တရားမဝင်စီးဝင်ငွေကြေးများ ထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် ရင်းနှီးမြှုပ်နှံသည့် ပုံသဏ္ဌာန် ကွဲပြားသည့်အတွက် မြန်မာ့အိမ်ခြံမြေ ပူဖောင်းပေါက်မည့်အခြေအနေ ဖြစ်နိုင်ဖွယ် မရှိ

တရားမဝင်စီးဝင်ငွေကြေးများ ထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် ရင်းနှီးမြှုပ်နှံသည့် ပုံသဏ္ဌာန် ကွဲပြားသည့်အတွက် မြန်မာ့အိမ်ခြံမြေ ပူဖောင်းပေါက်မည့်အခြေအနေ ဖြစ်နိုင်ဖွယ် မရှိ - Property News in Myanmar from iMyanmarHouse.com
16 Feb 2015 9:13 am တွင် တင်ခဲ့သည်
1620 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အရောင်းအဝယ် အေးနေသော်လည်း ဈေးကွက် လိုအပ်ချက်နှင့် အခြားနိုင်ငံများနှင့် တူညီမှုမရှိသည့် ကွဲပြားသော ရင်းနှီး မြှုပ်နှံမှု ပုံသဏ္ဌာန်၊ ဈေးကွက် အတွင်း စီးဝင်နေသည့် တရားမဝင် ငွေကြေးများကို ထိန်းချုပ်ရန် ခက်ခဲ သည့် အခြေအနေကြောင့် မြန်မာ့ အိမ်ခြံမြေ ပူဖောင်းပေါက်ရန် အကြောင်းမရှိဟု စီးပွားရေးပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

''ဈေးကွက်ထဲမှာက အရောင်း အဝယ်လုပ်ရင် ချက်လက်မှတ် တောင် သုံးတာနည်းပြီး ယုံကြည်မှု ပျောက်နေကြတယ်။ မြေကွက်တွေ၊ အိမ်တွေကို အမြဲတမ်း ဘယ်ဝယ်နိုင် ကြမလဲ။ တရားမဝင် ငွေကြေးလွှဲ ပြောင်းတာကို စစ်မယ်ဆိုတာ ပြော တာသာ လွယ်တယ်။ သိပ်သဘာဝ မကျသလို ရှောင်တဲ့ နည်းတွေက လည်း အများကြီးရှိတယ်။ တရား မဝင်ငွေတွေ စီးဆင်းတာကို ထိန်း မယ်ဆိုရင် တရားမဝင်လုပ်ငန်းတွေ ကို အရင်ထိန်းမှ ဖြစ်မယ်။ အပြင် ရောက်နေတဲ့ လမ်းကြောင်းကနေ ရတဲ့ ဝင်ငွေတွေကို formal လမ်း ကြောင်းပေါ်ရောက်အောင် ဆွဲတင် ဖို့ လိုသေးတယ်''ဟု မြန်မာစီးပွား ရေးအသင်း ဥက္ကဋ္ဌ စီးပွားရေးပညာ ရှင် (ဦး)ခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံများရှိ အိမ်ခြံမြေဈေးကွက်များ ပြိုလဲရ သည့် အဓိကအကြောင်းရင်းများ ဖြစ်သည့် ဘဏ်များမှ ငွေချေးယူကာ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အများအပြား ရင်းနှီးမြှုပ်နှံထားကြခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေးပြဿနာကြောင့် ဈေးကွက်အတွင်းဝယ်ယူမှု ကျဆင်း ချိန်တွင် ဘဏ်များမှ ချေးယူထား သည့် ငွေများအတွက် သတ်မှတ်ချိန်အမီ ကြွေးမြီပြန်မဆပ်နိုင်သည့် ပြဿနာတို့ကြောင့် အိမ်ခြံမြေများကို လျှော့ဈေးများဖြင့် ရောင်းချရခြင်း၊ ဘဏ်များသို့ ကြွေးဆုံးများဖြင့် အပ်နှံ ရသည့် ဖြစ်ရပ်များ၊ ဘဏ်များပြိုလဲ သည့် ဖြစ်ရပ်များကို အိမ်ခြံမြေ ပူဖောင်းပေါက်ခြင်းဟု စီးပွားရေး ပညာရှင်များက တင်စားခေါ်ဝေါ်ကြ သည်။

မြန်မာနိုင်ငံတွင်မူ မိမိတို့၏ ကိုယ် ပိုင်ငွေကြေးများဖြင့် ဝယ်ယူခြင်း၊ ဆောက်လုပ်သည့် အလေ့အထ များကြောင့် ယင်းကဲ့သို့ဖြစ်နိုင်ရန် အကြောင်း မရှိသည့် အပြင် ဈေးကွက် အတွင်းတရားမဝင်ဝင်ရောက်လာ နေသည့် ငွေကြေးများကို ထိန်းချုပ် ရန် ခက်ခဲခြင်း၊ ရှောင်လွှဲနိုင်သည့် လမ်းကြောင်း အမျိုးမျိုးရှိနေသည့် အတွက် အခြားနိုင်ငံများကဲ့သို့ ဈေး ကွက်အတွင်း အဝယ်အေးသွားကာ ငွေပြတ်လပ်ပြီး အိမ်ခြံမြေ ပူဖောင်း ပေါက်သည့် ဖြစ်ရပ်များ၊ ဘဏ်များ ပြိုလဲကာစီးပွားရေးကျဆင်းသည့် ဖြစ်ရပ်များ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် ရန် ခက်ခဲသည်ဟု စီးပွားရေးကျွမ်း ကျင်သူများထံမှ သိရသည်။

''အိမ်ခြံမြေဈေးကွက် ပြိုလဲလိမ့် မယ်လို့ ဆရာတော့ မယုံဘူး။ ဈေး တန့်ချိန်တန်ပေမယ့် ကျရိပ်တော့ အခုထက်အထိ မမြင်သေးဘူး။ ပြည် တွင်းမှာရှိတဲ့ real estate လုပ်ငန်း တွေအများစုက ဘယ်သူ့ရဲ့ ချေးငွေ တွေနဲ့မှ လုပ်ထားတာ မဟုတ်ဘူး။ ဗိုက်နာတဲ့လူက ငွေလိုလို့ မြေတစ် ကွက်၊ နှစ်ကွက်ကို ဈေးချရောင်းတာ နဲ့ ဈေးကွက်ပျက်ပြီလို့ ပြောလို့မရ သလို ပြည်တွင်းစီးပွားရေးက ထပ်ပြီး တိုးတက်ဖို့ ရှိတဲ့အပြင် ရင်းနှီး မြှုပ်နှံမှုကလည်း ပြန်ဆုတ်သွားဖို့ အကြောင်းမရှိဘူး။ အခုဈေးကွက် အေးနေတာက ဝယ်လိုအားနဲ့ ရောင်း လိုအား သဘောတရားကြောင့် အရောင်းများနေတာဖြစ်လို့ ဈေးငြိမ် နေတဲ့ သဘောပါ''ဟု ၎င်းက ပြော သည်။

ပြည်ပမှ ပြည်တွင်းအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် အခြေအနေများအား စောင့်ကြည့်နေ သည့် ယခုအချိန်တွင်ပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းများ ပြီးလျှင် ဒုတိယအဆင့်တွင် ရပ်တည်နေကာ စင်ကာပူနှင့် ဟောင်ကောင်တို့မှ အများအပြား ရင်းနှီးမြှုပ်နှံနေကြ သည့်အပြင် အခြားနိုင်ငံများဖြစ်သော ကိုရီးယား၊ ဂျပန်၊ တရုတ်စသည့် နိုင်ငံများကလည်း အိမ်ခြံမြေဈေး ကွက်တွင် ရင်းနှီးမြှုပ်နှံရန် မေးမြန်း စုံစမ်းမှုများ ရှိနေသောကြောင့် အလားအလာကောင်းများ ရှိနေ သည့်အတွက် အိမ်ခြံမြေဈေးကွက် ပြိုလဲရန်မှာ ဖြစ်နိုင်ခြေ မရှိဟု ပြည် တွင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

''လှည့်ပတ်နေတဲ့ ငွေကြေးတွေ က အိမ်ခြံမြေတို့၊ လယ်တို့ထဲကို ဝင်ပြီး မြေကြီးထဲ ဝင်သွားသလို ဖြစ်နေတယ်။ လယ်တွေ တော်တော် များများက လယ်သမားလက်ထဲ မရှိ တော့ဘူး။ စီးပွားရေးမကောင်းတော့ ငွေတွေက တုံ့နှေးကုန်ပြီး လူတွေက မြတ်တဲ့ အလုပ်တွေကို စုပြုံပြီးလိုက် လုပ်နေရတယ်။ အခု အဲဒီပေါ်ပင် အလုပ်တွေတောင် ပြဿနာတွေ တက်နေလို့ လူတွေ ဘာလုပ်ရမလဲမသိဘူးဖြစ်နေတယ်။ ငွေဖောင်းပွမှု တွေရှိတော့ ဘဏ်တွေထဲလည်း ငွေ က သိပ်မစီးတော့ဘူး။ ဒါ တိုင်းပြည် စီးပွားရေး မတည်ငြိမ်မှုကို ပြတဲ့ ပြယုဂ်တစ်ခုပဲ။ အခု လစာ တိုးတယ်ဆိုတာကလည်း အစိုးရက ဈေးကွက်ထဲကို ငွေထည့်ပေးတဲ့ သဘောပါပဲ။ ငွေဖောင်းပွမှုကို ကြောက်ပြီး ဆွဲချလိုက်ရင် ပြဿနာ တွေအများကြီး တက်နိုင်တယ်'' ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

စီးပွားရေး တုံ့နှေးနေသည့် အချိန်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ စီးပွား ရေးပြန်လည်နှိုးဆွမှု အစီအစဉ်တစ် ရပ်အဖြစ် စီမံကိန်းသစ်များ လုပ် ကိုင်၍ အစိုးရက ငွေထုတ်ပေး သော အစီအစဉ်များဖြင့် ဆောင် ရွက်သည့် အစဉ်အလာများရှိနေပြီး မြန်မာနိုင်ငံတွင်မူ ငွေကြေးဖောင်းပွမှု ရှိနေသော်လည်း မကြာမီအသစ် တိုးမြှင့်တော့မည့် လစာနှုန်းထားသစ်များကြောင့် ဈေးကွက်အတွင်း ငွေကြေးစီးဆင်းမှု ပြန်လည်သွက် လက်လာနိုင်သည့် အခြေအနေများ ကြောင့် အိမ်ခြံမြေဈေးကွက်ပြိုလဲရန် ခက်ခဲသည်ဟု စီးပွားရေးလုပ်ငန်းရှင် များနှင့် အိမ်ခြံမြေအရေး လေ့လာ သူများက သုံးသပ်လျက်ရှိသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service