၄၈ ကီလိုမီတာအရှည် ရှိသော လမ်းတစ် လျှောက် ကွဲအက်သံ တွေမြည်နေသော ရန်ကုန်မြို့ပတ် ရထားလမ်းက ရန်ကုန်မြို့တော် ကို ဝန်းရံထားပါသည်။ တညင်း ကုန်းဘက်သို့သွားရာလမ်းပေါ်မှာ၊ ရန်ကုန်မြို့ထဲ တစ်လျှောက် ပ လက်ဖောင်းတွေပေါ်မှာ အပြည့်နေရာယူထားသော လမ်းဘေး ဈေးသည်များအတွက် ပံ့ပိုးပေး နေသည့် ဆူညံစည်ကားနေသည့် ကုန်စိမ်းဈေးကြီးရှိပါသည်။ ထို စိတ်မသက်မသာစရာမြင်ကွင်း များကိုကျော်လွန်ပြီးနောက်မှာ တော့ မြေဩဇာကောင်းမွန်သော လယ်ကွင်းများအလယ်တွင် ယိုင် နဲ့နေသော တဲအိမ်များကိုတွေ့ရ မည်ဖြစ်ပါသည်။
ထိုရထားလမ်း ခရီးက ရန်ကုန်ကို ကျဉ်းမြောင်းသွားစေ သလို ခေတ်နောက်ပြန်ဆွဲသွား သကဲ့သို့ ဖြစ်စေပါသည်။ အမှန် တကယ်မှာတော့ တိုးတက်လာ ခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့ သည် ၁၉၈၃ ကရှိခဲ့သော လူဦး ရေထက်သုံးဆတိုးလာပြီး လူဦး ရေ ၇ ဒသမ ၄ သန်းအထိရှိလာ နေပါပြီ။ ထို့အပြင် ၂၀၁၁ မြန်မာ မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များလုပ်ကတည်းက နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအများအပြား မြန်မာသို့ စီးဝင်လာသည်ဟုလည်း ဆိုပါ သည်။ ၂၀၁၀ မှာ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်သာရှိ ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည် ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅ ဘီလီယံအထိရှိလာသည်။ လယ်ကွင်းတွေအတွက်လည်း အချိန်တွေ သိပ်မကျန်တော့။ အများစုက ထုတ်လုပ်မှုလုပ်ငန်း များအတွက် စက်မှုဇုန်တွေအဖြစ် မကြာမီစတင်ဖို့ သတ်မှတ်ပြီးသား မြေနေရာများဖြစ်နေကြပါပြီ။
မြို့ပြအချက်အချာနေရာမှာ တော့ ဆိုက်ကားအနှေးယာဉ်များ နေရာတွင် ဆူညံနေသော ကား ဟွန်းသံများဖြင့် အစားထိုးနေရာ ယူနေပါသည်။ ကိုလိုနီလက်ရာ အဆောက်အအုံတွေ ကြားမှာ ဘားတွေ၊ စားသောက်ဆိုင်တွေ ကလည်း မှိုလိုပေါက်လာနေ၏။ တချို့က ယိုင်နဲ့နေသော တိုက် ခန်းလှေကားတွေမှာကပ်လျက်၊ တချို့ဆိုင်များကတော့ ချောက လက်ရောင်ပေါက်နေသော ညို ညစ်ညစ်ရန်ကုန်မြစ်ဘေးက ဂို ဒေါင်တွေမှာ။ မိသားစုအတော် များများကတော့ မုန့်ဟင်းခါးကို လေဟာပြင်ဈေးတွေမှာ ချက်နေ ကြပြီး ၅၀ ကျပ်တန် စီးကရက် များကို ဈေးဆိုင်ရှေ့က အဖီလေး တွေမှာ ရောင်းနေကြသည်။ သို့ သော်လည်း ရုံးခန်းငှားရမ်းခက တော့ အာရှတိုက်မှာ ဈေးအကြီး ဆုံးဖြစ်သည်။ မိုးမျှော်အဆောက် အအုံတွေကြားမှာ တောင်ကုန်း ပေါ်က ရွှေတိဂုံစေတီက ယခု အချိန်ထိ အမြင့်ဆုံးဖြစ်နေသေး သော်လည်း ဆောက်လက်စ အဆောက်အအုံများဆီက ကရိန်း ကြီးတွေ၊ ငြမ်းတွေက ဖုန်တက် နေသော သွပ်မိုးဖြူဖြူ အိမ်တန်း တွေအထက်မှာ ရှိနေပါသည်။
တချို့ကတော့ သည်အရာ တွေဆုံးရှုံးမှာကို စိုးရိမ်ကောင်း စိုးရိမ်ပါလိမ့်မည်။ ကိုလိုနီ အ ဆောက်အအုံများကို Yangon Heritage Trust (YHT)ကိုတည် ထောင်သူ ဦးသန့်မြင့်ဦးက ရန်ကုန်က ဘယ်လိုမြို့တော်မျိုး ဖြစ်သင့်သည်ဆိုတာကို မြို့သူမြို့သားတွေ ဆွေးနွေးအဖြေရှာသင့်ပြီဟု ဆိုပါသည်။
‘‘အထူလား၊ ပြန့်ကျဲပြီးကား တွေကို အဓိကထားမလား။ ဘယ် လိုမျိုးကိုအကြိုက်ဆုံးလဲ။ ဒါနည်း ပညာမေးခွန်းတွေမဟုတ်ဘူး။ ဘာကို ကျွန်တော်တို့လိုချင်တယ် ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်း တွေပါ’’
သူတို့အဖွဲ့သည် တစ်စတု ရန်းမိုင်ရှိသော ရန်ကုန်မြို့ ဗဟို ဧရိယာထဲရှိ အဆောက်အအုံ ဟောင်း ၁,၀၀၀ ကျော်ကို ကာ ကွယ်စောင့်ရှောက်နေကြသည်။ ထိုအဆောက်အအုံများအနက် ၁၄၀ လောက်မှာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများ၊ ဗလီများ၊ ဟိန္ဒူ ကျောင်း၊ ဗုဒ္ဓဘာသာဘုရား ကျောင်းနှင့်ဂျူးဘုရားကျောင်းများဖြစ်ပါသည်။
အဆိုပါအဆောက်အအုံ အများစု၏ ပိုင်ဆိုင်မှုမှာလည်း ရှုပ်ထွေးပွေလိမ်နေ၏။ အချိန်ကြာကြာနေသူတွေက သူတို့ အထပ်ကို သူတို့ပိုင်ကောင်းပိုင်မည်။ သို့သော်လည်း အဆောက်အအုံနှင့်မြေကို ဗလီ၊ ဘုရားကျောင်းနှင့် တချို့မိသားစုများက ၁၉ ရာစုနှစ်များက ဥပဒေဖြင့် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်ကြမည်။ မြေပိုင်ဆိုင်မှုနှင့်ရောင်းချမှုကို လူတွေက သိပ်အရေးမထား။ လိုက်နာရ ခက်ခဲသည့်ဥပဒေဟောင်းများဖြင့် ထိန်းချုပ်ထား၏။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ခက်ခဲလှသည်။ ရန်ကုန်နှင့် နိုင်ငံတစ်ဝန်းမှာ မြေဈေးများတစ်ရှိန်ထိုး တက်နေခြင်းသည် ဝယ်သူတွေက ဈေးကြီးကြီးပေးဝယ်ထားပြီး နောက်ထပ်ဈေးကောင်းရအောင် စောင့်နေကြခြင်းကြောင့်လည်း ဖြစ်၏။ ထို့အပြင် စတော့မားကက်နှင့် ငွေကို မြှုပ်နှံနိုင်မည့်ခိုင်မာသည့်ဘဏ်စနစ်မရှိသောကြောင့် လူချမ်းသာတွေအတွက် ငွေကိုသိမ်းထားဖို့ နေရာများများမရှိ။
ယခင်ရန်ကုန်မြို့အဟောင်း ပုံစံလို ထိုထိန်းသိမ်းထားသော နေရာက လက်ရှိမြို့တော်၏ အနည်းအကျဉ်းလောက်သာရှိပြီး ကျန်နေရာများကို ဖွံ့ဖြိုးတိုးတက်မှုများအတွက် နေရာပေးထားသည်။ ဂျပန်အစိုးရအကူအညီ ပေးရေးအေဂျင်စီ (JICA) က ရန်ကုန်ကို (၂၅)နှစ်အတွင်း တိုးတက်လာရေးအတွက် အဓိကစီမံကိန်းကိုရေးဆွဲထား၏။ ထိုအစီအစဉ်ကို တချို့က အင်ဂျင်နီယာတစ်ဦး၏ ဖွံ့ဖြိုးရေးစီမံကိန်းဟု မြင်ကြသလိုတချို့ကလည်း ဂျပန်ကုမ္ပဏီများကို အခွင့်အရေးများ ပေးထားခြင်းဟုထင်ကြသည်။ သို့သော် ဘာမှမရှိတာထက်စာ လျှင် အငြင်းပွားစရာမြို့ပြစီမံ ကိန်းလေးတစ်ခုရှိနေတာက တော်ပါသေးသည်။
အသက် (၂၅)နှစ်ရှိ ကိုထက် မြတ်ဦးက အင်္ဂလန်အရှေ့မြောက် ပိုင်းမှာ ကြီးပြင်းခဲ့ပြီး တက္ကသိုလ် ကျောင်းပြီးသည့်အခါ ရန်ကုန်သို့ ပြန်လာခဲ့သည်။ ယခုအခါ ရန်ကုန် မှာ ချစ်ရန်ကုန်တီးဟောက်စ်ကို ပိုင်ဆိုင်သူဖြစ်ပါသည်။ သူက တစ်ခါတလေ ရေရှည်စီမံကိန်းများက ရေတိုပြင်ဆင်နိုင်စရာများကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။ ယာဉ်ကြောပိတ်တာကို သက်သာအောင် ခုံးကျော်တံတား များဆောက်လုပ်မည့်အစား မီး ပွိုင့်တွေကို ပြင်လိုက်ရုံဖြင့်ရသည် ဟု ကိုထက်မြတ်ဦးက ပြောပါ သည်။
ထို့အတူ အမှိုက်စွန့်ပစ်မှုက လည်း ရေရှည်ပြဿနာထဲတွင် ပါဝင်သည်။
‘‘ဒါပေမဲ့ မြို့အနှံ့မှာ အမှိုက် ပုံးတွေပိုချထားလိုက်ရင် ဘယ်သူ့ ကိုမှ မထိခိုက်တော့ဘူးလေ’’
တစ်ခါကလည်း ရေအဓိက ပေးနေသည့်နေရာအနားက ပိုက် ပေါက်သဖြင့် သူတို့ဆိုင်မှာ ရေ သုံးရက်လောက်ပြတ်သွားခဲ့ရာ ဆိုင်မပိတ်လို၍ တစ်ရက်လျှင် ရေ ၅၀၀ လီတာခန့် ရေဘူးများ သုံးစွဲခဲ့သည်ဟု သူက ပြောသည်။
ထို့အတူ အများပိုင်ရေပေး ဝေ ရေးစနစ်ကလည်း ရန်ကုန်တစ် မြို့လုံးကို အနှံ့ပေးနိုင်ခြင်းမရှိ။ အများစုက မိုးရေ၊ ရေကန်နှင့် ရေ တွင်းများကို အားကိုးနေရသည်။ တခြားအခြေခံအဆောက်အအုံ များကတော့ နည်းနည်းကောင်းပါ သေးသည်။ ရေနုတ်မြောင်းများ ကလည်း ၁၉၈၈ စတင်တည် ဆောက်ကတည်းက အဆင့်မြင့် မွမ်းမံမှုလုပ်ခဲ့ပါသည်။ မြို့တော် လူဦးရေဆယ်ပုံတစ်ပုံအောက် သာ အသုံးပြုနိုင်ပါသည်။ လျှပ် စစ်မီးကလည်း အားကိုးလို့မရ။
ဟိုတယ်တစ်ခုကိုပိုင်ဆိုင်ပြီး အခြားအဆောက်အအုံဟောင်း တစ်ခုကို ပြင်ဆင်နေသော ဒေါ်ခင်စန္ဒာဝင်းက သူ၏လုပ်ငန်းသည် မြို့အသေးတစ်ခုကို ကိုယ်တိုင်စီမံ နေရသည်နှင့်တူကြောင်း ပြော ကြားပါသည်။ အဘယ်ကြောင့် ဆိုသော် သူတို့လို လုပ်ငန်းရှင် များသည် မြူနီအစိုးရဌာနတွေက တခြားနေရာတွေမှာလုပ်နေကြ သလို အညစ်အကြေးကအစ လျှပ်စစ်မီးအဆုံး ကိုယ့်ဘာသာ လုပ်နေရပါသည်။
မြင့်မားလာသော အိမ်ငှားခ များက နေတာကြာပြီဖြစ်သော မြို့ထဲက အိမ်ငှားများကို မြို့ပြင် သို့ပြောင်းရွှေ့စေပါသည်။ ထိုလူ များမှာ အလုပ်အကိုင်အတွက် ရန်ကုန်ကို နယ်ကတက်လာသော လူသစ်များနှင့် ထိုနေရာများမှာ အတူနေကြရပါသည်။ ကိုထက် မြတ်ဦးကတော့ ရန်ကုန်အတွက် စိတ်ပူနေပါသည်။
‘‘မွမ်ဘိုင်းတို့၊ ဒါကာတို့လို ဖြစ်လာနိုင်တယ်။ လူတွေအရမ်း များတာနဲ့ ရှုပ်ထွေးညစ်ပွတာကို ပြောတာပါ’’
နောက်အန္တရာယ်တစ်ခုက တော့ လက်ရှိတိုင်းပြည်၏ နိုင်ငံ ရေးပြောင်းလဲမှုများ ရပ်ကောင်း ရပ်သွားပါက (သို့မဟုတ်)ပိုဆိုး လာပါက ရင်းနှီးမြှုပ်နှံမှုနှင့် အကူ အညီများပြတ်ကောင်းပြတ်သွား နိုင်ပါသည်။
ထို့ကြောင့် တစ်နည်းအား ဖြင့် နောင်လာမည့် အနှစ် ၅၀ တွင် YHT အနေဖြင့် ကိုလိုနီခေတ် အဆောက်အအုံတွေကို ထိန်း သိမ်းသလိုမျိုး တစ်ချိန်ကနိုင်ငံရေး ပြုပြင်မှုလုပ်ခဲ့စဉ်တုန်းက နိုင်ငံ တကာအကူအညီများရခဲ့ကြောင်း အမှတ်တရပြသစရာအဖြစ် ၂၁ ရာစုနှစ်လက်ရာမှန်တွေနှင့် မိုး မျှော်အဆောက်အအုံကြီးများကို လည်း ထိန်းသိမ်းကာကွယ်မှုတွေ လုပ်ကောင်းလုပ်ရပေဦးမည်။
Credit: 7 day daily