ရန်ကုန်-ဒလ တံတားစီမံကိန်းပြန်လည်စတင်မည်

ရန်ကုန်-ဒလ တံတားစီမံကိန်းပြန်လည်စတင်မည် - Property News in Myanmar from iMyanmarHouse.com
11 Feb 2015 9:57 am တွင် တင်ခဲ့သည်
2114 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်ကို နှစ် (၃၀) နှစ်ရှည် စီမံကိန်းရေးဆွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးမြို့တော်ဖြစ်သည့်ရန်ကုန်နှင့် မြစ်တစ်ခုသာခြားသည့်
ဒလမြို့ကိုလည်း ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ရန်ကုန်-ဒလတံတားစီမံကိန်းကို ရန်ကုန်မြစ်ကိုဖြတ်ပြီး တည်ဆောက်သွားမည်ဟု သိရပါသည်။

၎င်းစီမံကိန်းကို ၂၀၁၁ ခုနှစ်အတွင်းက ကိုးရီးယားနိုင်ငံမှ လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်ကတည်းက တည်ဆောက်ရန် စီမံချက်ရှိခဲ့သော်လည်း ကိုးရီးယားနိုင်ငံမှ ချေးငွေအလုံအလောက် မချထားပေးခြင်းနှင့် ဒလမြို့ရှိမြေဈေးများ တစ်ရှိန်ထိုးမြင့်တက်သွားခြင်းတို့ကြောင့် ၂၀၁၄ ခုနှစ် နှစ်လည်ခန့်တွင် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါသည်။ ယခုအခါတွင် မြန်မာ ကိုးရီးယားနှစ်နိုင်ငံ သဘောတူညီချက်ရရှိပြီး ကိုးရီးယား နိုင်ငံက ချေးငွေချထားပေးပြီး ဖြစ်ခြင်းကြောင့် ၎င်းစီမံကိန်းကို ပြန်လည်စတင်မည်ဟု သိရပါသည်။ ၎င်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၆၈)သန်း ကုန်ကျမည်ဖြစ်ပြီး ကိုးရီးယားအစိုးရက (၁၃၈)သန်းချေးငွေ ချထားပေးမည်ဖြစ်ကာ ကိုးရီးယား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ EDCF က သန်း (၃၀)ကိုကူညီပေးမည် ဖြစ်ပါသည်။ ရန်ကုန်-ဒလမြစ်ကူးတံတားတွင် (၂.၉)ကီလိုမီတာ (၁)မိုင်ကျော်ရှိမည်ဖြစ်ပြီး ဆူးလေဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင်လမ်းတို့နှင့် ဆက်သွယ်မည်ဖြစ်သည်ဟု သိရပါသည်။

စီမံကိန်းကာလတွင် (၅)နှစ်ကြာမြင့်မည်ဖြစ်ပြီး ပြည်တွင်းက လုပ်သားတွေအနေနှင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ပါသည်။

နေ့စဉ် ရန်ကုန်မြစ်ကိုဖြတ်ပြီး ရေကြောင်းခရီး သွားလာနေသူ ဦးရေ (၃)သောင်းခန့် ရှိခြင်းကြောင့် ၎င်းတံတားပြီးစီးသွားပါက ၎င်းလူတွေ၏ ရေကြောင်းအန္တရာယ်လည်း
လျော့နည်းသွားမည် ဖြစ်ကြောင်း သိရပါသည်။

ဒလမြို့နေပြည်သူတွေအနေနှင့်လည်း စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးစသည့် အခွင့်အလမ်းများစွာ တိုးတက်လာနိုင်ဟု ဒေသခံများက ပြောကြောင်း သိရပါသည်။

Credit: MRTV

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service