အိမ်ခြံမြေ၀ယ်ယူတာဟာ နေဖို့ အိမ်တစ်လုံးကို ရှာရာဖွေရတာထက် ပိုပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဟာ လွန်ခဲ့တဲ့ နှစ် ငါးဆယ်အတွင်း တစ်ဆထက်တစ်ဆ ခေတ်စားလာပြီး ငွေပိုရှိပြီဆိုတာနဲ့ ပြုလုပ်လာတတ်ကြတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်မျိုးဖြစ်လာပါတယ်။ ငွေတွေအပုံလိုက်မြတ်စွန်းဖို့ အိမ်ခြံမြေဈေးကွက်မှာ အခွင့်အရေးများစွာ ရှိသော်လည်း အိမ်ခြံမြေကို ၀ယ်ယူခြင်းနဲ့ ပိုင်ဆိုင်ခြင်းက စတော့(stock) ကစားတာတို့လို ရင်းနှီးမြှုပ်နှံတာမျိုးတွေထက် အများကြီးကို ပိုလို့ ရှုပ်ထွေးပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ ၀ယ်ယူမှု၊ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ အိမ်ခြံမြေကို အကျိုးအမြတ်အတွက် အငှားချမှုနဲ့ သို့မဟုတ် ရောင်းချမှုတို့ ပါဝင်ပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတစ်ရပ်အဖြစ် အိမ်ခြံမြေတွေ တိုးတက်လာတာကို အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကို အထူးပြုမှုတစ်ခုအဖြစ် ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။
အိမ်ခြံမြေဆိုတာ တခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ယှဉ်ရင် ‘မရှိတန်ဆာ ရှိဝမ်းဆာ’ဖြစ်တဲ့ အရာမျိုးပါ။ ငွေအလုံးအရင်းလိုက် ချေးပြီး ၀ယ်ယူရင်းနှီးမြှပ်နှံတာမျိုးဆိုရင်တောင်မှ အကျိုးအမြတ်မှာ ထိရောက်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ငွေကြေးမြတ်စွန်းမှု၊ အရှုံးပေါ်မှုနဲ့ပတ်သက်လို့ တစ်ခါတစ်ရံမှာ အတက်အကျ အရမ်းကို မြန်ဆန်ပြောင်းလဲသွားတတ်ပါတယ်။ ဒီအချက်တွေကို ကောင်းကောင်းနားမလည်ဘူးဆိုရင်တော့ အိမ်ခြံမြေဆိုတာ အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအရှုံးပေါ်ရခြင်းရဲ့ အဓိကအချက်ကတော့ ရင်းနှီးမြှုပ်နှံသူဟာ ရေရှည်အကျိုးမရှိတဲ့ ကာလတစ်ခုအတွက် အနုတ်လက္ခဏာပြတဲ့ ငွေကြေးစီးဆင်းမှု(လုပ်ငန်းတစ်ခုခုထဲကို ငွေကြေးထည့်ဝင်ပြန်ထုတ်ခြင်း) ကို ပြုလုပ်တာကြောင့် အဲ့ဒီအိမ်ခြံမြေကို အရှုံးခံပြန်ရောင်းရတာလိုမျိုး အချက်ကြောင့်ပဲ ဖြစ်တယ်လို့ သိရပါတယ်။
မူရင်းဆောင်းပါးရှင် အင်ဒရူးဘီတီရဲ့ Simple Ways to Invest in Real Estate ဆောင်းပါးထဲမှ အချက်အလက်တစ်ချို့ကို ကောက်နုတ်ဘာသာပြန်ထားတာပဲ ဖြစ်ပါတယ်။ အင်ဒရူးဘီတီဟာ ကဏ္ဍစုံကို ရေးသားတဲ့ အွန်လိုင်းအယ်ဒီတာတစ်ဦးဖြစ်ပေမယ့် စီးပွားရေးကဏ္ဍကို အထူးစိတ်ဝင်စားသူပဲဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)