အငှားဈေးကွက်သို့ ဦးတည်သွားသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်

အငှားဈေးကွက်သို့ ဦးတည်သွားသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
27 Jul 2015 11:14 am တွင် တင်ခဲ့သည်
942 ကြိမ် ကြည့်ရှု့ပြီး
ယခုကာလ အိမ်ခြံမြေဈေးကွက်သည်၊ မုတ်သုံလေနှင့်အတူ အေးစက်နေသည်ဟုပင်ဆိုရချေမည်။ မြေဈေးများ လှုပ်ခပ်လျှက်ရှိသော်လည်း အဝယ်ထက်အမေးသာရှိပြီး အငှားသွက်နေသည့်ဈေးကွက်ပင်ဖြစ်သည်။ သို့သော် လည်း မြန်မာတို့၏ရှေ့ ထုံးအစဉ်အလာရ ဝါတွင်းဟူသော သတ်မှတ်ချက်ကြောင့် ကြိုတင်ရှာဖွေငှားရမ်းနေထိုင်သူများအလွယ်တကူ အေးအေးဆေးဆေးရှာဖွေနိုင်ကြသော်လည်း ယခုတစ်ပတ်ဝါမဝင်ခင်ရက်ပိုင်းမှာ အိမ်ပွဲစားများ၏ခေါ်ဈေးမြင့်ပြီး၊ ဈေးကြီးပေးငှားရမ်းနေကြရကြောင်းသိရသည်။

ဝါတွင်းကာလအတွင်း အိမ်ငှားများအပြောင်းအရွှေ့ များပြားလာသည့်အတွက် အိမ်ငှားဈေးကွက်၏အကောင်း ဆုံးကာလဟုပင်ဆိုနိုင်သည်။ ယခင်နေ အိမ်တွင်အဆင်မပြေသူများ ယခုဝါမဝင်မီ အိမ်အပြောင်းအရွှေ့ နောက် ဆုံးပြုလုပ်ရမည့်ကာလဖြစ်သဖြင့် အိမ်ပိုင်ရှင်အကြိုက်ဈေးကွက်တွင်ဖြစ်သည်။ “ ကျွန်တော်ကတော့ အယူမရှိပါ ဘူး။ မိန်းမကတော့ ဝါမဝင်ခင်အိမ်ပြောင်းချင်နေတယ်၊ လက်ရှိအခန်းက သုံးသိန်းနဲ့ငှားထားတာ၊ အခုစာချုပ် ပြည့်ခါနီးတော့ အိမ်ရှင်ဘက်က ငါးသောင်းထပ်တိုးတောင်းတယ်ပြောပြီး ပွဲစားကသုံးသိန်းခွဲတောင်းလာတယ်ဗျ၊ ကျွန်တော်တို့အလုပ်ကလည်း ဒေါ်လာဈေးပေါ်မူတည်ပြီးလုပ်နေရတာဆိုတော့ အဆင်မပြေသလောက်ဖြစ်နေ တယ်။ ဒီကြားထဲ အိမ်လခကလည်း တိုးတောင်း၊ ပြောင်းမယ်ဆိုတော့လည်း အိမ်ရှာချိန်ကသိပ်မရဘူး။ ဝါတွင်း ကခံနေတော့ သိပ်အဆင်မပြေလှဘူး။ လိုချင်တဲ့ အခန်းတွေအကုန်လုံးက ဈေးကအရမ်းမြင့်တက်နေတယ်။ ဒီအချိန် အိမ်ပြောင်းရွှေ့ ရတာ အခက်ဆုံးပဲ” ရန်ကုန်တွင် အိမ်ငှားရမ်းနေထိုင်သူ ဦးထွန်းထွန်းအောင်မှပြော ကြားခဲ့သည်။

လူဦးရေနေထိုင်မှု သိပ်သည်းသော ရန်ကုန်တိုင်းတွင် နေစရာအိမ်ရှာဖွေရသည်မှာ အခက်အခဲဆုံးအလုပ်ဖြစ် သည်။ သွားလာရလွယ်ကူသည့် နေရာဆိုလျှင် အိမ်ငှားခစရိတ်မှာ ကြားမကောင်းအောင်မြင့်တက်နေလေသည်။ လက်ရှိရန်ကုန်မြို့၏ အိမ်အငှားဈေးသည် ပါရမီအိမ်ယာ၊ ဘုရားလမ်းမှတ်တိုင်အနီး ငါးထပ်ခြောက်လွှာပေ၃၀xပေ၄၀ အခန်းကိုတစ်လငါးသိန်း ဈေးပေါက်သည့်အတွက်ကြောင့် အထပ်မြင့်လည်းဈေးနှုန်းမသက်သာဘဲ မြင့်တက်နေသည်ကို တွေ့လာရသည်။ သင်္ဃန်းကျွန်းမြို့ နယ်တွင်လည်း မေခအိမ်ယာ 3F တိုက်ခန်း၊ BR,3AC ၂၅ပေx ပေ၅၀ ကိုအခန်းကိုကျပ် ၆သိန်းနဲ့ ငှားရန်ရှိကြောင်းသိရသည်။ ယင်းကိုကြည့်ခြင်းအားဖြင့် အခန်းကောင်းသော်လည်း ရန်ကုန်မြို့တွင်းနှင့် ကွာဝေးပါက ပုံမှန်ဈေးသာ ရရှိသော်လည်း သွားလာရလွယ်ကူသော နေရာများတွင် အထပ်မြင့်ဖြစ်သော်လည်း ဈေးမှာအဆမတန်မြင့်တက်နေသည်ကို တွေ့လာရသည်။

ယခုရက်ပိုင်းအတွင်း အိမ်ငှားအများစုသည် ယာဉ်ကြောပိတ်ဆို့မှုကို အကြောင်းပြုပြီး၊ မြို့နှင့် မနီးမဝေးရှိ မြို့ နယ်များသို့ ဦးစားပေးငှားရမ်းလာခဲ့ကြသည်။ သင်္ဃန်းကျွန်းမြို့ နယ်မှာပင် ကွန်ဒိုတိုက်ခန်းတစ်ခန်းကို တစ်လ ၁၈ သိန်းခန့်ရှိပြီး အကျယ်အားဖြင့် ပေ ၆၀ ပတ်လည်ရှိပြီး နေရာအားဖြင့် ပြည်ထောင်စုရိပ်မွန်နေရာမှာ ရှိသည်။ ထို့အပြင် လုံးချင်အိမ်သီးသန့်ဖြင့် စိတ်ငြိမ်စွားနေလိုသူများအနေဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပေ ၄၀x ပေ၆၀ လုံးချင်းအိမ်တစ်လုံးကို ကျပ် ၈ သိန်းခန့်ဖြင့် ငှားရမ်းနေထိုင်နိုင်သည်။ အဆိုပါမြို့နယ်တစ်ဝိုက်တွင် လုံးချင်း အိမ်များကို ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်သော်လည်း သွားလာမှုတွင် အခက်အခဲရှိလာနိုင်သည်။

“ တချို့ကလုံးချင်းအငှားကို ပိုပြီးသဘောကျတယ်၊ ဟိုတစ်လောက မိတ်ဆွေတစ်ယောက် လုံးချင်းအငှား လိုချင်လို့ မင်္ဂလာဒုံမြို့ နယ်ခရပင်ရိပ်မွန်မှာ ငှားဖို့ရှိတယ်ဆိုလို့သွားကြည့်ဖြစ်တယ်။ ဆိုးတော့မဆိုးပါဘူး။ ပေ၄၀x ပေ၆၀ကို 2RCx 3M,15 ကို တစ်လ၁၂သိန်းတဲ့ ၊ သူကတော့ တန်တယ်ပြေတာပဲ၊ ကျွန်တော်တို့က သူတို့လောက် ငွေမသုံးနိုင်တော့ ဒီပမာဏက ကျွန်တော်တို့အတွက် မရမ်းများတာပေါ့” ဟု လခစားဝန်ထမ်း တစ်ဦးဖြစ်သူက လက်ရှိ ရန်ကုန်တွင် အိမ်ငှားခမြင့်တက်လာမှုကို ဆိုခဲ့သည်။ နေရာဒေသပိုင်ဆိုင်သူတို့၏ ငွေ ကြေးသုံးစွဲမှုကို မူတည်ပြီး ကွန်ဒိုတိုက်ခန်းများပင်ဖြစ်သော်လည်း ဈေးနှုန်းများကွာခြားမှုရှိလာခဲ့သည်။

နေရာဒေသနှင့် ပိုင်ဆိုင်သူတို့၏ ငွေကြေးသုံးစွဲမှုကို မူတည်ပြီး ကွန်ဒိုတိုက်ခန်းများပင်ဖြစ်သော်လည်း ဈေးနှုန်းများကွာခြားမှုရှိလာခဲ့သည်။ 7F(1350 sqft) 1MBR, 2BR ရှိတဲ့ ကမာရွတ်မြို့နယ်၊ ဘုရင့်နောင် တာဝါမှာ တစ်လရှစ်သိန်းနှင့် အငှားဈေးကွက်ရှိပြီး၊ ကမာရွတ်မြို့နယ်၊ ခိုင်ရွှေဝါကွန်ဒိုက ၂၅ပေx ပေ၅၀ ရှိပြီး 1M,1B ပါကေးခင်းပြီး၊ 1AC ကို တစ်လလျှင် ကျပ် ၁၄သိန်းအငှားဈေးကွက်ရှိနေသည်။ ယင်းပမာဏမှာ မြို့တွင်းလိုနေရာမျိုးတွင် အသက်သာဆုံးပမာဏလည်းဖြစ်သည်။

အိမ်ခန်းအငှားဈေးကွက်များသည် တစ်နေရာနှင့်တစ်နေရာမတူညီပဲ ဈေးကွာခြားမှုရှိခြင်းကြောင့် အိမ်ခန်းအငှား များသည်အချိန်ယူလေ့လာလေ့ရှိကြသည်။ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ၁၅ ပေ x ၅၅ ပေ ရှိပြီး 1BR ပါကေးခင်းပြီးလေးလွှာကို ငွေကျပ် ၄ သိန်းဖြင့် ငှားယူရရှိနိုင်ပြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြယာကုန်း နှင့် သိမ်ဖြူလမ်းဒေါင့်က ၄လွှာမှာ အကျယ် ပေ ၂၀x ၇၅ ပေ ရှိသည့်အခန်းကို ကျပ် ၄ သိန်းဖြင့်ရရှိနိုင်သည့် အတွက်သင့်တော်သော ဈေးနှုန်းဟုဆိုနိုင်သည်။

ယခုလက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်သည် မြေဈေးမှာအလှုပ်ခပ်ဆုံးဖြစ်နေပြီး၊ ဒေါ်လာဈေးမြင့်တက်မှု ကြောင့်လည်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ မတည်မငြိမ်ဖြစ်ပေါ်လျက်ရှိသည်။ ဒေါ်လာဈေး မတည်ငြိမ် သည့်အတွက်ကြောင့်လည်း ပြည်တွင်းအိမ်ခြံမြေဝယ်လိုသူတို့သည် ငွေကြေးသာကိုင်ထားကြသည်။ ရန်ကုန် မြို့ သစ်ကဲ့သို့ စီမံကိန်းမြေများသာ အဝယ်လိုက်နေပြီး အရောင်းထက် အငှားပိုသွက်လျက်လည်းရှိနေကြသည်။ ထို့အပြင် ကွန်ဒိုဈေးမှာ အနည်းငယ်ယိမ်းယိုင်နေသည်မှာလည်း နိုင်ငံတော်မှ ကွန်ဒိုဥပဒေပေါ်ခြင်းမရှိသေး ခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service