မိမိပိုင်မြေကို ဘုရား(သို့)ဘုန်းကြီးကျောင်းသို့လှူဒါန်းရာတွင် သိထားသင့်သည့်အချက်များ

မိမိပိုင်မြေကို ဘုရား(သို့)ဘုန်းကြီးကျောင်းသို့လှူဒါန်းရာတွင် သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jun 2019 12:49 pm တွင် တင်ခဲ့သည်
2278 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေကို လှူတယ်၊ ဘယ်နေရာ ဘယ်လို မြေမျိုးကို လှူဒါန်းမှ သင့်လျှော်ပါသလဲ၊ ဘယ်လိုလှူဒါန်းမှ လှူဒါန်းမှု မြောက်ပါသလဲ၊ သိထားသင့်ပါတယ်။ အချို့က ရပ်ကွက်တွေထဲမှာ လှူတယ်၊ အချို့က လယ်ယာမြေတွေ လှူတယ်၊ အခြားမြေနေရာတွေ လှူတယ်၊ လူနေရပ်ကွက်ထဲက လူနေအိမ်တစ်အိမ်ကို ဘုန်းကြီးကျောင်း/ သာသနာရေး ကိစ္စအလို့ငှါ လှူကြတာလဲရှိတယ်။

ဥပဒေအရ လှူဒါန်းခြင်း၊ ပေးကမ်းခြင်းများ၌ အိမ်မြေကို မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ လှူဒါန်း ပေးကမ်းမှသာ လှူဒါန်းမှု မြောက်မှာဖြစ်ပါတယ်။ ဒီလို လှူဒါန်းရာမှာလည်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားလွှာ အမှတ် ၂၂ (၂၂-၅-၈၁) ကို သိထား လိုက်နာရပါမယ်။

ညွှန်ကြားလွှာမှာ သံဃနာယကအဖွဲ့ အဆင့်ဆင့်သည် မိမိတို့ဆိုင်ရာ ဒေသအတွင်းရှိ ရဟန်းတော်များအား အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရေးအတွက် ဆုံးမ ဩဝါဒပေးကြပါရန် ညွှန်ကြားလိုက်ပါသည်လို့ ဖော်ပြထားပါတယ်။

၁။ လူနေရပ်ကွက်လူနေအိမ်များ အကြားရှိ လူနေအိမ်များကို ကျောင်းအဖြစ် အသုံးမပြုကြစေရန်၊

၂။ ဤညွှန်ကြားလွှာ မထုတ်ပြန်မီက စေတနာသဒ္ဓါတရားအလျောက် လှူဒါန်းထားခြင်းမျိုး ဖြစ်ပါက ဝင်းခြံသီးသန့် မရှိလျှင် ဘုန်းတော်ကြီးပိုင်အဖြစ် အမည်မပြောင်းကြစေရန်၊

၃။ ဤညွှန်ကြားလွှာထုတ်ပြီးနောက် လူနေရပ်ကွက်အတွင်း စေတနာအလျောက် လှူဒါန်းထားစေကာမူ ကျောင်းအဖြစ်တည်ရှိရာမျိုး မဟုတ်သဖြင့် ကျောင်းအမည်ခံ၍ အလှူမခံယူစေရန်၊

၎။ လူနေရပ်ကွက်၊ လူနေအိမ်များ အတွင်း၌ ဖြစ်စေ၊ အခြားကြည်ညိုဖွယ် မဆောင်သော နေရာများ၌ ဖြစ်စေ ကျောင်းများနှင့် စေတီပုထိုးများကို မတည်ဆောက်ကြစေရန်၊

၅။ အထက်ဖေါ်ပြပါ နေရာများ၌ ဤညွှန်ကြားလွှာ မထုတ်ပြန်မီ မူလရှိပြီးသား ကျောင်းများနှင့် စေတီ ပုထိုးများကို မြို့နယ် သံဃနာယက အဖွဲ့များက စာရင်းပြုစု၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့သို့ ပေးပို့ကြရန် ဖြစ်ပါတယ်တဲ့။

နောက်တစ်ခုက မြေလှူတာနဲ့ ပတ်သက်ပြီး တရားရုံး စီရင်ထုံးတစ်ခု ရှိပါတယ်။ အဲဒီ စီရင်ထုံးမှာ ဖော်ပြထားတာက ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်) အပိုဒ် (၆၀)တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်-

“သာသနာ့မြေအပ၌ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကို ရဟန်း၊ သာမဏေ၊ ဂိုဏ်း၊ သံဃာ၊ စေတီ၊ ကျောင်း၊ ကျောင်းတိုက်၊ နဝကမ္မ၊ ဗုဒ္ဓဘာသာ၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များအား လှူဒါန်းရာ၌ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းတို့ကို ပြုလုပ် ဆောင်ရွက်ရမည်။

ယင်းသို့ဆောင်ရွက်ထားသည့် သာသနာ့မြေအပရှိ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကိုသာ ပိုင်ဆိုင်ခွင့်အငြင်းပွားလျှင် သံဃဝိနိစ္ဆယ အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ခွင့် ရှိသည်” အထက်ပါ ပြဌာန်းချက်တွင် အကျုံးဝင်ရန် အလို့ငှာ သာသနာ့မြေအပ၌ ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို လှူဒါန်းရာ၌ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည် ပြောင်းခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ပေသည်.. တဲ့။

Credit : U Zaw Win

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service