ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ - Property News in Myanmar from iMyanmarHouse.com
15 Jul 2025 11:29 am တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha သည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း dailymail သတင်းဌာနက ဖော်ပြပြီး ကွယ်လွန်ချိန်တွင် အသက် ၃၁ နှစ်သာ ရှိသေးသည်။

Kang Seo Ha သည် Heart Surgeons (၂၀၁၈) နှင့် Nobody Knows (၂၀၂၀) တို့ဖြင့် လူသိလာခဲ့ပြီး Through the waves (၂၀၁၈) တွင် အဓိက ဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။

Kang Seo Ha သည် ကိုရီးယားစံတော်ချိန် တနင်္လာနေ့ မနက်အစောပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်ရသည့် အကြောင်းရင်းမှာ ပြင်းထန်သော အဆင့် ၄ အစာအိမ်ကင်ဆာကြောင့် ဖြစ်သည်။

သူ၏ သူငယ်ချင်းများက အင်စတာဂရမ်တွင် ရေးသားဖော်ပြကြသည်မှာ Kang Seo Ha သည် ကျန်းမာရေး မကောင်းသည့်အချိန်များတွင်ပင် အခြားသူများကို ဂရုစိုက်ကူညီနေကြောင်း ပြောကြသည်။

“ခုထိ မယုံနိုင်သေးဘူး။ သူက ဒီလောက် ကြေကွဲနာကျင်စရာကြီး ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာတောင် ကိုယ်အပါအဝင် သူ့ဘေးနားကလူတွေကို စိတ်ပူနေတယ်” ဟု သူငယ်ချင်းတစ်ဦးက အင်စတာဂရမ်တွင် ရေးသားဖော်ပြသည်။

“နင်က လနဲ့ချီပြီး အစာကောင်းကောင်း မဝင်တော့ပေမယ့် ငါ့ရဲ့ စားသောက်ဖို့ကိစ္စကို နင့်ဘဏ်ကတ်နဲ့ ဝယ်ခိုင်းခဲ့တယ်။ တစ်နပ်စာတောင် မလွတ်စေခဲ့ဘူး။ ငါ့ နတ်သမီးလေးရေ…နင်ခွဲသွားတာ စောလွန်းတယ်ဟာ”

“ချစ် ညီမလေးရေ..ရောက်ရာဘုံဘဝမှာ ပျော်ရွှင်ပြီး နာကျင်စရာတွေ ကင်းဝေးပါစေလို့ မျှော်လင့်ပါတယ်”

(တောင်ကိုရီးယား ရုင်ရှင်မင်းသမီး Kang Seo Ha သည် အသက် ၃၁ နှစ်အရွယ်တွင် ကင်ဆာဖြင့် ကွယ်လွန်သွားသည်)

(ပြီးခဲ့သော ဇွန်လ ၁၃ ရက်က အသက် ၃၁ နှစ်ပြည့် မွေးနေ့ဖြစ်ရာ မွေးနေ့ကျော်လွန်ပြီး တစ်လအကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်)

Kang Seo Ha ၏ အင်စတာဂရမ် စာမျက်နှာတွင် လွမ်းဆွတ်အောက်မေ့ဖွယ် ပို့စ်တစ်ခု တင်လာရာ သူ၏ ဘဝဖြတ်သန်းမှုတွင် ပျော်ရွှင်ဖွယ် အခိုက်အတန့် ဓာတ်ပုံများ ဖော်ပြထားသည်။

ကမ္ဘာတဝန်းမှ ပရိသတ်များကလည်း ဝမ်းနည်းစကားပြောကြားကြပြီး ကျန်ရစ်သူမိသားစုကို အားပေးနှစ်သိမ့်နေကြသည်။

Syhc.k5 အမည်ရှိ အကောင့်က “ငြိမ်းချမ်းစွာ အနားယူပါတော့..။ ဟန်မြစ်ရဲ့ဘေးမှာ ထိုင်နေရင်း နင့်ကို တွေ့ခဲ့တဲ့နေ့ကို သတိရနေမိတယ်” ဟု ရေးသားဖော်ပြသည်။

“နင်က ကောင်းကင်ဘုံကို ရောက်သွားပြီဆိုရင်လည်း ငါ့ရဲ့မှတ်ဉာဏ်ထဲမှာ နင်က ထာဝရရှိနေမှာပါ”

ဇူလိုင် ၁၆ ရက်တွင် Catholic University Seoul St. Mary's ဆေးရုံတွင် ဈာပနအခမ်းအနားကျင်းပရန် စီစဉ်ထားပြီး South Gyeongsang ပြည်နယ်၊ Haman မြို့တွင် မြှုပ်နှံသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား သတင်းဌာနတစ်ခုဖြစ်သော Sports Khan ၏ ဖော်ပြချက်အရ Kang Seo-ha သည် မကြာသေးမီက ရုပ်ရှင်ရိုက်ကူးမှုများ ပြုလုပ်ခဲ့ပြီး In the Net တွင် ပါဝင်သရုပ်ဆောင်ရိုက်ကူးမှု ပြီးစီးထားသည်ဟု ဆိုသည်။

ထိုဇာတ်ကားကိုမူ Kang Seo-ha တစ်ယောက်ကြည့်ရှုခွင့် မရတော့ချေ။

(Kang Seo-ha သည် ပြင်းထန်သော အဆင့် ၄ အစာအိမ်ကင်ဆာဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်)

ကိုရီးယား အနုပညာတက္ကသိုလ်မှ ကျောင်းပြီးခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Brave Guys ဂီတဗွီဒီယိုဖြင့် သရုပ်ဆောင်လောကသို့ စတင်ခြေချခဲ့သည်။

ယင်းနောက် 'Schoolgirl Detectives', 'Assembly', Through the Waves' နှင့် 'Flowers of the Prison' တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ Kang Ye Won ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: South Korean K-drama star Kang Seo Ha dies aged 31 after cancer battle

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service