FMI က ပထမဆုံး တည်ဆောက်မည့် Kris PLAZA ကွန်ဒိုစီမံကိန်း ယခုနှစ်ဆန်းစတင်မည်

FMI က ပထမဆုံး တည်ဆောက်မည့် Kris PLAZA ကွန်ဒိုစီမံကိန်း ယခုနှစ်ဆန်းစတင်မည် - Property News in Myanmar from iMyanmarHouse.com
12 Feb 2015 10:54 am တွင် တင်ခဲ့သည်
2590 ကြိမ် ကြည့်ရှု့ပြီး
FMI က ပထမဆုံးအကြိမ် ရန်ကုန်မြို့ပြင်ပတွင် အကောင် အထည်ဖော်မည့် အိမ်ရာစီမံကိန်း ဖြစ်သော အဆင့်မြင့်ကွန်ဒိုမီနီယံ Kris PLAZA ကို နေပြည်တော်၌ ယခုနှစ်ဆန်းတွင် စတင်တည် ဆောက်မည်ဖြစ်ကြောင်း FMI ကုမ္ပဏီမှ သတင်းရရှိသည်။

Kris PLAZA တည်ဆောက် ခြင်းကို FMI က တစ်ဦးတည်း တည်ဆောက်မည် မဟုတ်ဘဲ Lighting Specialist ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းတည်ဆောက် ရန် လက်မှတ်ရေးထိုးထားပြီးဖြစ် သည်။

Kris PLAZA ကို နေပြည် တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ် သပြေကုန်းရပ်ကွက် အထူးမြေကွက်အမှတ် (ZS- 008) မြေအကျယ် ၁ ဒသမ ၂၅ ဧကတွင် တည်ဆောက်မည်ဖြစ်ပြီး Tower နှစ်ခု၊ အထပ် ၁၀ ထပ် ပါဝင်ပြီး တိုက်ခန်း ၁၁၄ ခန်း၊ ကားရပ် နားရန် မြေအောက်ခန်း၊ ရေကူးကန်၊ Retail Plaza နှင့် Regional ရိုးမဘဏ်ရုံးတို့လည်း ပါဝင်မည် ဖြစ်သည်။

ယင်းအဆောက်အအုံသည် အစိုးရ အဆောက်အအုံများနှင့် ၀န်ကြီးဌာနများ၊ ဆေးရုံသုံးရုံ၊ကျောက်စိမ်းပြတိုက်၊ ဂေါက် ကွင်း၊ ဟိုတယ်နယ်မြေနှင့် သပြေကုန်းဈေးတို့နှင့် နီးကပ်စွာ တည်ရှိ သည်။

‘‘အိမ်ရာမြေကဏ္ဍဟာ FMI အတွက် အလွန်အရေးပါပြီး နေ ပြည်တော်ရှိ Kris PLAZA က လည်း ကျွန်တော်တို့အတွက် အရေးပါ အရာရောက်ပါတယ်။ Krislite နဲ့ LSC တို့ ပူးပေါင်းဆောင်ရွက်နေတာ နှစ် ၂၀ ကြာခဲ့ပြီး အခုလို Partner လုပ်ခဲ့တာကို ၀မ်းသာဂုဏ်ယူမိပါတယ်’’ဟု FMI ၏ Chief Operating Officer ဦးလင်းမြိုင်ကပြောသည်။

အကျိုးတူ ပူးပေါင်းမှုတွင် ဒီဇိုင်းပိုင်းအတွက် ကျွမ်းကျင် သော စင်ကာပူနိုင်ငံမှ ID Archi-tects နှင့် ပြည်တွင်း Edgewise Architects တို့ပါဝင်ပြီး ဆောက် လုပ်ရေး ပိုင်းတွင် CTMCC-HTE ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်သည်။ ယင်းပလာဇာနှင့် ပတ်သက်၍ အတိုင်ပင်ခံ အဖွဲ့အစည်းများမှာ Civil and Structural Firm Aurecon၊ MEP Consultant၊ Quantity Surveyor ဖြစ်သည့် Structon တို့ဖြစ်သည်။

Lighting Soloutions Pro-vider ဖြစ်သည့် Lighting Specialist Co.,Ltd (LSC) ကလည်း မြန်မာနိုင်ငံ စီးပွားရေးဈေးကွက်တွင် တိုးချဲ့လာသည်။

၎င်း၏ စီမံကိန်းများတွင် ကမ်းနားလမ်းပေါ်ရှိ အထပ် ၂၀ ပါဝင်သော ဟိုတယ်နှင့် ရုံးစီမံကိန်းဖြစ်သည့် CCPT နှင့် ပြည်လမ်းပေါ်ရှိ ရှစ်ထပ်ပါ HQ Building တို့ ပါဝင်သည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service