တန်ဖိုးနှုန်း ကြီးမြင့်ခြင်း၊ သွားလာရေး ခက်ခဲခြင်း များကြောင့် အိမ်ဝယ်သူ များသည် ကျောက်တံတား၊ လသာ အစရှိသော မြို့တွင်းထက် တန်ဖိုးနှုန်း သင့်တင့်သော၊ သွားလာရေး လွယ်ကူသော မြို့စွန် မြို့နယ်များ တွင်သာ ရွေးချယ် ၀ယ်ယူလျက် ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များ ထံမှ သိရသည်။
မြေကွက်ကတော့ ၀ယ်တဲ့သူ ရှားတယ်။ အိမ်ပဲ ၀ယ်ကြ တော့တယ်။ မြို့စွန်တွေ မှာတောင် ၀ယ်တဲ့သူများ လာတော့ အိမ်ဈေးတွေက သိန်း (၄၀၀)၊ (၅၀၀) လောက်သုံး နိုင်မှ မိသားစု နေနိုင်တဲ့ အိမ်တစ်လုံး ကောင်းကောင်း ရတာ။ မြို့ထဲဘက် ကတော့ ၀ယ်တဲ့သူ သိပ်မရှိသေးဘူး။ ငှားတဲ့ သူတွေတော့ ရှိတယ် ဟု တောင်ဥက္ကလာပ မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်နီလာက ပြောသည်။
လတ်တလောတွင် တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ စသော မြို့စွန်မြို့နယ် များတွင် အိမ်ဝယ်ရန် စိတ်ဝင်စားမှု များပြားလျက် ရှိကြောင်း၊ ဆိုင်ဖွင့်လှစ်ရန် အတွက် လမ်းမကြီးပေါ်ရှိ ဈေးနှုန်း အသင့် အတင့် ရှိသော မြေညီထပ် တိုက်ခန်း ငှားရမ်းမှု များလည်း များပြားကြောင်း အိမ်ခြံမြေ အကျိုးဆောင် ဒေါ်နီလာက ဆက်လက် ပြောသည်။
အိမ်ဝယ်ရတာ မလွယ်ဘူး။ အိမ်ကြိုက် ပြန်တော့ ဈေးကကြီးတယ်။ ဈေးနှုန်းသင့်တာ ကျတော့ အိမ်က မကောင်းဘူး။ လက်ထဲမှာ သိန်း (၅၀၀) လောက်ရှိမှ အဆင်ပြေမှာ အိမ်ဝယ်ဖို့ကို တစ်လလောက်ရှာ ပြီးမှဘဲ သိန်း (၃၈၀) နဲ့ အဆင်ပြေသွားတာ ဟု ရန်ကင်း မြို့နယ်နေ ဦးနိုင်လင်းက ပြောသည်။ ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ၂၀၁၄ ခုနှစ် အစပိုင်းမှ စတင်ကာ ဈေးနှုန်းကြီး မြင့်မှုကြောင့် အေးခဲ့သော်လည်း ယခုအခါ အရောင်းအ၀ယ်ပြန် ဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။
Credit: messenger