ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က
ရန်ကုန်မြို့စည်ပင်သာယာ နယ်နိ မိတ်အတွင်း ဆောက်လုပ်ခွင့် ပါမစ်မရှိပဲ ဆောက်လုပ်သည့်
အဆောက်အအုံများနှင့် လိုင်စင်မဲ့ ကန်ထရိုက်လုပ်ငန်းရှင်များ များပြား လာခြင်းကြောင့် အရေးယူ
ဆောင်ရွက်မှုများ ကို ၂၀၁၄ ခုနှစ်အတွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄
ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကိုးလကြာကာလ အတွင်း တရားစွဲဆိုခဲ့သည့် အဆောက်
အအုံပေါင်း ၃,၇၈၀ လုံးရှိခဲ့ပြီး စုစုပေါင်းဒဏ်ငွေ ကျပ် သန်း ၂,၀၀၀ ကျော်ခန့် ဒဏ်ရိုက်ကာ အရေး
ယူခဲ့ကြောင်း အဆိုပါဌာနမှူး ဦးသန်းဌေး ကပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း လိုင်စင်မဲ့ကန်ထရိုက် များနှင့် အဆောက်အအုံများမှာ ပိုမိုများပြား လာခဲ့ခြင်း
ကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာ အဆောက်အအုံဌာနက ထိရောက်စွာ အရေးယူဆောင်
ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။
"ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ လိုင်စင် မဲ့အဆောက်အအုံတော်တော်များများက မရမ်းကုန်း၊
သင်္ဃန်းကျွန်း၊ အင်းစိန်၊ ကမာရွတ် နဲ့ လှိုင်မြို့နယ်တွေမှာ အများဆုံးဆောက် ကြတာပါ" ဟု
၎င်းကပြောသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း အရေးယူ ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ကန်ထရိုက် လုပ်ငန်းရှင်
များမှာ တရားရုံးတွင် ဒဏ်ငွေပေး ဆောင်ကာ တရားမ၀င် ဆောက်လုပ်မှုများ ကို ဆက်လက်လုပ်
ဆာင်ခဲ့သည့် အတွက် အဆောက်အအုံဌာနက ဆောက်လုပ်ဆဲ အဆောက်အအုံများကို ဖျက်သိမ်း
သည်အထိ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း တရားဝင် ကြေညာခဲ့ရာ
၂၀၁၄ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလထိ ပြန်လည်ဖျက်သိမ်းခဲ့သည့် အဆောက်
အအုံပေါင်း ၄၅ လုံးခန့်ရှိကြောင်း ဦးသန်းဌေးက ပြောသည်။
ယင်းကဲ့သို့ လိုင်စင်မဲ့ တရားမ၀င်အဆောက် အအုံများကို ပြန်လည်ဖျက်သိမ်းရာတွင် နှစ်လွှာခန့်
အထိသာ ဆောက်လုပ်ပြီးစီးပြီးဖြစ်သည့် အဆောက်အအုံများကိုသာ ဖျက်သိမ်းခြင်းဖြစ်ကြောင်း
၎င်းကပြောသည်။ လိုင်စင်မဲ့ ကန်ထရိုက်လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်သည့်အခါတွင်
ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူဆောင်ရွက်နိုင်ပြီး အမှုတွဲတစ်ခုလျှင် ထောင်ဒဏ် တစ်နှစ်
အထိ ချမှတ်နိုင်သည်။ ဒဏ်ငွေတပ်ရိုက်ကာ အရေးယူပါက အနည်းဆုံး ကျပ် ၁၀,၀၀၀ မှ ၅၀,၀၀၀
ထိ သတ်မှတ်နိုင်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လိုင်စင်မဲ့ အဆောက်အအုံများ နှင့် ကန်ထရိုက်
လုပ်ငန်းရှင်များ လျော့နည်း လာစေရန် ယခုကဲ့သို့ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများတွင်
အိမ်ပိုင်ရှင်၊ မြေပိုင်ရှင် များကိုလည်း အမှုထုတ်ဖော်မှုများတွင် သက်သေပါဝင်စေကာ ဖြစ်ရပ်အမှန်
ကို ဖော်ထုတ် အရေးယူခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူများကပြောသည်။
ယခုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများ ကို ထိရောက်စွာအရေးယူလျက်ရှိသော်လည်း ရန်ကုန်မြို့
၏ ဆင်ခြေဖုံးမြို့နယ်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုဆောက်လုပ်မှုများ
ရှိလာခဲ့ပြီး ယင်း ဆောက်လုပ် ရေးလုပ်ငန်းများတွင် ပါဝင် ပတ်သက်လျက်ရှိသော မြေနှင့် အိမ်ပိုင်ရှင်
များသည် သတ်မှတ်ထားသည့် စည်းကမ်းချက် များကို ရှင်းလင်းစွာ သိရှိနားလည်ထားရန် မှာလည်း
အရေးပါသည့်အချက် ဖြစ်သည်။
Credit: mmtimes