ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ

ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ - Property Knowledge in Myanmar from iMyanmarHouse.com
5 Feb 2016 12:18 pm တွင် တင်ခဲ့သည်
7545 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

နည်း(၂)မျိုး
အဆောက်အဦးများကို ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့သည်အောက်ပါနည်း (၂)မျိုးဖြင့် ဆောင်ရွက်တတ်ကြပါသည်။
၁။ မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ခြင်း။
၂။ မြေပိုင်ရှင်ကမိမိပိုင်မြေပေါ်တွင် မိမိပိုင်အဆောက်အဦးအား မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာ အားငှားရမ်းဆောင်ရွက်ခြင်း၊
(တနည်းအားဖြင့်)P.A.E စနစ်(Per Area Estimation ) အဆောက်အဦး၏တစ်ယူနစ်ဧရိယာခန့်မှန်းတွက်ချက်ပြီး
စိစစ်လက်ခံသည့်စနစ်တို့ဖြစ်ပါသည်။

ခံစားခွင့်များ

မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ကြရာတွင် အဆောက်အဦးတစ်လုံး အတွက်ကုန်ကျစရိတ်ကို ကန်ထရိုက်တာကအကုန်အကျခံဆောက်လုပ်ရပြီး မိမိခံစားပိုင်ခွင့်ရသည့်အခန်းများကို
ကြိုတင်အရစ်ကျရောင်းချခြင်း၊
အခန်းဆောက်လုပ်ပြီးမှရောင်းချခြင်းများဖြစ်ပါသည်။
P.A.E စနစ်မှာထိုသို့မဟုတ်ပါ၊မြေပိုင်ရှင်မှ မိမိပိုင်မြေပေါ်တွင် မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအား အဆောက်အဦး၏
တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးကိုကန်ထရိုက်တာမှတွက်ချက်၍အဆောက်အဦးတစ်ခုလုံး အပြီးအစီးငွေကျပ်မည်၍ မည်မျှကုန်ကျမည်၊ ရယူမည်ဆိုသည်ကိုမြေပိုင်ရှင်ဘက်မှလက်ခံပြီး
အဆောက်ဦးဆောက်လုပ်ခွင့် ပါမစ်ရ၍စတင်မြေတူးသည့်နေ့တွင် %မည်၍မည်မျှကိုလည်းကောင်း၊
ပထမထပ်ကြမ်းခင်းပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊
အဆောက်အဦးအမိုးမိုးပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊
အဆောက်အဦးအားသတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်ခွင့်ပြုသည့်ပုံစံအတိုင်း အဆောက်အဦးပြီးဆုံးကြောင်း သက်သေခံလက်မှတ်(ဘီစီစီ)(Building complicate Certificate ) ရလျှငf %မည်၍မည်မျှကို မြေပိုင်ရှင်က ကန်ထရိုက်တာအား ငွေပေးချေရသည့်စံနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်း ဖြစ်ပါသည်။
ကန်ထရိုက်တာအနေဖြင့်အဆောက်အဦးနှင့် ပတ်သက်၍ခံစားခွင့်မရှိပါ။

သတိပြုစရာများ
အခန်းပေးအခန်းယူစနစ်ဖြင့်ဆောက်လုပ်ရာတွင် ကန်ထရိုက်တာများသည်ကြိုတင်ငွေပေးချေမှုစနစ်ဖြင့်
မိမိရပိုင်ခွင့်ရှိသည့်တိုက်ခန်းများအားလုံးကိုဖြစ်စေ၊ အားလုံးနီးပါးကိုဖြစ်စေ၊ရောင်းချနေပြီဆိုလျှင်
မြေပိုင်ရှင်များဘက်မှစာချုပ်များတွင် အသိအမှတ်ပြုလက်မှတ် မထိုးပေးရန်သတိပြုဘို့အထူးလိုအပ်ပါသည်။
ကန်ထရိုက်တာအနေဖြင့်အရောင်းစာချုပ်၊ စရန်ပေးစာချုပ်တို့ချုပ်ပေး၍အတိုးဖြင့်ငွေချေးယူတတ်ခြင်း၊
အမှန်ရောင်းချလျှင်လည်းရပိုင်ခွင့်ဆက်လက်မကျန်ရှိ၍ အဆောက်အဦးအားပဋိညာဉ်ပါအတိုင်းပြီးဆုံးအောင်
မဆောင်ရွက်ဘဲရှောင်တိန်းထွက်ပြေးနိင်ပါသည်။ မြေပိုင်ရှင်အနေဖြင့်လက်မှတ်ရေးထိုးပေးမိလျှင်
ကန်ထရိုက်တာထံမှအခန်းကြိုဝယ်သူများမှ ကန်ထရိုက်တာနှင့်အတူပူးတွဲတရားစွဲဆိုခြင်းခံရမည်
ဖြစ်ပါသည်။

ထို့အပြင်ကန်ထရိုက်တာသည်အခန်းတစ်ခန်းတည်းကို နှစ်ဦးသို့မဟုတ်သုံး/လေးဦးတို့ကိုဆင့်ကဲဆင့်ကဲ
ရောင်းချတတ်၍မြေပိုင်ရှင်အနေဖြင့် ကန်ထရိုက်တာအားအားနာမှု ယုံကြည်မှုတို့ဖြင့် လက်မှတ်ထိုးပေးမိပါက ကန်ထရိုက်တာ၏အရှုပ်ထဲ ကိုယ်ပါ "ပဲလှော်ကြားဆားညပ်တတ်ပါသည်"။

သက်ဆိုင်ရာYCDC မှဆောက်လုပ်ခွင့်ပါမစ်ကျပြီးနောက် အဆောက်အဦးမဆောက်သေးဘဲအခန်းများကိုကြိုတင်၍
အောက်ဈေးဖြင့်ရောင်းချနေသည့်ကန်ထရိုက်တာများဆိုလျှင် သတိနှင့်ကြပ်မှတ်သင့်ပါသည် ထွက်ပြေးတိမ်း ရှောင်နိင်ပါသည်။

တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ လိုင်စင်အငှားဖြင့်ဆောက်လုပ်သည့်ကန်ထရိုက်တာများ
လည်း ရှိပါသည်။
ထိုသို့ လိုင်စင်အငှားနှင့်ဆောက်မည့်ကန်ထရိုက်တာနှင့်ဆိုလျှင် လိုင်စင်ပိုင်ရှင်ကန်ထရိုက်တာကိုပါစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရန်လိုအပ်ပါသည်။

PAE စနစ်ဖြင့်ဆောက်လုပ်သောမြေပိုင်ရှင်များအဖို့ လိုင်စင်ရအင်ဂျင်နီယာတစ်ဦးနှင့်စံချိန်စံညွှန်းများကို
အမြဲမပြတ် စစ်ဆေးသင့်ပါသည်။

ကန်ထရိုက်တာအနေဖြင့်အဆောက်အဦး၏တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးတွက်ချက်ရယူ ဆောက်လုပ်ခြင်း၊ (တနည်းအားဖြင့်) ပုတ်ပြတ်စနစ် ဖြစ်ခြင်း၊(တစ်နည်းအားဖြင့်) မြန်မာအခေါ်တန်စား၊ပေစားစနစ်ဖြစ်သည့်အတွက်
ကန်ထရိုက်တာတို့အနေဖြင့်မိမိတို့အတွက် ပိုမိုအကျိုးအမြတ်ရစေရန်အဆောက်အဦးတွင် အသုံးပြုမည့်ပစ္စည်းများ၏ အရည်အသွေးအပေါ်ခို၍ ဆောက်လုပ်တတ်ကြပါသည်။ (မကြာခဏကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား
အထက်ပါအချက်များအပေါ်သတိမထားမိကြဘဲ အမှုများဖြစ်ပွားတတ်သောကြောင့် ဆောင်ရန်၊ရှောင်ရန်
တင်ပြရခြင်းဖြစ်ပါသည်။)

credit - ဥပဒေ ဗဟုသုတ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service