အိမ်၊ မြေ ပေါင်နှံသူများ ဥပဒေ နားမလည်သည့် အတွက် နစ်နာမှုများ ကြုံရ

အိမ်၊ မြေ ပေါင်နှံသူများ ဥပဒေ နားမလည်သည့် အတွက် နစ်နာမှုများ ကြုံရ - Property News in Myanmar from iMyanmarHouse.com
23 Jan 2015 10:04 am တွင် တင်ခဲ့သည်
3462 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ အိမ်ခြံမြေ ဈေးကွက် အတွင်း အိမ်ခန်း၊ တိုက်ခန်း၊ မြေ ကွက်များကို ပေါင်နှံလျက် ငွေကြေး ချေးယူရာတွင် ငွေရှင်အများစုက စာချုပ်စာတမ်း ချုပ်ဆိုရာ၌ အားသာ ချက်များ ရယူချုပ်ဆိုခြင်း၊ မြေရှင်၊ အိမ်ရှင်များအနေဖြင့်လည်း အပေါင် ပစ္စည်းဖြင့် ငွေရှင်းမှုအတွက် ပြဋ္ဌာန်း ထားသည့် ဥပဒေများကို စေ့စေ့ငင နားလည်မှု အားနည်းခြင်း စသည် တို့ကြောင့် ပိုင်ရှင်များဘက်မှ ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေများ နှင့် အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

”အိမ်ဈေးတွေကလည်း တက် လာတော့ ငွေရှင်တွေက အိမ်ကို အရင်ပေါင်ထားတဲ့ ဈေးနဲ့တင် သိမ်း ချင်ကြတယ်။ မြေရှင်တွေဘက်က လည်း စပေါင်ခါစ အရောင်းအဝယ် စာချုပ်ချုပ်တဲ့ အချိန်မှာကတည်းက မှတ်ချက်အနေနဲ့ နှစ်အပိုင်းအခြား တစ်ခုအတွင်း သူ့ကိုပဲ တန်ဖိုး သတ်မှတ်ချက်တစ်ခုနဲ့ ပြန်ရောင်း ပေးရမယ်ဆိုတဲ့ အချက်ကလေး တစ်ခုကို ထည့်သွင်းချုပ်ဆိုထား ရမယ်။ မဟုတ်ရင်တော့ အိမ်မြေ ဆုံးသွားတာများတဲ့အပြင် တရားမ မှုတွေနဲ့ အပြန်အလှန်စွဲရမှာ ဆို တော့ အမှုကြာနိုင်တယ်။ ငွေရှင် တွေက ဥပဒေအသာစီးယူပြီး စာချုပ် စာတမ်းတွေနဲ့ အပိုင်ချုပ်တာရယ်။ မြေရှင်၊ အိမ်ရှင်တွေကလည်း ငွေရ လိုမှု တစ်ခုတည်းနဲ့ အလွယ် လက်မှတ်ထိုးမိတာကြောင့် နစ်နာ တဲ့သူ အများစုက မြေရှင်၊ အိမ်ရှင် တွေ များတယ်”ဟု ဝါရင့် တရား လွှတ်တော်ရှေ့နေကြီး ဦးထွန်းအေး က ပြောသည်။

မိမိတို့ ပိုင်ဆိုင်သည့် အိမ်၊ ခြံ၊ တိုက်ခန်းများကို နိုင်ငံပိုင်ဘဏ် များ၊ ပုဂ္ဂလိကပိုင် ဘဏ်များတွင် သွားရောက်ပေါင်နှံမည်ဆိုပါက အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းသာ ရှိသော်လည်း ပိုင်ဆိုင်မှု စာရွက်စာတမ်းများ အပြင် လုပ်ငန်းဝင်ငွေများပါ ထည့် သွင်းဖော်ပြရခြင်း၊ ယင်းလုပ်ငန်း များမှ နှစ်ချုပ်စာရင်းဇယားများကို တင်ပြရသည့်အပြင် မီတာ၊ မြေခွန် ဆောင်သည့် စာရွက်စာတမ်းများ ကိုပါ ထည့်သွင်းတင်ပြခြင်းတို့ ပြုရ ကြောင်း၊ ထိုသို့ တင်ပြရာတွင် စာရွက်စာတမ်း အထောက်အထား မြောက်မြားစွာ တောင်းဆိုခြင်း၊ စစ်ဆေးချိန် ကြာမြင့်ခြင်း စသည် တို့ရှိသည့်အတွက် ငွေကြေး အမြန် လိုအပ်နေသည့် အိမ်ရှင်၊ မြေရှင်တို့ အနေဖြင့် မိတ်ဆွေအချင်းချင်း ငွေ လှည့်ခြင်းဖြင့်သော်လည်ကောင်း၊ ငွေရှင်များနှင့် ချိတ်ဆက်၍သော် လည်းကောင်း ပေါင်နှံမှုများ အများ အပြားရှိကြောင်း၊ ယခုကဲ့သို့ အိမ်ခြံ မြေဈေးကွက် အေးနေချိန်တွင် အိမ် ခြံမြေများကို ဈေးကွက်ပေါက်ဈေး ၏ ထက်ဝက်ပမာဏဖြင့် အပေါင် ထားကာ ငွေလှည့်သုံးသည့် အလေ့ အထများကြောင့် အရှုပ်အရှင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

”အခုနောက်ပိုင်း အပေါင်ခံတဲ့ လူတွေက အရောင်းအဝယ်စာချုပ် လည်း ချုပ်ခိုင်းတယ်။ GP လည်း လုပ်ခိုင်းတဲ့အပြင် မူရင်းဂရန်ကို လည်း ယူထားတဲ့အတွက် ပိုင်ဆိုင် သွားတာ သေချာသလောက်ဖြစ် လို့ ဖြစ်နိုင်ရင် အိမ်ရှင်၊ မြေရှင်တွေ ကို GP လွှဲပေးတာမျိုး မလုပ်စေ ချင်ပါဘူး။ တကယ်လို့ မဖြစ်မနွေဏ လွှဲပေးမှ ဖြစ်မှာမို့ လုပ်ပေးရ မယ်ဆိုရင်လည်း စာချုပ်ထဲမှာ ပိုင်အောင် ထည့်ချုပ်စေချင်တယ်” ဟု ဦးထွန်းအေးက ပြောသည်။

အိမ်ခန်း၊ မြေကွက်များကို အပေါင်ထားရာတွင် အရပ်စာချုပ် များဖြင့် နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုလျက် အတိုးရယူခြင်းသည် မြန်မာနိုင်ငံ ငွေချေးငှားခြင်း အက်ဥပဒေနှင့် အကျုံးမဝင်သည့် အတွက် ငွေရှင်များနှင့် အိမ်ပေါင် သူများအကြား အပေါင်ပစ္စည်းဖြင့် ငွေချေးရာတွင် အိမ်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီး ¤င်းအိမ်တွင်ပင် မူလနေထိုင်သူများကို မေတ္တာဖြင့် နေထိုင်ခွင့်ပေးခြင်း၊ စာချုပ်များ ပြန်လည်ချုပ်ဆိုပြီး အတိုးနှုန်းများ ကို နှစ်ဦးနှစ်ဖက်ကျေနပ်သည့် နှုန်း ထား သတ်မှတ်၍ ပေါင်နှံကြခြင်း ဖြစ်ကြောင်း၊ ငှားရမ်းကာလအား အများဆုံး တစ်နှစ်နှင့် အတိုးနှုန်းကို ကျပ် ၁ဝဝ လျှင် ငွေ ငါးကျပ်နှုန်း သတ်မှတ်ကာ အပေးအယူလုပ်ကြ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ သိရသည်။

”လူနေရင် ငွေရှင်တွေက ငွေ မချေးတာ များတယ်။ ချေးမယ်ဆို ရင်လည်း အတိုးက ရှစ်ကျပ်ယူ တယ်။ ပုံမှန်ကတော့ ငါးကျပ်ယူ တယ်။ အရောင်းအဝယ်စာချုပ်၊ Special Power မရရင် General Power တောင်းတယ်။ အများဆုံး ပေးတာကတော့ ဈေးကွက်ထဲမှာ ရှိတဲ့ ပေါက်ဈေး၊ တကယ်ရရမယ့် အိမ်တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းပဲ ထုတ်ချေးပေးတာ များတယ်။ ကျွန်တော့အတွေ့အကြုံအရတော့ မြေရှင်၊ အိမ်ရှင်တွေဘက်ကသာ ဆုံးရှုံးသွားပြီး ဘာမှ ပြန်မလုပ်နိုင် တာများတယ်”ဟု အေးရိပ်စံ အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန်က ပြောသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service