲ့ နစ်နာကြေးရလိုမှု ခေါင်းစဉ်တပ်ပြီး တရားစွဲတောင်ရုံပဲ ရှိတော့တယ်။

ဒါကြောင့် ရှေးလူကြီးတွေရဲ့ အဆိုအမိန့်လေးတွေ သွားသတိရမိတယ်။ “ ကိုယ်မချိ အမိသော်လည်း သားတော်ခဲ့ ” “ ကိုယ်က ကျူးသော် ကိုယ့်ဒူးကိုယ်မျှ မယုံရ ” စကားပုံတွေအတိုင်း ဖြစ်ကုန်ကြပြီး။ နိဂုံးချုပ်ပြောရရင်တော့ မြေတစ်ကွက်မှာ ကန်ထရိုက်တိုက်ဆောက်တော့မယ်ဆိုရင် အမှန်အကန် ကန်ထရိုက်တာတွေကို မြို့တော်စည်ပင် ယာ/အုံဌာနမှာ အသေအချာ စုံစမ်းပြီးမှ အပ်နှံကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

သူတော်ကောင်းနဲ့ တွေ့လို့ သူယုတ်မာနဲ့လွဲကြပါစေ

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service