ရန်ကုန်မြို့ပြကို ထိခိုက်စေနိုင်သည့် အဆောက်အအုံများနှင့် စီမံကိန်းများဆောက်လုပ် ခွင့်ပြုနေခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် မေးခွန်းထုတ်

ရန်ကုန်မြို့ပြကို ထိခိုက်စေနိုင်သည့် အဆောက်အအုံများနှင့် စီမံကိန်းများဆောက်လုပ် ခွင့်ပြုနေခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် မေးခွန်းထုတ် - Property News in Myanmar from iMyanmarHouse.com
25 Feb 2015 9:33 am တွင် တင်ခဲ့သည်
1316 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် မြို့အတွင်း မြို့ပြလူနေမှုနှင့် ယဉ်ကျေး မှုကို ထိခိုက်စေနိုင်သည့်အဆောက် အအုံများနှင့်ဆောက်လုပ်ရေးစီမံ ကိန်းများ ဆောက်လုပ်ခွင့်ပြုနေခြင်း အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်အ တွင်း မေးခွန်းထုတ်ခဲ့ပြီး အဆောက် အအုံများ ဆောက်လုပ်ခွင့်ပေးနေ သည့်နည်းဥပဒေများသည် လက်ရှိ ခေတ်နှင့်မကိုက်ညီတော့ဟု ပြောဆို လိုက်သည်။
ဖေဖော်ဝါရီ ၁ဝရက်တွင်ကျင်း ပသည့်ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ရန်ကုန်မြို့၏လက်ရှိ အဆောက်အအုံဆောက်လုပ်သည့် ပုံစံများနှင့် စီမံကိန်းများအပေါ် လွှတ် တော်အတွင်း ယင်းကဲ့သို့မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

”ယနေ့စီးပွားရေးမြို့တော်အ ဖြစ်တည်ရှိနေတဲ့ ရန်ကုန်မြို့ကြီးဟာ ပြည်တွင်း ခန့်မှန်းချက်အရ လူဦး ရေခြောက်သန်းကျော်ပါတယ်။ အီကိုနောမစ် စာစောင်ရဲ့ရေးသားချက် အရဆိုရင် ၇ ဒသမ ၄သန်းကျော် ထိလူဦးရေ များပြားနေပါတယ်။ လူ ဦးရေသိပ်သည်းဆ ဘယ်လောက်ထိများပြားသလဲ ဆိုရင် အချို့မြို့နယ် တွေမှာ မြေတစ်ဟက်တာကို လူဦးရေတစ်ထောင်ကျော် ရှိနေပါတယ်။ဟောင်ကောင်လိုနေရာမျိုးမှာတောင် လူဦးရေ ၆၀ဝလောက် ပဲရှိပါတယ်။အဲဒီလိုရှိနေတာတောင် မြို့ပြအင်္ဂါ ရပ်နဲ့မကိုက်ညီတဲ့ အဆောက် အအုံ များဆောက်နေပါတယ်။ ယဉ်ကျေး မှုထိန်းသိမ်းရမယ့် ရွှေတိဂုံစေတီတော် အပါအဝင်သမိုင်းဝင်နေရာများကို ထိခိုက်နိုင်တဲ့ ဆောက် လုပ်ရေးလုပ် ငန်းများကလဲ အများအပြားဖြစ်နေ ပါတယ်။ အကျိုးဆက်ကတော့ အား လုံးသိတဲ့အတိုင်းပဲ လမ်းတွေရေလျှံ တယ်။ ကားရပ်ဖို့နေရာမရှိဘူး၊ မီး လောင်ရင်ပြေးလမ်းမရှိတော့ဘူး၊ အဲဒီ အပြင် ကျန်းမာရေးတွေထိခိုက် ပြီး တော့ လူနေမှုအဆင့်အတန်းတွေ ထိပါးနေပါတယ်”ဟု ဦးသိန်းညွန့် ကပြောသည်။

ယင်းကဲ့သို့ဖြစ်စဉ်များကြောင့် လက်ရှိရန်ကုန်မြို့ပြလူနေမှုကို အန္တရာယ်ဖြစ်စေပြီး မြို့ပြသာယာရေး၊ ဖွံ့ ဖြိုးရေးကို ခြိမ်းခြောက်လာသည့် ရန်ကုန်မြို့၏ အရေးကြီးနေရာများ ၌ ဆောက်လုပ်နေသည့် စီမံကိန်းများ နှင့် လူနေအဆောက်အအုံများပြည့် ကျပ်နေပြီး မြေလွတ်မကျန်သည့် ဆောက် လုပ်ရေးစီမံကိန်းများ၊ အရည် အသွေးမမီသော ဆောက်လုပ်ရေး စီမံကိန်းများကို လတ်တလော ဆိုင်းငံ့ ထားရန် အစီအစဉ်ရှိမရှိ ရန်ကုန်မြို့ အား မြို့ပြဖွံ့ဖြိုးမှုစနစ်တကျ ဖြစ်စေ ပြီး ရေရှည်တည်တံ့သော မြို့ပြစီမံ ခန့်ခွဲမှုအတွက် ပညာရှင်များပါဝင် သော ကောင်စီတစ်ရပ်ဖွဲ့စည်းပြီး စီမံ ကိန်းများကို အသေအချာပြန်လည် စိစစ်မည့် ထိန်းချုပ်ကွပ်ကဲခြင်းကို အမြန် ဆောင်ရွက်ရန်အစီအစဉ်ရှိ မရှိ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအ တွက် ရေရှည်စနစ်တကျ ထိန်းချုပ် မည့် စည်းမျဉ်းများ တိတိကျကျခိုင် ခိုင်မာမာရေးဆွဲပြဋ္ဌာန်းနိုင်ရန်နှင့်မြေ အသုံးချမှု၊ အဆောက်အအုံအမြင့် ကန့်သတ်မှုဇုန်များ၊ အစီအမံများအ တည်ပြုပြဋ္ဌာန်းရန် အစီအစဉ်ရှိမရှိ ကို လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့သည်။

ထိုသို့မေးခွန်းထုတ်ပြောဆိုမှု အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ကိုယ်စားသမ္မတရုံးဝန်ကြီးဌာန (၄)မှ ဒုတိယဝန်ကြီးဦးအောင်သိမ်း က”ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအနေဖြင့် အရည် အသွေးမပြည့်မီသော အဆောက် အအုံများကို စိစစ်တွေ့ရှိပါက လုပ်ငန်း ရပ်ဆိုင်းစေပြီးဖြိုဖျက်၍ ပြင်ဆင်စေခြင်း၊
ပြုပြင်ခြင်းများလိုအပ်သလို
ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ရန်ကုန် မြို့တော်မြေအသုံးချမှုဇုန်ခွဲခြားသတ် မှတ်မှုနှင့်အဆောက်အအုံအမြင့်ကန့် သတ်သည့်အစီအမံများကို အတည် ပြုပြဋ္ဌာန်းရန်စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြန်လည်ပြောကြား သည်။

ယင်းသို့သက်ဆိုင်ရာ အစိုးရအ ဖွဲ့၏ဖြေကြားချက်အပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က”အဓိကပြဿနာရဲ့အချုပ် ကတော့ ရန်ကုန်မြို့ရဲ့ လက်ရှိအ ဆောက်အအုံတွေကို ဆောက်လုပ် ခွင့်ပေးနေတဲ့နည်းဥပဒေတွေဟာ လက်ရှိမြို့ပြအဆောက်အအုံနဲ့မြို့ ပြလူနေမှု ဝန်းကျင်ပုံစံနဲ့မကိုက်ညီ တော့ပါဘူး။ ဒါကြောင့် ပြည်ထောင် စုအစိုးရနဲ့တိုင်းဒေသကြီးအစိုးရ ကနေ မြို့ပြအစီအမံများ ထိန်းချုပ်မှုကို ပညာရှင်များပါဝင်တဲ့ကောင်စီ ဖွဲ့စည်းပြီး ဘယ်အချိန်မှာ အကောင် အထည်ဖော်နိုင်မှာလဲဆိုတာ သိ ချင်ပါတယ်”ဟု ထပ်ဆင့်မေးခွန်းထုတ် ခဲ့သော်လည်း ဒုတိယဝန်ကြီးဦး အောင်သိမ်းက သက်ဆိုင်ရာတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံပြန်လည် တင်ပြပြီး နောင်တစ်ချိန်တွင် ပြန် လည်ဖြေကြားပေးမည်ဟု လွှတ် တော်အတွင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ မြို့နယ် အသီးသီးတွင် အဆောက်အအုံ များ ဆောက်လုပ်ရာတွင် မြို့တော်စည်ပင် ၏ခွင့်ပြုချက်မရှိဘဲဆောက်လုပ် သည့်အဆောက်အအုံများ၊ သတ် မှတ်အဆောက်အအုံအမြင့်ထက် ပို မိုတိုးမြှင့်ဆောက်လုပ်ခြင်းအပြင် အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်စည်းကမ်းများကို မလိုက် နာမှုများမှာ များစွာဖြစ်ပေါ်နေ ကြောင်း သိရသည်။

Credit: Democracytoday‬

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service