ငွေကြေးအခက်အခဲကြောင့် ကန်ထရိုက်တာများ အခန်းအပေါင်ထားပြီး လုပ်ငန်းလည်ပတ်နေရဟုဆို

ငွေကြေးအခက်အခဲကြောင့် ကန်ထရိုက်တာများ အခန်းအပေါင်ထားပြီး လုပ်ငန်းလည်ပတ်နေရဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Mar 2015 9:34 am တွင် တင်ခဲ့သည်
3479 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ် ငန်းများတွင် ငွေလည်ပတ်ရန် ခက်ခဲလာသဖြင့် ကန်ထရိုက်တာ များက ဆောက်လုပ်ပြီးသား အ ခန်းများကို အပေါင်ထားပြီး လုပ်ငန်း လည်ပတ်နေရကြောင်း သတင်းရရှိသည်။

‘‘စာချုပ်ချုပ်ထားပြီးသား မြေကွက်ကို ဆက်မဆောက်နိုင် တော့လို့ ဆောက်ပြီးသား အခန်း တွေကိုလိုက်ပြီး အပေါင်ထားနေ ရတယ်။ အခန်းတွေကို အပေါင်ခံ နေတဲ့သူတွေလည်း ရှိနေပြီ’’ဟု စမ်းချောင်းမြို့နယ်မှ လိုင်စင်ရ ကန်ထရိုက်တာတစ်ဦးက ပြော ကြားသည်။

ကြိုပွိုင့်ဖြင့် မရောင်းချနိုင် တော့သည့် တိုက်ခန်းများကို ကန် ထရိုက်တာများက ပေါင်နှံနေရ ခြင်းဖြစ်ပြီး ရေရှည်တွင် အတိုး နှုန်းကြီးမြင့်ခြင်း၊ တိုက်ခန်းပြန် မရွေးနိုင်ခြင်းများ ဖြစ်ပေါ်လာပါ က ကန်ထရိုက်တာများအတွက် အခက်ခဲဆုံးအချိန်နှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။

တိုက်ခန်းများ ၀ယ်ယူရောင်း ချခြင်းကို အခွန်စည်းကြပ်မည်ဆို ခြင်း၊ ကွန်ဒိုဈေးကွက် ပူဖောင်း ပေါက်မည်ဟု သတင်းများ ထွက် ပေါ်နေခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းငယ်များ ငွေမလည်ပတ် မှုတို့ကြောင့် ရန်ကုန်မြို့၏ တိုက် ခန်းများ အရောင်းအ၀ယ် အေး စက်နေသည်ဟု ကြယ်စင်မြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရှင်က ပြောသည်။

‘‘ရေရှည်မှာ ကန်ထရိုက် တွေဆက်ပြီး မရပ်တည်နိုင်ရင် ထွက်ပြေးတဲ့ အခြေအနေတွေ တောင် ဖြစ်လာနိုင်တယ်။ ကန်ထ ရိုက်လောကအတွက်တော့ စိုးရိမ် စရာပဲ’’ ဟု မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း မှ ဗဟိုအလုပ်အမှုဆောင်တစ်ဦး က သုံးသပ်သည်။

ရပ်ကွက်အတွင်း တည် ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းငယ်လေးများမှာ တိုက် ခန်းကို ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူသူများ၏ ငွေပေးသွင်းမှုများမှ အများဆုံးရရှိသည့်ငွေကို အသုံးပြုပြီး လုပ်ငန်း လည်ပတ်သော ကြောင့် အဓိကအခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေခြင်း ကို နိုင်ငံတကာတွင် ဆောက်လုပ် ရေးနှင့် ပတ်သက်သည့် ဘဏ်တစ်ခုခုက ၀င်ရောက်ထိန်းသိမ်းခြင်း၊ လုပ်ငန်းဆက်လက် လည်ပတ်ရန် ငွေချေးခြင်းများ ပြုလုပ်ပေးလေ့ ရှိပြီး မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အခြေအနေမျိုး မလုပ်ပေးနိုင်ပါ က ရေရှည်တွင် ကန်ထရိုက်တာ အငယ်များ ပြိုလဲနိုင်သည်ဟု စီး ပွားရေးပညာရှင် ဦးလှမောင်က သတိပေး ပြောကြားသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ၁၉၉၇ သည် ဆောက်လုပ်ရေးများ အားကောင်းခဲ့သည့် နှစ်ဖြစ်ခဲ့သည်။

လက်ရှိ အစိုးရလက်ထက် ၂၀၁၄ သည် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့်အများဆုံးရရှိသည့် နှစ်တစ် နှစ် ဖြစ်ခဲ့ပြီး ယခု ၂၀၁၅ တွင်မူ ဆောက်လုပ်ရေး လုပ်ငန်းများ အားကောင်းလာမှုကြောင့် ဈေး ကွက်တွင် ၀ယ်လိုအားနှင့် ရောင်း လိုအား မမျှတသည့် ပြဿနာ ဖြစ်လာနိုင်ကြောင်း စင်ကာပူအ ခြေစိုက် VDB Loi အတိုင်ပင်ခံ ကုမ္ပဏီက မြန်မာ အစိုးရအား တိုက်တွန်းပြောကြားထားသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service