အငှားအကြောင်း သိကောင်းစရာ

အငှားအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
21 Feb 2017 12:02 pm တွင် တင်ခဲ့သည်
1673 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ငှားရမ်းခြင်းနှင့် သက်ဆိုင်သော ဥပဒေ တစ်ရပ် ရှိပေသည်။ ယင်းမှာ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေ ဖြစ်သည်။

အဆိုပါ ဥပဒေသည် တစ်နိုင်ငံလုံးနှင့် အကျုံးမဝင်ပေ။ သတ်မှတ် ပြငှာန်းပါရှိသော မြို့ပြများနှင့်သာ အကျုံးဝင်သည်။

အဆိုပါဥပဒေနှင့် အကျုံးမဝင်သော ဒေသများတွင်မူ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေအရ ဆောင်ရွက်ရပေသည်။

၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေသည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မြစ်ကြီးနား၊ မြင်ခြံ၊ မကွေး၊ ပဲခူး၊ ပြည်၊ စစ်တွေ၊ တောင်ငူ၊ ရွှေဘို စသည့် မြို့နယ်များရှိ မြို့နယ်ဦးစီးမှူး ( ယခုမြို့နယ်အုပ်ချုပ်ရေးမှူး) များအား အာဏာအပ်နှင်းခံရသည့် မြို့နယ်များတွင်သာ အာဏာသက်ရောက်မှု ရှိပေသည်။

၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေကို ကြည့်ပါက အုပ်ချုပ်ရေးနှင့် ဆိုင်သော အပိုင်းနှင့် တရားရေးနှင့် ဆိုင်သော အပိုင်းဟူ ၍ တွေ့ရမည် ဖြစ်သည်။

တရားစီရင်ရေးနှင့် ဆိုင်သည့် အပိုင်း

"အိမ်ငှားကို တရားစွဲနှင်သည့် ပုဒ်မများ"

အိမ်ငှားကို တရားစွဲနှင်မယ် ဆိုရင် ပုဒ်မ-၁၂ နဲ့ အကျုံးဝင်ပါတယ်။

ပုဒ်မ ၁၂ (၁) (က) ။ အိမ်ငှားက လခမပေးသည့်အတွက် နှင်သည့် ပုဒ်မ ဖြစ်သည်။ ပုဒ်မ ၁၂ (၁) (က) ဒုတိယအပိုင်းက သဘောတူထားသည့် စည်းကမ်းချက်ကို ဖောက်ဖျက်သည့်အတွက် နှင်သည့်ပုဒ်မ ဖြစ်သည်။

ပုဒ်မ ၁၂ (၁) (ဂ) ။ အိမ်ငှားက အိမ်ရှင်နှင့်အနီး ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ဖြစ်အောင် ပြုမူသည့်အတွက် နှင်သည့်ပုဒ်မ ဖြစ်သည်။
ပုဒ်မ ၁၂ (၁) (ဃ) ။ မြေငှားခြင်းဖြစ်ပြီး မြေငှားကို နှင်ထုတ်သည့် ပုဒ်မ ဖြစ်သည်။
ပုဒ်မ ၁၂ (၁) (င) ။ ငှားရမ်းထားသည့် အဆောက်အဦးကို ပြုပြင်ရန် လိုအပ်သည့်အတွက် ဖယ်ရှားပေးပြီးမှသာ ပြုပြင်နိုင်သဖြင့် အိမ်ငှားကို နှင်သည့် ပုဒ်မ ဖြစ်သည်။ သို့သော် ပြင်ပြီး ပြန်ထားပါ့မည် ဆိုသည့် ဝန်ခံချက် ပြုရသည်။

ပုဒ်မ ၁၂ (၁) (စ) ။ အဆောက်အဦးပိုင်ရှင်က မိသာစု များပြားလာသည့်အတွက် အခြားတွင် နေစရာမရှိတော့၍ မိမိပြန်လည် နေထိုင်နိုင်ဖို့ အိမ်ငှားကို တရားစွဲနှင်သည့် ပုဒ်မ ဖြစ်သည်။

အုပ်ချုပ်ရေးနှင့် ဆိုင်သည့်အပိုင်း

ပုဒ်မ ၁၁ (၁) ။ အိမ်ရှင်က ငှားရမ်းထားသည့် ဥပစာကို ပြုပြင်ပေးခြင်းမျိုး မရှိသည့်အတွက် ပြုပြင်ပေးရန် လျှောက်ထားသော ပုဒ်မဖြစ်သည်။

ပုဒ်မ ၁၆ (၁) ။ အိမ်ငှားက အိမ်လခပေးပါလျက် အိမ်ရှင်က ငှားရမ်းခကို လက်မခံသည့်အတွက် ငှားရမ်းခ ပေးသွင်းသည်ကို လက်ခံပေး ရန် လျှောက်ထားသည့် ပုဒ်မ ဖြစ်သည်။

ပုဒ်မ ၂၇ (၃) ။ အိမ်ရှင်ကဖြစ်စေ၊ အိမ်ငှားကဘဲ ဖြစ်စေ ( စံငှားရမ်းခ) သတ်မှတ်ပေးပါရန် လျှေက်ထားသည့် ပုဒ်မဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ဆိုင်သော ကိစ္စရပ်တွေအတွက် လျှောက်ထားပါက ငှားရန်းခ ကြီးကြပ်ရေး ဝန်ရုံးတွင် လျှောက်ထားရသည်။

ငှားရမ်းခကြီးကြပ်ရေး ဝန်ဆိုသည်မှာ တစ်ခြားမဟုတ်ပါ။ မြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အုပ်ချုပ်ရေးမှူးပင်ဖြစ်သည်။ ၎င်းထံသို့ သွားရောက်လျှောက်ထားရမှာ ဖြစ်သည်။ အမှုပုံစံအ တိုင်း ရေး သားလျှောက်ထားရမှာ ဖြစ်သည်။

အိမ်ငှားအမျိုးမျိုး

- စပေါ်အိမ်ငှား
- လချုပ်အိမ်ငှား
- နှစ်ချုပ်အိမ်ငှား
- အပျောက်အိမ်ငှား ဆိုပြီး ရှိပါတယ်။

အိမငှားအားလုံးသည် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေနဲ့ အကျုံးဝင်သည့် ဒေသအတွင်း ရှိမည်ဆိုက အိမ်ငှားအခွင့်အရေး၊ တာဝန်အားလုံးအတူတူ ဖြစ်သည်။

အိမ်ငှားစည်းကမ်း ဖောက်ဖျက်ပါက အပျောက်အိမ်ငှားပင် ဖြစ်သော်လည်း နှင်ထုတ်ခြင်း ခံရနိုင်သည်။

အပျောက်အိမ်ငှား

အပျောက်စနစ်မှာ စင်စစ်ဥပဒေတွင် မရှိပါ။ အစဉ်အလာအားဖြင့် အပျောက်စနစ် ကျင့်သုံးနေခြင်းသာ ဖြစ်သည်။အပျောက်ဖြင့် အခန်းကို ဝယ်ရာမှာ အခန်းကို အပိုင် ဝယ်ခြင်းမဟုတ်ပါ ၊ နေထိုင်ခွင့်ကို ဝယ်ခြင်း ဖြစ်သည်။

အားသာချက်တစ်ရပ်မှာ အပျောက်အခန်းကို ဝယ်ယူထားသူက အိမ်ရှင်မြေရှင်ရဲ့ သဘောတူညီချက်ဖြင့် ပြန်လည် ရောင်းချနိုင်ခွင့်ရှိခြင်းပင် ဖြစ်သည်။

Credit: ဦးကျော်ဇေယျ (အိမ်ခြံမြေဝယ်ရောင်းဌား ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service