ပျုခေတ်၊ ပုဂံခေတ် ၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် တို့တွင် တည်ဆောက်ခဲ့သည့် ဘုရားစေတီ
များ၊ ပုထိုးတော်များ၊ ကျောင်းတော်ရာများ နှင့် အဆောက်အအုံ များသာမက ရန်ကုန်မြို့တော်အ
ပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ရှေးဟောင်း အဆောက်အအုံများ၊ သမိုင်းဝင် အဆောက်အအုံများ
မှာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်း ၊ ရာသီဥတု ဒဏ်၊ ငလျင်ဒဏ် နှင့် မသမာသူများ၏ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံးကာ ပျောက်ကွယ်ပျက်စီး မည့် အန္တရာယ်များ တစ်နေ့တစ်ခြား များပြားလျက် ရှိနေသဖြင့် ဥပဒေများ ပြဌာန်းကာ ထိန်းသိမ်းစောင့် ရှောက် ရန်လိုအပ်လျက် ရှိသည်။
ထိန်းသိမ်းတဲ့ အဆောက်အအုံတွေရှိသလို ပျက်စီးနေတဲ့ အဆောက်အအုံတွေလည်းတွေ့နေရ
တယ် ၊ အဆောက်အအုံတွေကို ဘယ်လို ထိန်းသိမ်းရမယ် ဆိုတဲ့ တိတိကျကျပြဌာန်းထားတဲ့ဥ
ပဒေ ကမရှိသေးဘူး ဖြစ်နေတယ် ”” ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောင့်ရေး
အဖွဲ့မှ အကြီးတန်းအရာရှိ မရွှေယင်းမာဦးကပြောသည်။
၁၉၉၁ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ လက်ထက်တွင် ထုတ်ပြန်ခဲ့သည့်
ရှေးဟောင်းအဆောက်အအုံများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေမှာလည်း သိရှိသူနည်းပါး
သည့် အပြင် တိုးတက်ပြောင်းလဲလာမှု အများဆုံး ဖြစ်ပေါ်လာသည့် မြန်မာအိမ်ခြံမြေ ဈေးကွက်
အခြေအနေ ကြောင့် မြို့လယ်ပိုင်းဒေသများတွင် ရှိနေသည့် ရှေ့ဟောင်းအဆောက်အအုံများ
၏ ရေရှည်တည်တံ့ခိုင်မြဲမှုမှာလည်း စိန်ခေါ်မှုများ အများအပြား ကြုံတွေ့နေရပြီဖြစ်သည်။
အင်တာနက် ၀ဘ်ဆိုဒ်စာ မျက်နှာများ၊ မီဒီယာများ ပေါ်တွင် တွေ့မြင်လာနေရသည့် ရွှေတိဂုံစေတီ
တော်ကြီးမှာလည်း ပုဂံခေတ်လွန် နောက်ပိုင်း ဟံသာဝတီ ခေတ်တွင် လက်ရှိအမြင့်သို့ မြုင့်တင်တည်
ထားခြင်း ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် ယနေ့ခေတ်ထိ တိုင်အောင် ခံ့ညားထည်ဝါမှုများ
ရှိနေဆဲ ဖြစ်သဖြင့် ဗိသုကာ လက်ရာ သမိုင်းကြောင်း နှင့် ဗုဒဘာသာ သမိုင်းတွင်လည်း ထင်ရှား
သည့် စေတီတစ်ဆူဖြစ်သည်။ ထူးခြားချက် အနေဖြင့် သရေခေတ္တရာ မြို့ဟောင်းနှင့် ပုဂံဘုရားစေ
တီများ၏ ပုံသဏ္ဍာန်နှင့် ကွဲပြားခြားနားစွာ တည်ထားမှု သည်လည်း ဗိသုကာ ပညာ၏ ဆင့်ပွားတိုး
တက်မှု အဖြစ်ရှုမြင်လာကြသည်၊ ထို့အပြင် ပျုခေတ်၊ ပုဂံခေတ် တို့တွင် တည်ဆောက်ခဲ့သည့် အဆောက်အအုံများ၏ ဗိသုကာ လက်ရာ များ၏အဆင့်အတန်းကို ကြည့်လျှင်လည်း မြင့်မားသည့် အနုပညာလက်ရာများကို တွေ့မြင်ခံစားနိုင်မည်ဖြစ်သလို မြင့်မားသည့် မြန်မာဗိသုကာ လက်ရာများကိုပါ လေ့လာနိုင်မည်ဖြစ်သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှု များ မှာ နိုင်ငံတကာနှင့်
ယှဉ်လျှင် နည်းပါးသည့် အတွက် ပျက်စီးယိုယွင်းမှုများ အများအပြား ဖြစ်ပေါ်လျက် ရှိနေသည်။
မြန်မာဗိသုကာ ပညာဖြင့် ခေတ်အဆက်ဆက်တွင် ဆောက်လုပ်ခဲ့သည့် ဘုရားစေတီများ၊ ပုထိုးတော်
ကြီးများသာမက ကိုလိုနီခေတ်ဦးတွင် အင်္ဂလိပ်အစိုးရမှ အုပ်ချုပ်မှု အဆင်ပြေစေရန်အ
တွက် ရန်ကုန်မြို့တော်ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး အုပ်ချုပ်ေ၇း ဆိုင်ရာ အဆောက်အအုံများ
တည်ဆောက်ခဲ့သဖြင့် နိုင်ငံခြားပုံစံ ဗိသုကာ လက်ရာများကို အတွင်းဝန်ရုံး ( ၀န်ကြီးများရုံး )၊ ဆက်
သွယ်ရေး ရုံးနှင့် အကောက်ခွန်ရုံးများ အပြင် အစိုးရဌာန ဆိုင်ရာ အသီးသီး အတွက် ရုံးများကိုလည်း
အင်္ဂလိပ် ဗိသုကာ ပုံစံများ အတိုင်းပြောင်းလဲ ဆောက်လုပ်လာခဲ့သဖြင့် ကိုလိုနီခေတ် လက်ရာ အ
ဆောက်အအုံများလည်း ရန်ကုန်မြို့တော်တွင် အများအပြား ပေါ်ထွတ်လာခဲ့သည်။
“ ရှေ့ဟောင်း အဆောက်အအုံ အများအပြားကတော့ မြို့လည်ပိုင်းမှာရှိပါတယ်၊ အခုအဒီအဆောက်
အအုံတွေကို တပ်ပေးနေတဲ့ ကမ္မည်းပြားတွေမှာ အဆောက်အအုံနာမည်၊ ဘယ်လိုအသုံးပြုခဲ့သလဲ၊
နောက်ပိုင်းမှာ ဘာတွေဖြစ်သွားသလဲ၊ ဆောက်လုပ်ခဲ့တဲ့ ခုနှစ်တွေကိုပါ အကြမ်းဖျင်း မြန်မာအင်္ဂ
လိပ် နှစ်ဘာနဲ့ ဖော်ပြထားပါတယ် ” ၄င်းကဆိုသည်။
ဗိသုကာ လက်ရာ အများအပြားဖြင့် တည်ဆောက်ထားသော်လည်း ပျက်စီးယိုယွင်းမှုများ အများအ
ပြားဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ အနော်ရထာလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်အောင်ကျော်လမ်း နှင့် မဟာ
ဗန္ဒုလ လမ်းမကြီးပေါ်ရှိ အတွင်းဝန်ရုံး ( ၀န်ကြီးများရုံးကို ) ကိုလိုနီခေတ် အေဒီ ၁၈၈၉ မှ ၁၈၉၂ ခုနှစ်
တွင် တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ဆောက်လုပ်ခဲ့ခြင်း မရှိဖူးသေးသည့် ပုံစံ
တစ်ခုဖြစ်သည့် အင်္ဂလိပ် အက္ခရာ U ပုံသဏ္ဍာန် ပနှက်ချကာ တောင်အရပ် ဘက်သို့ မျက်နှာမူ
ဆောက်လုပ်ထားပြီး အဆောက်အအုံများ၏ အလယ်တွင် ပန်းခြံများ၊ မြေကွက်လပ်များကို ထည့်သွင်း
တည်ဆောက်လာသည့် ပုံသဏ္ဍာန် ကြောင့် လေ၀င်လေထွတ် ကောင်းမွန်ကာ အေးမြခြောက်သွေ့
စေသည့် ဗိသုကာ ပုံသဏ္ဍာန်များဖြင့် တည်ဆောက်ခဲ့ကြသော်လည်း ၂၀၀၆ ခုနှစ်တွင် အစိုးရရုံးများ
နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့သည့် နောက်ပိုင်း ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းကာ အချို့
သော အဆောက်အအုံငယ်များ ပြိုကျပျက်စီးမှုများရှိလာသလို၊ အတွင်းပိုင်း အပျက်အစီးများလည်း
ရှိလာခဲ့သည်။
အင်္ဂလိပ်အစိုးရ လက်ထက်တွင် အင်္ဂလိပ်တို့ တင်သွင်းလာသည့် U ပုံသဏ္ဍာန် ပနှက်များဖြင့် ဆောက်
လုပ်ခဲ့ကြသည့် အချိန်တွင် မြန်မာဗိသုကာ ပညာရပ်များ ခေတ္တခဏ တိမ်ကော ပျောက်ကွယ်လုနီးပါး
ဖြစ်ခဲ့သော်လည်း ဒုတိယ ကမ္ဘာ စစ်အပြီး မြန်မာလွတ်လပ်ရေး အတွက် ပြည်သူတစ်ရပ်လုံးမှ အား
ကြိုးမာန်တက် ဆောင်ရွက် နေသည့် အချိန်မှ စတင်ကာ မြန်မာဗိသုကာ လက်ရာများဖြင့် တည်
ဆောက်မှုများ ပြန်လည်ပေါ်ထွတ်လာခဲ့ပြီး မြန်မာမှု လက်ရာ လွှမ်းခြုံနေသည့် ရန်ကုန်မြို့တော်ခန်းမ
နှင့် ရန်ကုန်ဘူတာကြီး ( ယခင်ကွမ်းခြံဘူတာ) ကို မြန်မာဗိသုကာ လက်ရာ အဆင့်အတန်းများဖြင့်
ထည်ထည်ဝါ၀ါ တည်ဆောက်နိုင်ခဲ့ကြသည်။
အေဒီ ၁၉၂၆ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တော်ခန်းမကြီး ကို တည်ဆောက်နိုင်ရန် အတွက် အင်္ဂလိပ်
ဗိသုကာ ပညာရှင်များ တင်ပြလာသည့် ပနှက်ပုံစံများ ၊ ဟန်ပန်များမှာ မြန်မာအမျိုးသား ဟန်မပါဝင်ဘဲ
အနောက်တိုင်း ဟန်များ သာ ပါဝင်နေသည့် မြို့သူမြို့သားများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး
မြန်မာဗိသုကာ ဟန်ပန်များ ဖြင့် အဆောက်အအုံကို ထည်ထည် ၀ါဝါ တည်ဆောက်ရန် အုပ်ချုပ်သူ
အင်္ဂလိပ်အစိုးရကို ပြည်သူများမှ တင်ပြတောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် မြန်မာဗိသုကာ ပညာရှင် စည်သူ ဦးတင်သည့် မြန်မာဗိသုကာ လက်ရာ အပြောက်အမွမ်း
လက်ရာများ၊ ဘုံပြသာဒ် ဆောက်လုပ်သည့် နည်းစနစ်များကို လေ့လာသုံးသပ်ခဲ့ပြီး ယခုလက်ရှိရန်
ကုန်မြို့တော်ခန်းမ ပုံစံကို ရေးဆွဲပေးခဲ့သည့် အတွက် ယ.ခုတိုင်အောင် ရန်ကုန်မြို့၏ ထင်ရှားသည့်
ရှေ့ဟောင်း အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအ၀င် ဖြစ်ခဲ့သလို နိုင်ငံတကာ မှလာရောက်
လည်ပတ်သူများ၏ ငေးမော အားကျဖွယ် မြန်မာဗိသုကာ လက်ရာများကိုလည်း ပြသနိုင်သည့်အ
ဆောက်အဦးလည်း ဖြစ်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်အတွင်းအကြီးစား ပြန်လည်ပြင်ဆင်မွမ်းမံမှုများကို
လည်း ပြုလုပ်နိုင်ခဲ့သည့် အဆောက်အအုံတစ်ခုလည်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက်အအုံ
ပေါင်း ၁၈၉ လုံးရှိသည့် အပြင် ယင်းစာရင်းတွင်မပါဝင်သည့် သမိုင်းဝင်အဆောက်အအုံများတွင်ပါ
အပြာရောင် ကမ္မည်းပြားများကို တပ်ဆင်သွားမည်ဖြစ်သည်။
'' ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းပညာက
အရမ်းမြင့်ပါတယ်၊ အင်္ဂလန်တို့ အမေရိကန် နိုင်ငံမှာဆို အစိုးရက ထိန်းသိမ်းတာ ရှိသလို ပုဂ္ဂလိ
ကလုပ်ငန်းရှင်းတွေကလည်း ရှေးမှုမပျက် ထိန်းသိမ်းတာ တွေရှိပါတယ်၊ အဒီအဆောက်အအုံ
တွေကို ပြတိုက်လုပ်ပြီး ရတဲ့ ငွေကြေးတွေနဲ့ ထိန်းတာလည်း ရှိပါတယ် ””ဟု မြန်မာနိုင်ငံအင်
ဂျင်နီယာ အသင်းမှ ဒုတိယ ဥက္ကဌ ဦးအောင်မြင့် ကပြောသည်။
၁၉၇၄ နောက်ပိုင်း ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ဒီဇိုင်းအများစုမှာ စွမ်းအင်သုံးစွဲမှု များပြား
သည့် အခြေအနေများကြောင့် အဆောက်အအုံများ၏ အပူဒဏ် ခံနိုင်ရန်ထက် အဆောက်အတွင်း
ရှိ ရနိုင်သမျှသော စွမ်းအားများကို အသုံးချသည့် ပုံစံများ ဖြင့် ပြောင်းလဲတည်ဆောက်လာခဲ့သလို
ယခင်ခေတ်အဆက်ဆက် တွင် ဆောက်လုပ်ခဲ့သည့် ထုထည်ကြီးမားသည့် ပုံသဏ္ဍာန်များအစား
ကျစ်လစ် သိပ်သည်းတောင့်တင်းခိုင်မာသည့် ဒီဇိုင်များဖြင့် ပြောင်းလဲဆောက်လုပ်ခဲ့သည်။
မြန်မာဗိသုကာ လောကတွင် ထင်ရှားသည့် အချိုးအကွှေု တစ်ခုမှာလည်း ၁၉၇၄ ခုနှစ်မှ စတင်ကာ
ရန်ကုန်စက်မှု တက္ကသိုလ် ကြီးမှ မွေးဖွားပေးလိုက်သည့် ဗိသုကာ ပညာလိုက်စားသူများ ကျောင်း
သားကျောင်းသူများမှ အဆောက်အအုံ ဒီဇိုင်းများကို ရေးဆွဲရာတွင် ခေတ်ဟောင်း တည်ဆောက်ပုံ
စနစ်များ အစား ခေတ်သစ် ဗိသုကာ လက်ရာများသို့ ပြောင်းလဲ သည့် လမ်းကြောင်းတစ်ခုကိုပြတ်
ပြတ်သားသား ရွေးချယ်ခဲ့ကြသည်။
““ နိုင်ငံတကာစံဘက်ကို ကူးလာခဲ့သလို၊ ရာသီဥတု ၊ စတိုင် ၊ နေထိုင်မှုတွေကလည်း အမျိုးမျိုးရှိလာ
တယ် ၊ အနောက်နိုင်ငံတွေ မှာရှိတဲ့ အဆောက်အအုံတွေနဲ့ အရှေ့တိုင်းက အဆောက်အအုံတွေရဲ့
တည်ဆောက်မှု ကလည်း မတူညီကြပါဘူး၊ အခုနောက်ပိုင်းဗိသုကာ ပညာရှင်တွေကလည်း နားလည်
သဘောပေါက်လာတဲ့ အတွက်ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းတွေဆွဲပြီး ဆောက်လုပ်လာကြတယ် ””
ဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်အသင်းမှ ဒုတိယ ဥက္ကဌ ဦးအောင်မြင့် က သုံးသပ်သည်။
ယခုအခါ အဆောက်အအုံများ ကို လွတ်လပ်သည့် ပုံသဏ္ဍာန်များ ဖြင့် ပြောင်းလဲတည်ဆောက်လာ
ကြသလို ၊ ရန်ကုန်မြို့တော်တွင်လည်း မြေနေရာရှားပါးလာသဖြင့် ရရှိထားသည့် မြေနေရာများကို
အပြည့်အ၀ အသုံးချနိုင်သည့် အထပ်မြင့် အဆောက်အအုံများ ကို ဒီဇိုင်းအမျိုးမျိုးရေးဆွဲကာ
ဆောက်လုပ်မှု များပြားလာခဲ့သလို ၊ ကျပ်တည်းလှသည့် မြို့ပြနေ ပြည်သူများ အတွက် အဆင်ပြေ
နိုင်မည့် လေ၀င်လေထွတ်စနစ်များ၊ သဘာဝပတ်ဝန်းကျင် ကိုထိခိုက်မှု နည်းပါးပြီး ပြည့်ဖြိုးမြဲစွမ်းအင်
များ ကိုအသုံးချနိုင်သည့် အဆောက်အအုံပုံစံများ အထိ ဒီဇိုင်းရေးဆွဲကာ ဆောက်လုပ်လာခဲ့ကြသ
ဖြင့် ခေတ်အဆက်ဆက်တွင် အဆောက်အအုံ တည်ဆောက်မှု ဆိုင်ရာ ပုံသဏ္ဍာန်များ တိုးတက်
လာခဲ့ကြသည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com