ကန်ထရိုက်တာသွေးထိုးလို့ မြေရှင်နဲ့ အခန်းဝယ်နေသူကို စိတ်ဝမ်းကွဲရတဲ့ အကြောင်းများ

ကန်ထရိုက်တာသွေးထိုးလို့ မြေရှင်နဲ့ အခန်းဝယ်နေသူကို စိတ်ဝမ်းကွဲရတဲ့ အကြောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jun 2018 12:35 pm တွင် တင်ခဲ့သည်
2667 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

လက်ရှိအခြေအနေမှာဆိုရင် အိမ်ခြံမြေအရောင်းအဝယ်တွေ “ ငြိမ် ”နေသလို တိုက်ခန်းအရောင်းအဝယ်တွေကလည်း ဝယ်သူမရှိနည်းပါနေတဲ့ အခါမျိုးဖြစ်နေပါတယ် ။ ဒါကြောင့် လိုင်စင်အငှါးနဲ့ ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ တိုက်သစ်ဆောက်လုပ်ထားသူ ၊ ကန်ထရိုက်တာဆိုသူ ငွေရှင်များမှာလည်း တစ်ချိန်တုန်းကလို တိုက်မဆောက်မီ ကြိုပ္ပိုင့်ရောင်းထားတဲ့ တိုက်ခန်းကလွှဲလို့ မိမိရထားတဲ့ ကန်ထရိုက်တာဘက်ခြမ်းက အခန်းတွေ ရောင်းမထွက်လို့ ဝယ်သူအလာကို မျှော်ရင်း အခန်းပေါ်မှာ တက်နေသူ ကန်ထရိုက်တာ ( ငွေရှင် )တွေလည်း ရှိနေပါတယ်။

+++ ဝk မှာစိုပြေနေတာက မြေရှင်ပါ +++

ဒီလို အခြေအနေမျိုးမှာ မြေရှင်ဘက်ကတော့ BCC အဆောက်အအုံးပြီးစီးကြောင်း လက်မှတ်ရပြီး မိမိ တစ်ခြမ်းရထားတဲ့ အခန်းတွေကို ငှါးစားသလို ငွေအသုံးလိုရင်လည်း တစ်ခန်း ၊ နှစ်ခန်းလောက်ရောင်းစားသူများလည်းရှိတယ် ။တချို့ မြေရှင်တွေ ကျတော့လည် သားသမီးတွေနောင်ရေးအတွက် မရောင်းတော့ဘဲ အငှါးချထားလိုက်တာလည်းရှိကြတယ် ။ ဘယ်လိုဘဲ လုပ်လုပ်မြေရှင်တွေဘက်မှာတော့ ‘ အိုကေ ’ မှာစိုပြေနေကြတာပေါ့ ။

ဥပမာ -ခြောက်ထပ်ဆောက်ရင် ကန်ထရိုက်နဲ့ မြေရှင်တစ်ခြမ်းပေးတစ်ခြမ်းယူ ဆောက်ကြတယ်လေ မြေရှင်က (၆ ) ခန်းရတယ် မြေညီထပ်မှာ မြေရှင်မိသာစု ကိုယ်တိုင်နေမယ် ။ပထမထပ်နဲ့ ဒုတိယထပ်ရောင်းစားလိုက်ရင် စီးပွားရေးလုပ်ဖို့ အရင်းအနှီးရပြီလေ ၊ ကျန်တဲ့ ( ၃ )ထပ်ကို တစ်လတစ်သိန်းခွဲ ၊ တစ်သိန်းနဲ့ ငှါးစားရင်တော့ တစ်လတစ်လမှာ အိမ်ငှါးခနဲ့တော့ မိသာစုစားဝတ်နေရေကို ဖြေရှင်းလို့ရတယ် ။

ဟော…………….မြေရှင်နေတဲ့ အခန်းကလွှဲရင်ကျန်တဲ့ အခန်းက ( ၁၁ ) ခန်းရှိတယ်လေ ။အဲဒီအခန်းတွေက အိမ်ခန်းငှါးခတစ်လ (နှစ်ထောင် ) ကျပ် နဲ့ ရေသုံးစွဲးခ တစ်လ (ခြောက်ထောင်ကျပ် ) ပေါင်းလိုက်ရင် တစ်ခန်းကို တစ်လ (ရှစ်ထောင်ကျပ်) ကလည်း လစဉ်ရနေသေးတယ်လေ ။ဒီတော့ BCC ကျပြီး နေထိုင်ခွင့်ရတဲ့ မြေရှင်တစ်ယောက်အဖို့ ခြိုးခြိုးခြံခြံ သုံးစွဲတက်ရင် မိသာစုရှေ့ရေးအတွက် ပူစရာမလိုတော့ဘူးပေါ့ ။

+++ ငါးကြင်းဆီနဲ့ကြော်မရတဲ့ အချိန် ကန်ထရိုက်တွေလက်မှိုင်ချနေ +++


အဲဒီလို မြေရှင်ဘက်ကအခြမ်းက အဆင်ပြေနေပေမဲ့ ကန်ထရိုက် (ငွေရှင် ) ဘက်မှတော့ ရင်ထဲမှာ လောဘမီး ၊ ဒေါသမီး ၊ မောဟမီးတွေ တစ်ဟုန်းဟုန်းလောင်နေလေရဲ့ မိမိရတဲ တိုက်ခန်းတွေက ရောင်းမထွက်ဘူးလေ ၊ နောက်ထပ် တိုက်တစ်လုံး အသစ်လက်ခံဆောက်တာကလည်း ဆောက်လက်စတန်းလန်းနဲ့ ဆက်မဆောက်နိုင်တော့ဘူး ။ကန်ထရိုက်နဲ့ မြေရှင်တစ်ခြမ်းပေး တစ်ခြမ်းယူသဘောတူဆောက်စဉ်က စာချုပ်ထဲမှာ (၁၂ )လအတွင်း တိုက်သစ်ကို လက်ရောက်အပြီး ပေးပါ့မယ်လို့ ဝန်ခံခဲ့ပေမဲ့ အခုအထိ ကြိုပွိုင့် ဝယ်မယ့်သူ ပေါ်မလာဘူးလေ ၊ ကြိုပွိုင့်ဝယ်သူလာရင် အဆောက်အဦးလက်တွေပြနိုင်အောင်ဆိုပြီး အချို့ကန်ထရိုက်တွေက ( ၅ )ကျပ်တိုး ၊ (၁၀ )ကျပ်တိုး တွေယူပြီး ဆောက်ပြခဲ့တာတွေလည်းရှိတယ် ။လက်ရှိအနေအထားအထိ ဝယ်မယ့်သူက အလွန်နည်းနေသေးတယ် ။

+++ ကမ္ဘာမီးလောင်သားကောင်ချ နင်းဖို့ ဆုံဖြတ်ထားသူများ +++

လက်ရှိအခြေအနေမှာတော့ BCC လူနေခွင့်ရတဲ့ တိုက်ခန်းတွေတောင် ဝယ်မယ့်သူမရှိတော့ ကြိုပွိုင့်ဝယ်မယ့်သူက မျှော်လင့်ချက်မရှိတဲ့ ဒီလိုတိုက်မျိုကို ဝယ်ဖို့ဘယ်စဉ်းစားမလဲ ။စိတ်ကူးယဉ်အိမ်မက်တောင်မက်မှာမဟုတ်ဘူးလေ ။အဲဒီတော့ ဆောက်လက်စတိုက်လည်း ဆက်မဆောက်နိုင်တော့ဘူး ၊ မရောင်းရသေးတဲ့ BCC ရပြီးတဲ့ တိုက်ပေါ်လာတက်နေကြတော့ တယ် ၊ ဆောက်လက်စ မြေရှင်က ဖုန်းနဲ့ခေါ် ၊ ရှေ့နေနဲ့ နို့တစ်စာပေးပင်မယ့် ဂရုမစိုက်နိုင်တော့ဘူး ၊ ဖုန်းပိတ်ပြီး ရှောင်နေလိုက်တော့တယ် ။

++ မြေရှင်နဲ့ တိုက်ခန်းဝယ်သူ များအကြား ၊ သွေးထိုးပေးလို့ သတိထား +++

အဲဒီကန်ထရိုက်တာတစ်ချို့က ရောင်းမထွက်တဲ့တိုက်ပေါ်မှာအကြွေးရှင်တွေနဲ့တစ်ခြားကဆောက်လက်စမြေရှင်တွေ မသိအောင် တိတ်တိတ်ပုန်းရှောင်းနေပေမယ့် ၊ ယခုလက်ရှိမြေရှင်နဲ့ အတူနေတဲ့ တိုက်မှာတော့ သြဇာပေးပြီး ပါဝါတွေပြနေတာကိုတွေ့ရပါတယ် ။ကန်ထရိုက်ဘက်ခြမ်းကသူရထားတဲ့ အခန်းဝယ်သူတွေကို ၊ မြေရှင်းတောင်းတဲ့ အတိုင်း မြေငှါးခနဲ့ ရေဖိုး ၈၀၀၀ိ/-ကျပ်တောင်းတာမပေးနဲ့ များလွန်းတယ် ၊ နိုင်ငံတော်အစိုးရက အဲဒီ လောက်မြေငှါးခတောင်းတာမဟုတ်ဘူး ၊ တကယ်လို့ ဝယ်သူက တိုက်ခန်းပြန်ရောင်းခဲ့ရင် ၁% ရာခိုင်နှုန်းပေးရတယ်ဆိုတာလည်း ဥပဒေမရှိဘူး မပေးရင်လည်းရတယ် အစရှိသဖြင့် သွေးထိုးပေးတဲ့အတွက် အချို့တိုက်ခန်းတွေဆိုရင် မြေရှင်နဲ့ အခန်းဝယ်နေသူတို့ မတည့်ကြဘူး ၊ခဏခဏစကားများကြတာကိုတွေ့ရတယ် ။

+++ ဘယ်သူခွဲခွဲ ၊ သွေးမကွဲအောင် ညှိနှိုင်းကြပါလား တိုက်ခန်းဝယ်နေသူများ +++

တကယ်တော့ မြေရှင်ဆိုတာ ပိုင်ရှင်လည်းဖြစ်တယ် အဲဒီတိုက်မှာ အမြဲနေထိုင်သူလည်းဖြစ်တယ် ဆိုတော့ ၊ တစ်တိုက်လုံးမှာ နေထိုင်သူများအားလုံးနဲ့အတူတူ လူမှုရေး ၊ စီးပွားရေး ကိစ္စတွေကို စိတ်တူကိုယ်တူ အတူတူပူးပေါင်းဆောင်ရွက်သင့်ပါတယ် ။ဒါမှသာ ဒီတိုက်မှာနေသူအားလုံးစိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာဖြစ်ကြမှာပါ ။အဲဒီလို ဖြစ်အောင်လည်း မြေရှင်နဲ့ အခန်းဝယ်ထားသူတို့ အားလုံးတစ်လတစ်ကြိမ်းပုံမှန်အစည်းအဝေး လုပ်ပြီ တစ်တိုက်လုံးသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ၊ စေတနာကောင်းနဲ့ ဆောင်ရွက်နိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ရပါတယ်။

သုခီ အတ္တာနံ ပရိဟရန္တု


လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service