သင့်ရဲ့နေအိမ်အနီးနားဖြတ်သွားဖြတ်လာလူတွေကို ဆွဲဆောင်နိုင် တဲ့ အိမ်တစ်လုံးဖြစ်ဖို့ ကြီးကျယ်ခမ်းနားတဲ့ အဆောင်အယောင် ပစ္စည်းတွေ၊ တစ်ကျွန်းစာနေရာကျယ်တွေ၊ အုတ်တံတိုင်းအမြင့်ကြီး တွေ၊ ခမ်းနားလှပတဲ့ပန်းခြံကျယ်တွေ၊ ရေတံခွန်တွေမလိုပါဘူး။
လုံလောက်တဲ့ မြေနေရာအကျယ်အဝန်း၊ သဟဇာတဖြစ်စေမယ့် ပတ်ဝန်းကျင်၊ ဒီဇိုင်းပြင်ဆင်မှု သပ်သပ်ခပ်ခပ်ရှိဖို့ နောက် အလွယ် ကူဆုံးအနေနဲ့ ဆေးရောင်လှလှပပလေးတွေကိုထူးခြားတဲ့ အရောင် စပ်ပုံဖော်သုတ်ခြယ်ပေးလိုက်ရုံနဲ့ တင်ဖြတ်သွားတဲ့သူတိုင်းကို မ လှည့်ကြည့်မိရင်မနေနိုင်လောက်လည်ပြန်လှည့် ကြည့်မိသွားစေ မှာပါ။
ဒီ့အတွက် သင့်ရဲ့အိမ်လေးကိုပုံဖော်ဖို့ ကမ္ဘာတစ်ဝန်းက အရောင် စပ်အလှခြယ်ပေးထားတဲ့ ထူးထူးခြားခြားအိမ်လေးတွေကို ကောက် နုတ်ဖော်ပြပေးလိုက်ပါတယ်။
၁။ နှစ်ထပ်တိုက် လုံးချင်းအိမ်ငယ်လေးကို ကျားသစ်ကွက် ဆေး ရောင်ခြယ်သပေးထားတာပါ။ တစ်အိမ်စာလုံးရဲ့ နံရံ မျက်နှာကျက် အမိုး၊ ပြတင်းတံခါး အစရှိတဲ့ အစိတ်အပိုင်းတွေမှာ အဝါရောင်၊ အ ညိုရောင်၊ နို့နှစ်ရောင် တို့ကိုစပ်ပေးထားတာက နွေးထွေးတဲ့ ခံစားမှု ကိုပေးပါတယ်။
၂။ မာရိုကိုနိုင်ငံ အနောက်မြောက်ပိုင်းမြို့တော် ချက်ဖ်ချာအွန်တစ် မြို့လုံးကို မိုးသားတိမ်တိုက် အပြာရောင်နဲ့ ဖုံးလွှမ်းခြယ်သထားပါ တယ်။ ရိုးရာဓလေ့ထုံးတမ်းအရ အပြာရောင်က ကံကောင်းစေတာ ကြောင့်ပါပဲ။ တောင်စောင်းလျှိုမြောင်မြို့တော်မှာရှိတဲ့ အိမ်တိုင်းရဲ့ တည်ဆောက်မှုပုံစံ ခပ်ဆင်ဆင်ဖြစ်ပြီး နေအိမ်ရဲ့ နံရံ၊ အတွင်းခန်း၊ အသုံးအဆောင်၊ အမိုး၊ စတဲ့ပြင်ဆင်မှုအားလုံးက အပြာရောင်ချည်း သာ ဖြစ်တဲ့အတွက် တစ်ခြားသီးသန့်ကမ္ဘာကြီးတစ်ခုကို ရောက် သွားသလို ခံစားရစေပါတယ်။
၃။ သက်တံ့ရောင်စဉ်လှိုင်းအိမ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုခမ်း နားတဲ့ ဒီဇိုင်းမဟုတ်ပေမယ့်လည်း အရောင်အသွေးစုံလင်အောင် ခြယ်သပေးထားတဲ့ အိမ်ရဲ့နံရံသစ်သားချပ်တွေက လှည့်မကြည့်မိ ရင် မနေနိုင်လောက်ကို ဆွဲဆောင်နိုင်ပါတယ်။ သာမန်ရိုးရှင်းတဲ့ အိမ်ကို အသက်ဝင်သွားစေခဲ့တဲ့ အရောင်ခြယ်သမှုပါပဲ။
၎။ မြင်းကျားတစ်ကောင်အလား အသက်ဝင်နေတဲ့ နေအိမ်ငယ် လေးပါ။ အဖြူရောင်နဲ့ အနက်ရောင်ကို မြင်းကျား အရောင်ကျား တွေကို သုတ်ခြယ်ပေးထားပါတယ်။ ရိုးရှင်းတဲ့ ကာလာ နှစ်ရောင်စပ် က အိမ် နီးနားချင်းတွေကို ထူးခြားတဲ့အမြင်နဲ့ဆွဲဆောင်စေပါတယ်။
၅။ တစ်ထပ်တိုက်လုံးချင်းအိမ်ငယ်လေးကို အလင်းဖက်သန်းစေတဲ့ အရောင်ရွေးချယ်မှုအတွက် အဝါရောင်နဲ့ အဖြူရောင်တို့ကို ရောစပ် သုတ်ပေးထားပါတယ်။ ကြည့်လိုက်တာနဲ့တင် ထင်းကနဲဖြစ်သွားစေ မှာပါပဲ။ လှပသတ်ရပ်ပြီး စိတ်ကူးထဲက အိမ်ငယ်လေးကို တကယ့် လက်တွေ့မှာအကောင်အထည်ဖော်ထားသယောင် ဒီဇိုင်းဆွဲတည် ဆောက်ပေးထားတာပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)