ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း အငှားအိမ်ရာ စီမံကိန်းအတွက် ငှားရမ်းမည့်နှုန်းထားများ ညှိနှိုင်းနေ

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း အငှားအိမ်ရာ စီမံကိန်းအတွက် ငှားရမ်းမည့်နှုန်းထားများ ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
30 Jun 2015 10:48 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၌ နေထိုင်သည့် အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်း၌ အခန်းပေါင်း ၂၀၀၀ ခန့် ပါဝင်မည်ဖြစ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါအိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ် ဘီလျံ ၂၀ ထောက်ပံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံး အကောင်အထည်ဖော်မည့် အငှားအိမ်ရာ စီမံကိန်းဖြစ်ကြောင်း သိရသည်။

“၄၈ ခန်းတွဲပါဝင်တဲ့ တိုက်ပေါင်း အလုံး ၄၀ လောက်ဆောက်မှာပါ။ အခန်းအနေနဲ့ကတော့ ၂၀၀၀ ၀န်းကျင်လောက် ရှိမယ်။ အဓိက အိမ်မ၀ယ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအိမ်ရာစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီများကို ဆောက်လုပ်ခွင့်ပေးရန် တင်ဒါစတင် ခေါ်ယူထားပြီး အိမ်ရာအား ငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည် ဆိုသည်ကို ညှိနှိုင်းနေကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် တစ်လတစ်ခါ အိမ်ငှားခပေးသွင်းသည့် စနစ်ဖြင့် ငှားရမ်းနေထိုင်ခွင့် ပေးသွားမည်ဟု သိရသည်။

ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် လက်ရှိကျူးကျော်အိမ်ခြေ အနည်းငယ်ရှိနေပြီး ၎င်းတို့ကို ရှင်းလင်းသွားမည်ဟု သိရသည်။

“ဒီနေရာက အိမ်ရာစီမံကိန်းဖော်ဆောင်မယ့် နေရာလို့တော့ ပြောတယ်။ အစ်ကိုတို့က ဒီမှာနေတာ ၁၅ နှစ်ကျော်နေပါပြီ။ အခုထိတော့ ဒီနေရာကဖယ်ဖို့ မပြောသေးဘူး။ ဒါပေမဲ့ စာရင်းတော့ ကောက်ခိုင်းထားတယ်။ နေစရာ မရှိတဲ့အတွက် ဖယ်ခိုင်းရင်တော့ အစ်ကိုတို့ကို အခြားမှာ နေရာလေးပြန်ပေးပါလို့ သက်ဆိုင်ရာကို ပြောချင်ပါတယ်” ဟု အဆိုပါနေရာတွင် ကျူးကျော်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့သို့ အခြေအနေ အမျိုးမျိုးကြောင့် နယ်မှ ပြောင်းရွှေ့အခြေချ နေထိုင်သူဦးရေ မြင့်တက်လာပြီး အိမ်ရာဈေးနှုန်းများ မြင့်တက်မှုကြောင့် အိမ်ရာပိုင်ဆိုင်ရန် များစွာအလှမ်းဝေးနေကြောင်း၊ ထို့ပြင် အခြေခံပြည်သူများအတွက် ရည်ရွယ်သည့် တန်ဖိုးနည်းအိမ်ရာများမှာ ဈေးနှုန်းကြီးမြင့်နေသည့်အတွက် မ၀ယ်နိုင်ကြသေးဘဲ အငှားအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service