သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်တော်သာ တန်ဖိုးနည်းအိမ် ရာစီမံကိန်းကို ခြောက်လအတွင်း ပြန်လည်တည်ဆောက်ပေးမည်ဟု Father Land ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်က လသာတရားရုံးဒုတိယမြောက်ရုံးချိန်းတွင် ကတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဦးကျော်မြင့်က ပြည်တော် သာအိမ်ရာကို စီစဉ်ထားသည့်အ တိုင်း ခြောက်လအတွင်း ဆောက် ပေးမည်ဖြစ်ပြီး မပြီးစီးပါက နစ်နာသူများ ပေးသွင်းထားသည့် ငွေကျပ် သိန်းတစ်သောင်းကျော် ပေးဆပ်သွားမည်ဟုပြောသည်။
ပြည်တော်သာ တန်ဖိုးနည်း အိမ်ရာကို Father Land ကုမ္ပဏီ က ၂၀၁၂၀န်းကျင်တွင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခဲ့ပြီး အဆောက်အအုံ တည်ဆောက်မှုမရှိဘဲ လိမ်လည်ခဲ့ခြင်းအတွက် နစ်နာသူ၃၅ဦးခန့်က တောင်းခံခဲ့သည်။
‘‘ကျွန်တော်လည်း အထဲ ရောက်နေတာဆိုတော့ အခက်အ ခဲတွေအများကြီးရှိပြီး ဘယ်သူနဲ့မှ လည်းတွေ့လို့မရပါဘူး။ ကျွန် တော့်ကြောင့်ဖြစ်ရတဲ့ကိစ္စတွေကို ကျွန်တော် အသက်မသေမချင်း ကျွန်တော်ပေးဆပ်သွားမှာ’’ဟု ဦးကျော်မြင့်ကပြောသည်။
စီမံကိန်းတည်ဆောက်ပေး မည်ဟု ကတိပေးခဲ့သော်လည်း မည်သည့်ဆောက်လုပ်ရေးကို လွှဲ အပ်မည်၊ မည်သို့ဆောက်လုပ် မည်ကို တိတိကျကျပြောထားခြင်း မရှိဘဲ သြဂုတ်အထိ ထပ်မံစောင့်ကြည့်ရမည်ဟု ငွေကြေးနစ်နာသူမနွယ်နီကပြောသည်။
‘‘ပြီးခဲ့တဲ့လက ဦးကျော်မြင့် ရဲ့ ရှေ့နေက ဒီအိမ်ရာကို ဆက် ဆောက်ပေးမယ့်သူတစ်ဦးနဲ့ လွှဲ ပေးခဲ့ပြီး ဘာမှဆက်မပြောတော့ ဘူး။ အခုက နောက်တစ်ဦးလို့ လည်းပြောတယ်။ အခုထိ ဘယ် သူဘယ်ဝါမှန်း မသိသေးဘူး’’ဟု မနွယ်နီကပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းပြဿနာနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် တင်သွင်းမည်ဟုသိရသည်။ Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် လိမ်လည်မှုပုဒ်မ ၄၂၀၊ စာချုပ်စာတမ်းအတုပြုလုပ်မှုပုဒ်မ-၄၆၈ စွဲချက်များဖြင့် အမှုပေါင်း ငါးရာကျော် စွဲဆိုခံထားရသည်။
Credit: 7 Days Daily