အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်သည့် စံပယ်အိမ်ရာစီမံကိန်းကို ဆားလင်းကြီးမြို့နယ်မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေးတွင် တည်ဆောက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
စံပယ်အိမ်ရာစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် Two WhiteDragons Co.,Ltd & Rosewood Capital Co.,Ltd တို့ ပူးပေါင်း၍ အကောင်အထည်ဖော် တည် ဆောက်သွားမည်ဖြစ်ပြီး ၁၂ ခန်း တွဲ ငါးထပ်အဆောက်အအုံ ၁၆ လုံး၊ မြေညီထပ် ဆိုင်ခန်းပါ အဆောက်အအုံ ရှစ်လုံး စုစုပေါင်းအိမ်ရာအခန်းပေါင်း ၁,၃၆၀ ပါဝင်မည်ဖြစ်သည်။
‘‘စံပယ်အိမ်ရာစီမံကိန်းက ဒေသခံပြည်သူတွေ လူနေမှုအ ဆင့်အတန်း ပိုမိုမြှင့်တင်နိုင်ဖို့ အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ တည်ဆောက်တာဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနဲ့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေး အထောက်အကူဖြစ်စေမည့် စီမံ ကိန်းတစ်ခုလည်းဖြစ်ပါတယ်။ လူဦးရေ တိုးတက်မှုနဲ့ နေထိုင်မှု ကိစ္စအ၀၀ အဆင်ပြေစေဖို့၊ လူနေ မှုဘ၀တွေ တိုးတက်ကောင်းမွန် စေဖို့ ဒီစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်တာဖြစ် ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
စံပယ်အိမ်ရာ ရောင်းချမှု ကို လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူသူများအတွက် ၂ ရာခိုင်နှုန်း လျှော့ဈေး၊ အရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများအတွက် လက်ငင်း ၄၀ ရာ ခိုင်နှုန်း၊ ပေးချေပြီး ခြောက် လအကြာ ၂၀ ရာခိုင်နှုန်း၊ နောက် ထပ် ခြောက်လအကြာ ၂၀ ရာ ခိုင်နှုန်း၊ နောက်ထပ်ခြောက်လ အကြာတွင် ၂၀ ရာခိုင်နှုန်းအား ဘဏ်အတိုးနှုန်းဖြင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးသို့ လျှောက် လွှာတင်၍ ၀ယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
Credit: 7 day daily