ဘီအိုတီ၊အိမ်ရာစီမံကိန်းများ၊အရောင်းအ၀ယ်၊အေးနေ

ဘီအိုတီ၊အိမ်ရာစီမံကိန်းများ၊အရောင်းအ၀ယ်၊အေးနေ - Property News in Myanmar from iMyanmarHouse.com
17 Jul 2015 9:52 am တွင် တင်ခဲ့သည်
1188 ကြိမ် ကြည့်ရှု့ပြီး
အစိုးရထံက ဘီအိုတီပုံစံဖြင့် မြေယာရယူပြီး အိမ်ရာနှင့် စီးပွားရေး လုပ်ငန်းသုံအဆောက်အအုံများတည်ဆောက်ကာ
ပြန်လည်ရောင်းချနေကြသည့် စီမံကိန်းများသည် ယခုအခါ သိသိသာသာအရောင်းအ၀ယ်အေးလာကြောင်း
ဈေးကွက်အတွင်း လုပ်ငန်းရှင်များက ပြောသည်။

ဘီအိုတီဟု အများခေါ်ကြသည့် တည်ဆောက်၊ လည်ပတ်၊
အပ်နှံ (Build Operate Transfer) စနစ်မှာ မြေကို အစိုးရထံကငှားယူပြီး စီမံကိန်းဆောက်ရွက်ကာ
သတ်မှတ်ကာလ ပြည့်ပါကမြေအပါအ၀င် စီမံကိန်းကိုပါ အစိုးရထံသို့ ပြန်လည်အပ်နှံရသည့်စနစ် ဖြစ်သည်။

ထိုကိစ္စကိုဝယ်သူများကယခင်ကအကျွမ်းတ၀င်မသိရှိခဲ့သော်လည်းယခု နောက်ပိုင်းတွင်ပိုမိုသိရှိလာကြရာအဆိုပါပုံစံဖြင့်ဆောက်သည့်အိမ်ရာများကိုကြိုက်နှစ်သက်မှုကျဆင်းသွားသဖြင့်ယခုကဲ့သို့အရောင်းအ၀ယ်အေးလာခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းအထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင် က ပြောသည်။

“နိုင်ငံခြားမှာတော့ နှစ် ၃၀ နေရမယ့်ကွန်ဒိုမီနီယံဈေး၊ နှစ် ၅၀ ဈေး၊ နှစ် ၇၀ ဈေးနှုန်းတွေကကွာခြားမှုရှိတယ်။
မြန်မာပြည်မှာကျတော့ သိပ်မကွာဘူး။ ဒီမှာက အိမ်တစ်လုံးဝယ်ရင်သားစဉ်မြေးဆက်ပိုင်တယ်လို့
ယူဆထားတာကြောင့် ဘိုးဘွားပိုင် မြေမှာဆောက်တာကို ပိုသဘောကျတာ လည်းပါတယ်”ဟု ၎င်းက ပြောသည်။

အိမ်ဝယ်လိုသူများဘီအိုတီစနစ်နားမလည်သည်ကို ဆောက်လုပ်ရေး ကုမ္ပဏီများကသေချာစွာရှင်းမပြဘဲ
ရောင်းချခဲ့မှုများ ရှိခဲ့သဖြင့် ယုံကြည်မှု ပျက်ပြားသွားခြင်းကလည်းဈေးကွက်ကို ထိခိုက်နေကြောင်း အိမ်ရာစီမံကိန်းများကိုဆောင်ရွက်နေသော ကုမ္ပဏီအုပ်စုကြီးဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးဇေသီဟက ပြောသည်။

“ကျွန်တော့်ရဲ့ Z Villas အိမ်ရာဆိုရင် ဒီအကျိုးသက်ရောက်မှုတွေ ၀င်နေတယ်” ဟု ၎င်းကပြောသည်။ထို့ပြင်ရွှေတိဂုံစေတီ အနီးဝန်းကျင်တွင် ဘီအိုတီစနစ်ဖြင့် ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသည့် အကြီးစားအိမ်ရာစီမံကိန်းကြီးလေးခုမှာလူထုကန့်ကွက်မှုကြောင့် မကြာသေးမီ ကရပ်တန့်သွားခဲ့ခြင်းကလည်း ၀ယ်သူများ၏ အမြင်ကိုသက်ရောက်မှုရှိသည်ဟု
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

“ဘီအိုတီနဲ့ နှစ် ၇၀ ရထားတယ်ဆိုပေ မယ့် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အစိုးရ အကြားကစာချုပ်က
ဘယ်သူ့ကိုမှပြကြတာ မဟုတ်ဘူးလေ”ဟု ၎င်းကပြောသည်။“ဘီအိုတီစနစ်ရဲ့သဘောသဘာဝအရ နှစ် ၇၀သို့၅၀ပြည့်သွားရင်မူလအစိုးရဌာနရဲ့သဘောအတိုင်း ဖြစ်သွားပြီ။

ဒါကြောင့် သူတို့ဆက်နေခိုင်းရင်လည်း နေရမှာပေါ့။
သိမ်းရင်လည်း သိမ်းသွားမှာပေါ့” ဟု ဦးရန်အောင်က ပြောသည်။ ဦးဇေသီဟကလည်း “ပြီးရင်ပြန်အပ်ရမယ်ဆိုတော့အမှန်အတိုင်းပြောရရင် ရောင်း လို့မရပါဘူး။ဒါကလုံးဝပြောဖို့မလိုတဲ့အကြောင်းအရာဖြစ်ပါတယ်။

တကယ်လို့ ရောင်းချင်တယ်ဆိုရင်တော့ နေထိုင်ခွင့်ကိုပဲ ရောင်းလို့ရပါတယ်။ ပိုင်ဆိုင်ခွင့်ကိုရောင်းလို့မရပါဘူး။
ဒါကိုလည်း မြန်မာစကားလုံးအရ ပိုင်ဆိုင်ခွင့်နဲ့ နေထိုင်ခွင့်ကို ကွဲကွဲပြားပြားမလုပ်တဲ့အတွက် မလိုလားအပ်တာတွေ
ဖြစ်လာတာပါ။

နေထိုင်အသုံးချခွင့်ဆိုတာကိုသေချာရှင်းပြပြီး ရောင်းချသင့်ပါတယ်”ဟု ပြောသည်။“ဘိုးဘွားပိုင်မြေတွေရဲ့တစ်ပေပတ်လည် ဈေးနှုန်းကို သုံးသိန်းလောက်နဲ့ ရောင်းတာကို ဘီအိုတီတွေကလည်းအဲဒီဈေးအတိုင်းလိုက်ရောင်းပြီး ပိုင်ဆိုင်ခွင့်နဲ့ မကွဲပြားအောင် လုပ်တော့ ၀ယ်သူတွေက ဒွိဟဖြစ်သွားတာတွေလည်းရှိပါတယ်။

အဲဒါကြောင့် ဘီအိုတီ ဈေးနှုန်းဟာ ဘိုးဘွားပိုင်တွေနဲ့ သီးခြားကွာဟမှု ရှိသင့်တယ်။ ဘီအိုတီဈေးနှုန်းကို
ဘိုးဘွားပိုင်ဈေးအောက်သိသိသာသာခွာရောင်းချသင့်တယ်” ဟုလည်း ၎င်းက ပြောသည်။

“၀ယ်သူကို မလိမ့်တပတ် မလုပ်သင့်ဘူး” ဟုလည်း ဦးဇေသီဟက ပြောသည်။ဒေါ်မို့မို့အောင်က ဘီအိုတီအိမ်ရာ စီမံကိန်းများအနေဖြင့် နေထိုင်ခွင့်ရရှိနိုင် သည့်ကာလအလိုက်ဈေးနှုန်းများကိုခွဲခြားသတ်မှတ်ပြီးရောင်းချသင့်ကြောင်း အကြံပြု ပြီး ၀ယ်သူများက အိမ်ရာဝယ်ယူခွင့်အတွက်ကြိုသွင်းငွေပေးစဉ်ကတည်းကပင်စာချုပ်ကို သေချာဖတ်ရှုပြီးမှ ငွေချေသင့်ကြောင်းပြောသည်။
“အရောင်းအ၀ယ် စာချုပ်မှာလည်း နှစ် ၆၀ သာ နေထိုင်ခွင့်ရှိပြီးပြန်လည်သက်တမ်း တိုးခွင့်မရှိဘူးဆိုတာကိုထင်ထင်ရှားရှားဖော်ပြရောင်းချမယ်ဆိုရင်ဘီအိုတီဟာလည်းအလားအလာပြန်ကောင်းလာမှာပါ။ အခုကတော့ လူထုက ဘီအိုတီဆိုရင် ယုံကြည်မှုပျက်သွားကြတော့ ဘီအိုတီလုပ်ငန်း
မှန်သမျှအပေါ်မှာသက်ရောက်မှု ဖြစ်သွားတဲ့သဘော ဖြစ်သွားပါတယ်”ဟု ဦးဇေသီဟက သုံးသပ်သည်။

ဦးစိုင်းခွန်နောင်ကလည်း ၀ယ်သူများ သည် မည်သည့်အိမ်ရာအမျိုးအစားကို ၀ယ်ယူသည်ဖြစ်စေကျွမ်းကျင်သူများနှင့်
တိုင်ပင်ပြီးမှသာ ၀ယ်ယူရန် သတိပေးသည်။ “နှစ်ကြိမ်လောက်တော့ တိုင်ပင်ပြီးမှ ၀ယ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်ရှိဗီယက်နမ်ကုမ္ပဏီက ဆောက်လုပ်နေသည့် မြန်မာစင်တာဟုအမည်ရသော စီမံကိန်းသည် တစ်စတုရန်းပေဈေးနှုန်းအသက်သာဆုံး ဖြစ်နေပြီး နေထိုင်အသုံးပြုခွင့် နှစ် ၅၀ နှင့် ထပ်ပေါင်းသက်တမ်းတိုး ၁၀ နှစ် နှစ်ကြိမ် ငှားရမ်းရရှိနိုင်သည်ဟု ကုမ္ပဏီက ပွင့်လင်းစွာ ပြောကြားထားပြီး ဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service