ဆင်းရဲသား ပပျောက်ရေး မြေကွက်ဖော်ရာတွင် အမှန်တကယ် နေထိုင်သည့် သူများ မရဟု ဆို

ဆင်းရဲသား ပပျောက်ရေး မြေကွက်ဖော်ရာတွင် အမှန်တကယ် နေထိုင်သည့် သူများ မရဟု ဆို - Property News in Myanmar from iMyanmarHouse.com
5 Feb 2015 10:01 am တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် အရှေ့ပိုင်း၊ လေးထောင့်ကန် ရပ်ကွက်၌ ဆင်းရဲသား ပပျောက်ရေး အတွက် မြေကွက်များ ဖော်ဆောင် ရာတွင် အဆိုပါ ရပ်ကွက်၌ အမှန် တကယ် နေထိုင်သည့် မရှိ ဆင်းရဲသားများ မရ၍ ရပ်ကွက်နေ ပြည်သူ များမှ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဆင်းရဲသား ပပျောက်ရေး ခေါင်းစဉ် အောက်ကနေ ဆင်းရဲတဲ့ သူတွေကို မပေးဘဲ ရှိပြီးသားသူ တွေကို ပေးတယ်။ သူတို့ အမျိုးအနွယ်တွေ ပတ်သက်ရာ ပတ်သက်ကြောင်း တွေကို ပေးတယ်။ မန္တလေးတို့၊ လားရှိုး တို့လို အဝေးကနေ ခုနစ်ရက် ဧည့်စာရင်းနဲ့ နေတဲ့ သူတွေ ကိုတော့ ပေးတယ်။ ဒီမှာ အမှန်တကယ် နေတဲ့ ဆင်းရဲသားတွေ ကိုတော့ နည်းနည်း ပါးပါးပဲ ချပေးတယ် ဟု အဆိုပါ ရပ်ကွက်နေ မဖြူစင်က ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် မြေကွက် (၁၂၄) ကွက် ဖော်ဆောင် ခဲ့ပြီး အမှန်တကယ် နေထိုင်သည့် ဆင်းရဲသား ပြည်သူ (၂၃) ဦးသာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ် များကြောင့် ရပ်ကွက်နေ ပြည်သူ များက ဆန္ဒ ထုတ်ဖော်ရန်အတွက် ဇန်န၀ါရီလ (၃၀) ရက်နေ့၌ ဒဂုံ မြို့သစ် အရှေပိုင်း ခရိုင် ရဲစခန်းတွင် ခွင့်ပြုချက် တင်ခဲ့ရာ မရရှိ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်းသိ ရသည်။

မြေကွက်တွေ ဖော်ဖို့ (၄၅) ရက် အတွင်း လျှောက်လွှာတွေကို တင်ခိုင်းခဲ့တယ်။ အကုန်လုံးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဆီ ပူးတွဲ တင်ပေး လိုက်တယ်။ ပြီးတော့ (၁၂၄) ကွက်ကို မဲနှိုက်ပေး ခဲ့တယ်။ လျှောက်လွှာတွေ တင်တုန်းက ဆင်းနွမ်းပါးတဲ့ သူတွေပဲ လျှောက်ကြပါ၊ ချမ်းသာတဲ့ သူတွေ မလျှောက်ကြပါနဲ့လို့ ပြောပေမယ့် ပါရင်လည်း ပါသွား မှာပေါ့ ဟု လေးထောင့်ကန် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကြီးက ပြောသည်။

အဆိုပါ ဒေသခံများ အနေဖြင့် ပွင့်လင်း မြင်သာမှု မရှိသော ရပ်ကွက် ဖြစ်မြောက်ရေး ကော်မတီ အလိုမရှိ၊ ပြည်သူများ၏ အကျိုးကို ဆောင်ရွက် ပေးမှု မရှိသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အလိုမရှိ၊ ပြည်သူအား အကြောင်းပြ လိမ်လည် စားသောက် နေသော အဖွဲ့ အစည်းများ အလိုမရှိ စသည့် အချက်များ အပါအ၀င် အချက် ခုနစ်ချက်အား ထုတ်ပြန်ခဲ့သည်။ ကျွန်မတို့က ဒီနေ့ကို ဆန္ဒပြမလို့ ပါပဲ။ သူတို့က ခွင့်ပြုချက်မပေးဘူး။ ကျွန်မတို့ကတော့ ခွင့်ပြုချက် မရမချင်း ထပ်ပြီးတော့ တင်ဦးမယ်။ ဆန္ဒတွေပြ သွားမယ် ဟု ဒေသခံ ဒေါ်ဝင်းတင်က ပြောသည်။

၂၀၁၀ ပြည့်နှစ်က လေးထောင့်ကန် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့ စည်းခဲ့သည်။ ထို့နောက် ရန်ကုန် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆင်းရဲသား ပပျောက်ရေး အတွက် ရပ်ကွက် ဖော်ဆောင်ရန် လယ်သမား ခြောက်ဦးထံမှ လယ် (၃၉ ဒသမ ၁၈၆) ဧကအား အလှူခံခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အကောင်ထည် ဖော်ရန် အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ကြောင်း သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service