သင့်တိုက်ခန်းကို ဘယ်လို အလှဆင်ကြမလဲ.......

သင့်တိုက်ခန်းကို ဘယ်လို အလှဆင်ကြမလဲ....... - Property Knowledge in Myanmar from iMyanmarHouse.com
23 May 2018 11:54 am တွင် တင်ခဲ့သည်
3430 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မြို့လယ်ကောင်မှာ တိုက်ခန်းတစ်ခန်းပိုင်ဆိုင်ထားတာ ဒါမှမဟုတ်သင့်တော်တဲ့ နေရာတစ်ခုမှာ တိုက်ခန်းတစ်ခုပိုင်ဆိုင်ထားတာဟာ သင့်ရဲ့ ဘဝနေထိုင်မှုအတွက် ပိုပြီးလွယ်ကူစေပါတယ်။

ဒါပေမဲ့ စည်ကားတဲ့ မြို့ နယ်တွေမှာတည်ဆောက်ထားတဲ့ တချို့တိုက်ခန်းတွေဆိုရင် အပြင်ပိုင်းကြည့်ရင်လှပပြီး နေချင့် စဖွယ်ကောင်းနေပေမဲ့ အတွင်းပိုင်းပြင်ဆင်မှုရော ဖွဲ့စည်းထားပုံပါ အဆင်မပြေတာတွေတွေ့ရမှာပါ။

ဒါပေမဲ့ စိတ်မပူပါနဲ့၊ သင့်တိုက်ခန်း အတွင်းပိုင်း ပြင်ဆင်မှုမကောင်းဘူးဆိုရင် တောင်သင်ကိုယ်တိုင် ပြန်ပြင်ဆင်လို့ လွယ်ကူမယ့် အိမ်အလှဆင်နိုင်ပုံတွေကိုဖော်ပြပေးသွားမှာပါ။

၁။ တိုက်ခန်းအများစုဟာ လေးထောင့်ပုံသဏ္ဌာန်ထောင့်ကျကျ တည်ဆောက်ထားတာများပါတယ်။ ဒါကြောင့်မို့ သင့်အိမ်မှာထည့်သွင်းမယ့် ဆိုဖာတွေကိုအဝိုင်းပုံစံထားရှိတာမျိုး၊ စားပွဲဝိုင်း၊ ခြေသုတ်နဲ့ ဖျာခင်းတွေကို အဝိုင်းပုံစံအလှဆင်သင့်ပါတယ်။ နောက်ပြီးရင်တော့ အစက်အပြောက်တွေနဲ့ပုံဖော်ထားတဲ့ အထည်ဆင် ဒါမှမဟုတ်စက်ဝိုင်းပုံစံဒီဇိုင်းတွေကို အလှဆင်သင့်ပါတယ်။

၂။ စားပွဲတွေပေါ်မှာ မှန်တစ်ဆင့်ခံအသုံးပြုခြင်း၊ မီးဖိုချောင်မှာ ထိုင်ခုံတွေကိုရှင်းထားခြင်းဟာ ခေတ်ဆန်ပြီး ထည်ဝါတဲ့အခန်းဖွဲ့စည်းမှုပုံစံတစ်ခုကဲ့သို့ဖြစ်စေပါတယ်။

၃။ အိမ်ရဲ့နံရံတွေကိုအရောင်နုနုနဲ့ လင်းစေမယ့်ဆေးဖြင့်အလှဆင်ပါ။ အရောင်ရင့်ရင့်ဟာ သင်ရဲ့အခန်းကိုကျဉ်းမြောင်းစေပါတယ်။

၎။ ပြတင်းပေါက်နဲ့မျက်နှာချင်းဆိုင်မှာ မှန်တစ်ချပ်ထားပါ။ ပြတင်းပေါက်မှဝင်ရောက်လာတဲ့အလင်းတန်းဟာ မှန်ကနေတစ်ဆင့် ရောင်ပြန်ဟပ်ပြီး သင့်အခန်းကို လင်းစေမှာမို့ပါ။ သည်လိုဖန်တီးခြင်းဟာ နေရာကျယ်စေသယောင်အထင်မှားစေဖို့ ဖြစ်ပါတယ်။ သို့မဟုတ် မှန်တစ်ချပ်လိုအလင်းရစေမယ့် ဝင်းလဲ့လဲ့မီးအိမ်တစ်ခုထားနိုင် ပါတယ်။

၅။ အရောင်အသွေးစုံတဲ့ခွေးခြေခုံ ဒါမှမဟုတ် ဝါးနဲ့ပြုလုပ်ထားတဲ့ ခွေးခြေခုံကိုအိပ်ခန်းထဲက စားပွဲခုံ ဒါမှမဟုတ် ကော်ဖီစားပွဲဘေးမှာထားပါ။ သဘာဝနဲ့လည်းနီးစပ်တယ်။ အလင်းရောင်လည်းရတယ်။ တစ်ခန်းနဲ့တစ်ခန်း သယ်ရတာလည်းလွယ်ပါတယ်။

၆။ အိမ်ခန်းရဲ့ထောင့်နံရံတွေမှာ စာအုပ်စင် ဒါမှမဟုတ် အရုပ်ကလေးတွေတင်ထားနိုင်မယ့်စင်တွေထားပါ။ တံခါးတွေနဲ့ မျက်နှာချင်းဆိုင်မှာ သည်စင်တွေရှိနေမယ်။ သင် လမ်းလျှောက်လိုက်တိုင်း သည်စင်တွေကနေ လိုအပ်တာတွေယူသွားနိုင်ပါတယ်။

၇။ ပန်းအိုးငယ်လေးတွေထားပါ။ အစိမ်းရောင်အထိအတွေ့ကိုခံစားနိုင်မှာလည်းဖြစ်သလို အပြစ်ကင်းပြီး သဘာဝဆန်တဲ့အတွင်းပိုင်းအလှမျိုးရစေနိုင်ပါတယ်။

၈။ ကြမ်းပြင်တစ်ခုလုံးကို ကော်ဇောခင်းတာထက် နေရာရွေးပြီး ဖျာလိုအရောင်အသွေးစုံတဲ့ ခြုံထည်အထူတွေခင်းပါ။ ထမင်းစား စားပွဲနဲ့ခုံတွေအောက်မှာခင်းထား တာမျိုးနဲ့ အိမ်ရှေ့ခန်းဆိုဖာတွေအောက်မှာခင်းထားပါ။ ခြုံထည်အထူတွေဟာ ပိုပြီးအရောင်အသွေးစုံတာမို့ ထင်ရှားတဲ့အကြည့်မျိုးကို ဖန်တီးပေးပါလိမ့်မယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service