မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ကို ထိုင်ဝမ်ကုမ္ပဏီ တစ်ခုက နိုင်ငံတကာအဆင့်မီမြို့ကြီး တည်ဆောက်ရန် လေ့လာနေ

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ကို ထိုင်ဝမ်ကုမ္ပဏီ တစ်ခုက နိုင်ငံတကာအဆင့်မီမြို့ကြီး တည်ဆောက်ရန် လေ့လာနေ - Property News in Myanmar from iMyanmarHouse.com
18 Feb 2015 9:04 am တွင် တင်ခဲ့သည်
1717 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ တောင်ပိုင်းရှိ မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ကို ထိုင်ဝမ်ကုမ္ပဏီ တစ်ခုမှ နိုင်ငံတကာအဆင့်မီ မြို့အဖြစ် တည်ဆောက်ရန် လာရောက်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ မြန်မာတိုင်းရင်းသားဝန်ကြီး ဦးသက်ဝင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ချောင်းဆုံမြို့နယ်ကို ဈေးဝယ်စင်တာ၊ လူနေတိုက်ခန်းများ၊ အိမ်ရာများ၊ အဆင့်မြင့်ကားလမ်း၊ စက်မှုဇုန်၊ ဆေးရုံနှင့် ဆိပ်ကမ်းများကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီမွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို အဆင့်မီမြို့ကြီး ဖြစ်လာအောင် တည်ဆောက်ဖို့ ထိုင်ဝမ်က ကမ်းလှမ်းထားပါတယ်။ အခုက ကွင်းဆင်းလေ့လာဆဲ အဆင့်ပဲ ရှိသေးတော့ အကျိုးအမြတ် ခွဲဝေမှုကို မဆွေးနွေးရသေးပါဘူး။ ကွင်းဆင်းလေ့လာပြီးလို့ ဆုံးဖြတ်ပြီးမှ အစိုးရကို တင်ပြသွားပါမယ်။ မြေယာပိုင်ဆိုင်မှု ပြဿနာလေးတွေလည်း ရှိလာနိုင်ပါတယ်။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ဆိပ်ကမ်းအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းသွားမှာပါ” ဟု ဦးသက်ဝင်းက ပြောကြားသည်။

ဘီလူးကျွန်းသည် အနံ ၁၅ မိုင်ခန့်၊ အလျား ၁၈ မိုင်ခန့်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၄ ဒသမ ၀၉၈ မိုင်ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေတွင် တည်ရှိသည်။

“ဘယ်တော့ အကောင်အထည်ဖော်ဖြစ်မလဲ ဆိုတာတော့ အတိအကျ သူတို့ဘက်က မပြောသေးပါဘူး။ အကောင်အထည်ပေါ်သွားရင် ဒေသခံတွေအတွက်လည်း ကောင်းပါတယ်။ စက်မှုဇုန်တွေလည်း တိုးလာမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တည်ဆောက်ရန် ကမ်းလှမ်းထားသည့် ထိုင်ဝမ်ကုမ္ပဏီ၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

“ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘူး ဆိုရင်တော့ ကျေနပ်ကြတာ များပါတယ်။ အခုဆို မော်လမြိုင်နဲ့ ဘီလူးကျွန်းကို ဆက်သွယ်မယ့် တံတားလည်း ဆောက်နေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာရင်တော့ တစ်ဖက်နိုင်ငံတွေမှာ သွားလုပ်နေကြတဲ့ သူတွေအတွက် လုပ်ခလစာတွေ ချိန်ထိုးကြည့်ပြီး မကွာဘူးဆို ပြန်လာကြမှာပါ။ လူနေမှုတွေ တိုးတက်လာတော့ ရှိရင်းစွဲ မွန်ဓလေ့၊ ယဉ်ကျေးမှုတွေ ပျောက်ကွယ်မှာကို နည်းနည်းစိုးရိမ်တာတော့ ရှိတာပေါ့” ဟု မွန်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ လူငယ်အများစုမှာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခအနေအထားများကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားစသည့် နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service